ချစ်မေမေပြောတဲ့ ချစ်ရည်းစား ထားနည်းလေတွေနော် တော်တော်မိုက်တယ်နော်

0
85

သားရေ ရည်းစားထားတော့မယ်ဆိုရင်

ထုံတုံတုံ အုံတုံတုံ အူတူတူ ထူတူတူမိန်းကလေးမျိုးကိုရှာမလာနဲ့

အမေ မကြိုက်ဘူး

သူများက တထွာလောက်ပြရင် တမိုင်လောက်ကြိုမြင်တဲ့သူမျိုးကိုရှာပါ

ရိုးရိုးယဉ်ယဉ် အိနြေ္ဒရှင်လည်းဖြစ်စရာမလိုဘူး

နန့်တယ် ပျံတယ်ဆိုတာ ငယ်တုံး အပျိုဘဝမှာပဲ လုပ်လို့ရတာ

ကြိုက်သလောက် နန့်စမ်း

ငယ်တုံး မှာ မီးကုန် ယမ်းကုန် အသားကုန်ကဲခဲ့တဲ့သူဟာ

အသက်အရွယ်တခုကိုရောက်လာရင် အလိုလို ငြိမ်သွားရော

အမေ့သာကြည့်😜😜😜

အသက်ကြီးမှ ထကဲရတဲ့သူများကြတော့

ငယ်ငယ်က မလုပ်ခဲ့ရတာတွေကို ကြီးမှ အသစ်အဆန်း ဖြစ်နေတဲ့အတွက် ထိန်းမရ သိမ်းမရbrake မရှိတတ်တာတွေများတယ်

နောက်ပြီး စကားပြောရင်

အိနြေ္ဒမရ ခြေမငြိမ် လက်မငြိမ် ဂနာမငြိမ်တဲ့သူမျိုးကိုရှောင်ပါ

ခေါင်းကုတ် ဖင်ကုတ် နှာခေါင်းနှိုက် ဆံပင် တယမ်းယမ်း မိန်းမမျိုးကိုလည်း မကြိုက်ဘူး

သွက်လက်တာနဲ့ ဂနာမငြိမ် တာ တခြားစီ ပဲ သားရေ

ယောက်ကျားလေးတွေရှေ့ရောက်ရင်

ရှက်သလိုလို ကြောက်သလိုလိုအလကားနေရင်း အရှက်ကြီးနေတာမျိုးကို အမေ မကြိုက်ဘူး

စကားပြောတဲ့အခါ တဖက်သူရဲ့ စကားအပေါ် စိတ်ဝင်တစားအာရုံစိုက်ပြီး နားထောင်တဲ့သူများရဲ့ မျက်လုံးထဲကို စေ့စေ့ကြည့်ပြီး စကားပြောတတ်တဲ့ မိန်းကလေးဆိုရင်တော့warmly welcome ပါ

အိမ်ထောင်ပြုတဲ့အခါ လည်း မောင်ကတထမ်းဆို မယ်က နှစ်ရွက် သုံးရွက် ရွက်နိုင်တဲ့ သူမျိုးကိုရှာပါ

ခုခေတ်မှာ ယောက်ကျားတယောက်တည်း အိမ်ထောင့်တာဝန်ထမ်းရရင်

ပင်ပန်းလိမ့်မယ် သားရေ

ကိုယ့်အဖေက ဦးတေဇလည်း မဟုတ် ဦးဇော်ဇော်လည်းမဟုတ်ဘူး

ထမင်းဟင်းတွေ ထိုင်ချက်နေစရာမလိုဘူး

မချက်ချင် ဝယ်စားလို့ရတယ်

အိမ့်ထောင့်တာဝန်ကို ကိုယ်မလုပ်ချင်ရင်တောင် ဘယ်လို control လုပ်ရမလဲဆိုတာသိနေရမယ်

နောက်ပြီး စာဖတ်တဲ့ အလေ့အကျင့် ရှိမှလည်း ဖြစ်လိမ့်မယ်

အတွေးအခေါ် ဗဟုသုတ ခံယူချက်တွေဟာ စာမဖတ်တဲ့သူနဲ့ ယှဉ်လိုက်ရင် တအားကွာတာကို သိရလိမ့်မယ်

အိမ်ထောင်ကျ ကလေးရတာနဲ့ကိုယ်က ကလေးအမေပဲလေဆိုပြီး ပစ်စလက်ခတ် နေတတ်သူမျိုး ကိုလည်းရှာမလာနဲ့

မိန်းမတယောက်ဟာ အသက်ကြီးသည်အထိ ကိုယ့်ကိုယ်ကို သန်ရှင်း သပ်ရပ်အောင် လှပအောင် ပြင်နေချင်ရမယ်

အဲ့တာ ဘယ်သူ့အတွက်မှမဟုတ်ဘူး

ကိုယ့်ကိုယ် ကိုအတွက် ပဲ

နောက်ပြီး မိန်းမ တယောက်ဟာ

ကိုယ့်အိမ်ထောင် ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းကောင်း organized လုပ်နိုင်ရမယ်

ယောက်ကျား နောက်က နောက်လိုက်လုပ်နေမဲ့ ပြောလိုက်ရင် မသိဘူးလေ ဆိုတဲ့ မိန်းမ မျိုးကို လည်းမကြိုက်ဘူး

ကိုယ်ကိုယ်တိုင်က admire ဖြစ်ရမဲ့သူမျိုးကိုရှာပါ

အမေ မကြိုက်တာတွေနဲ့ မှ ကိုက်ညီနေပါတယ်ဆိုရင်လည်း အမေနဲ့ ဝေးးဝေးသာနေပါ

နို့မို့ မြန်မြန်အသက်တိုလိမ့်မယ်။crd