ႏွစ္ေလာင္းျပိဳင္ လူသတ္မႈ မ်က္ျမင္တစ္ေယာက္ေျပာျပတဲ႔ ျဖစ္စဥ္အမွန္

0
68

Zawgyi

ေတာင္ငူျမိဳ႕သစ္ ပိုင္အိုးနီးယားစားေသာက္ဆိုင္အနီး ယေန႕ နံနက္ ၉ နာရီဝန္းက်င္ ၂ေလာင္းျပိဳင္ လူသတ္မႈ ျဖစ္ပါတယ္။

ေၾကးစားေတြက…မေသမခ်င္းကို႐ိုက္သတ္တာကြာ စိတ္မေကာင္းဘူး ဆြဲမရ ေအာ္မရနဲ႔ေကာင္မေလးကေတာ့လြတ္သြားတယ္ ကေလးမေလးဆိုတာ အ႐ူးၾကေနတာပဲေအာ္ေအာ္ငိုတာကြာ လို႔ ဆိုပါတယ္။

အနီးနားရိွ လူေတြက ၀င္ေရာက္ တားဆီး ျပန္လည္ ရိုက္ႏွက္တာမ်ိဳးမလုပ္ပဲ Video ရိုက္ျပီး Fb ကို သူ႔ႏွင္႔ ငါ အျပိဳင္ post တင္ျပဖို႔ ေဆာင္ရြက္ေနေၾကာင္း ေတြ႔ရိွရပါတယ္။

ေတာင္​ငူမွာ အရိုက္​ခံရရင္​း​ေသခ့ဲရတဲ့ စံုတြဲပါ

သူ႔အမ်ိဳးသားကိုယ္ေပၚမွာ ေမွာက္ခ်ကာကြယ္ရင္း သူပါ အေသခံသြားတဲ့ အမ်ိဳးသမီး… အသက္ထက္ခ်စ္တယ္ဆိုတဲ့ စကားက အလကားမဟုတ္ပါလားေနာ္… အမရာ၊ ကိႏၷရီ၊ မဒၵီ၊ သမၻဴလလို ေတာ္ေလးဝဝင္တဲ့ အမ်ိဳးသမီးပါပဲ

ျငိမ္းခ်မ္းစြာ အနားယူႏိုင္ပါေစ

ဟုတ္က့ဲ

ေသသူကေရတပ္က ဗိုလ္မွဴးအျငိမ္းစားနဲ႔ဇနီး

သတ္တ့ဲလူက ေျခလ်င္တပ္ထြက္သားအဖ ဖေအက တပ္မွာထဲက ေဂါက္ေတာက္ေတာက္တေယာက္ပါ။ေျမကြက္ဝယ္ထားတာသက္တန္းတိုးဖို႔လက္မွတ္လာထိုးရင္းျဖစ္တာ

အဲဒီအခ်ိန္က က်ေနာ္အနားမွာရွိပါတယ္။ျဖစ္ေတာ့မယ္ဆိုတာနဲ႔ အနားကေန video ရိုက္ေနတ့ဲလူသံုး/ေလး ေယာက္ကိုက်ေနာ္ကသြားခြဲဖို႔ေခၚပါတယ္။က်ေနာ္တစ္ေယာက္ထဲဆိုရင္သူတို႔မိသားစုအုပ္ကမ်ားေတာ့မနိုင္ဘူးေလ။

Video ရိုက္ေနတ့ဲလူေတြက ကူညီရမ့ဲအစား video ရိုက္မပ်က္ဘုး။တေယာက္မွေခၚလို႔မရဘူး ဒါနဲ႔ က်ေနာ္ရဲစခန္းေျပးျပီး ရဲကိုေခၚျပီး ျပန္ေရာက္လာေတာ့ လင္မယားႏွစ္ေယာက္အသက္မရွိေတာ့ဘူး

ကဲျဖစ္စဥ္ ျဖစ္တံုးက အနားမွာရွိတ့ဲ လူတေယာက္လွမ္းေျပာတာပါ။

Unicode

တောင်ငူမြို့သစ် ပိုင်အိုးနီးယားစားသောက်ဆိုင်အနီး ယနေ့ နံနက် ၉ နာရီဝန်းကျင် ၂လောင်းပြိုင် လူသတ်မှု ဖြစ်ပါတယ်။

ကြေးစားတွေက…မသေမချင်းကိုရိုက်သတ်တာကွာ စိတ်မကောင်းဘူး ဆွဲမရ အော်မရနဲ့ကောင်မလေးကတော့လွတ်သွားတယ် ကလေးမလေးဆိုတာ အရူးကြနေတာပဲအော်အော်ငိုတာကွာ လို့ ဆိုပါတယ်။

အနီးနားရှိ လူတွေက ဝင်ရောက် တားဆီး ပြန်လည် ရိုက်နှက်တာမျိုးမလုပ်ပဲ Video ရိုက်ပြီး Fb ကို သူ့နှင့် ငါ အပြိုင် post တင်ပြဖို့ ဆောင်ရွက်နေကြောင်း တွေ့ရှိရပါတယ်။

တောင်​ငူမှာ အရိုက်​ခံရရင်​း​သေခဲ့ရတဲ့ စုံတွဲပါ

သူ့အမျိုးသားကိုယ်ပေါ်မှာ မှောက်ချကာကွယ်ရင်း သူပါ အသေခံသွားတဲ့ အမျိုးသမီး… အသက်ထက်ချစ်တယ်ဆိုတဲ့ စကားက အလကားမဟုတ်ပါလားနော်… အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဘူလလို တော်လေးဝဝင်တဲ့ အမျိုးသမီးပါပဲ

ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ

ဟုတ်ကဲ့

သေသူကရေတပ်က ဗိုလ်မှူးအငြိမ်းစားနဲ့ဇနီး

သတ်တဲ့လူက ခြေလျင်တပ်ထွက်သားအဖ ဖအေက တပ်မှာထဲက ဂေါက်တောက်တောက်တယောက်ပါ။မြေကွက်ဝယ်ထားတာသက်တန်းတိုးဖို့လက်မှတ်လာထိုးရင်းဖြစ်တာ

အဲဒီအချိန်က ကျနော်အနားမှာရှိပါတယ်။ဖြစ်တော့မယ်ဆိုတာနဲ့ အနားကနေ video ရိုက်နေတဲ့လူသုံး/လေး ယောက်ကိုကျနော်ကသွားခွဲဖို့ခေါ်ပါတယ်။ကျနော်တစ်ယောက်ထဲဆိုရင်သူတို့မိသားစုအုပ်ကများတော့မနိုင်ဘူးလေ။

Video ရိုက်နေတဲ့လူတွေက ကူညီရမဲ့အစား video ရိုက်မပျက်ဘုး။တယောက်မှခေါ်လို့မရဘူး ဒါနဲ့ ကျနော်ရဲစခန်းပြေးပြီး ရဲကိုခေါ်ပြီး ပြန်ရောက်လာတော့ လင်မယားနှစ်ယောက်အသက်မရှိတော့ဘူး

ကဲဖြစ်စဉ် ဖြစ်တုံးက အနားမှာရှိတဲ့ လူတယောက်လှမ်းပြောတာပါ။