အကယ္ဒမီေပးပြဲကို ႏွစ္တိုင္းတက္ေနတာမို႔ ဒီႏွစ္လည္း တက္မွာပါဆိုတဲ့ ေက်ာ္ေက်ာ္နႏၵ…

0
87

အကယ္ဒမီဆုေပးပဲြတက္ျဖစ္မယ္ဆုိတဲ့ ေက်ာ္ေက်ာ္နႏၵ

အကယ္ဒမီေပးပြဲတက္ေရာက္ဖုိ႔ ဖိတ္ၾကားထားတဲ့ ဖိတ္စာေတြထဲက ပြဲတက္ခံုနံပါတ္တစ္ခုဟာ ပယ္စာရင္းျဖစ္ေၾကာင္း ရုပ္ရွင္အစည္းအရံုးကေန ယေန႔ညေနမွာ ထုတ္ျပန္လုိက္ပါတယ္။အဲဒီထုတ္ျပန္လုိက္တဲ့ ခံုနံပါတ္ပိုင္ရွင္ဟာ Facebook ေပၚမွာ အမ်ားျပည္သူေျပာဆိုခ်က္ေတြအရ အဆိုေတာ္ ေက်ာ္ေက်ာ္နႏၵ ျဖစ္ပါတယ္

ဒါနဲ႔ပတ္သက္ၿပီး အကုန္သိသတင္းဌာနက ဆက္သြယ္ေမးျမန္းရာမွာေတာ့ “အကယ္ဒမီေပးပြဲတက္မွာပါ။ ဝတ္စံုကေတာ့ စီစဥ္ၿပီးပါၿပီ။ ဒါေပမယ့္ ေအးေအးေဆးေဆးတည္တည္ပဲ ဝတ္မွာပါ။ ဘာလုိ႔လဲဆိုေတာ့ ကိုယ့္ေလာကသားေတြရဲ႕အထြဋ္အထိပ္္ထားရတဲ့ ပဲြလည္းျဖစ္ေနလုိ႔ပါ။ ကၽြန္ေတာ္က အကယ္ဒမီ တက္တယ္ဆိုတာ လြန္ခဲ့တဲ့ႏွစ္ေတြကလည္း တက္ထားတယ္။ ၿပီးေတာ့ ကိုယ္တို္င္ကလည္း အရင္တုန္းက ပံုရိပ္ေတြရိွခဲ့တယ္ေလ။ ရုပ္ရွင္ကားေတြလည္းရိုက္ဖူးတယ္။ ျဖတ္ေလွ်ာက္ဘဝကေနလည္း လုပ္ဖူးတယ္ဆိုတာ ကၽြန္ေတာ္နဲ႔ပတ္သက္ဖူးတဲ့သူေတြ သိမွာပါ။ ခုမွ ဆယ္လီထျဖစ္လို႔တက္တာလည္း မဟုတ္ဘူး။ ႏွစ္တိုင္းတက္ေနတာပါ။ လူမႈကြန္ရက္မွာၾကည့္မယ္ဆုိရင္လည္း ကၽြန္ေတာ္ ႏွစ္တိုင္းတက္ထားတဲ့ပံုေတြကို ေတြ႔မွာပါ။

ကၽြန္ေတာ္ကေတာ့ ရိုးရိုးသားသားေအးေအးခ်မ္းခ်မ္းေလးနဲ႔ တက္မွာပါ။ ဖက္ရွင္ပုိင္းကေတာ့ ဝတ္စံု ေမတိုးလင္း စီစဥ္ေပးထားတာပါ။ ဖိနပ္ကေတာ့ KMM ကပါ။ မိတ္ကပ္ကေတာ့ ခင္စန္းဝင္း ျဖစ္ပါတယ္” လို႔ ေက်ာ္ေက်ာ္နႏၵက ေျဖၾကားပါတယ္။

ေက်ာ္ေက်ာ္နႏၵဟာဆိုရင္ “ဆက္ပက္” အမည္ရွိ သႀကၤန္ေတးသီခ်င္းတစ္ပုဒ္နဲ႔ Facebook စာမ်က္ႏွာထက္မွာ လူသိမ်ားလာသူတစ္ဦးျဖစ္ၿပီး ေ၀ဖန္မႈမ်ားနဲ႔ ရင္ဆိုင္ေနရသူျဖစ္ပါတယ္။

ဒါ့အျပင္ သူဟာ အကယ္ဒမီေပးပြဲကိုလည္း က်ပ္သိန္း ၅၀၀၀ တန္ စိန္လက္စြပ္၀တ္ၿပီး တက္ျဖစ္မွာျဖစ္တယ္လုိ႔ မီဒီယာတစ္ခုကို ေျဖၾကားထားပါေသးတယ္။

– မ်ိဳးေကခိုင္(အကုန္သိသတင္းဌာန)

Unicode

အကယ်ဒမီဆုပေးပွဲတက်ဖြစ်မယ်ဆိုတဲ့ ကျော်ကျော်နန္ဒ

အကယ်ဒမီပေးပွဲတက်ရောက်ဖို့ ဖိတ်ကြားထားတဲ့ ဖိတ်စာတွေထဲက ပွဲတက်ခုံနံပါတ်တစ်ခုဟာ ပယ်စာရင်းဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးကနေ ယနေ့ညနေမှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီထုတ်ပြန်လိုက်တဲ့ ခုံနံပါတ်ပိုင်ရှင်ဟာ Facebook ပေါ်မှာ အများပြည်သူပြောဆိုချက်တွေအရ အဆိုတော် ကျော်ကျော်နန္ဒ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အကုန်သိသတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာတော့ “အကယ်ဒမီပေးပွဲတက်မှာပါ။ ဝတ်စုံကတော့ စီစဉ်ပြီးပါပြီ။ ဒါပေမယ့် အေးအေးဆေးဆေးတည်တည်ပဲ ဝတ်မှာပါ။ ဘာလို့လဲဆိုတော့ ကိုယ့်လောကသားတွေရဲ့အထွဋ်အထိပ််ထားရတဲ့ ပွဲလည်းဖြစ်နေလို့ပါ။ ကျွန်တော်က အကယ်ဒမီ တက်တယ်ဆိုတာ လွန်ခဲ့တဲ့နှစ်တွေကလည်း တက်ထားတယ်။

ပြီးတော့ ကိုယ်တို်င်ကလည်း အရင်တုန်းက ပုံရိပ်တွေရှိခဲ့တယ်လေ။ ရုပ်ရှင်ကားတွေလည်းရိုက်ဖူးတယ်။ ဖြတ်လျှောက်ဘဝကနေလည်း လုပ်ဖူးတယ်ဆိုတာ ကျွန်တော်နဲ့ပတ်သက်ဖူးတဲ့သူတွေ သိမှာပါ။ ခုမှ ဆယ်လီထဖြစ်လို့တက်တာလည်း မဟုတ်ဘူး။ နှစ်တိုင်းတက်နေတာပါ။ လူမှုကွန်ရက်မှာကြည့်မယ်ဆိုရင်လည်း ကျွန်တော် နှစ်တိုင်းတက်ထားတဲ့ပုံတွေကို တွေ့မှာပါ။

ကျွန်တော်ကတော့ ရိုးရိုးသားသားအေးအေးချမ်းချမ်းလေးနဲ့ တက်မှာပါ။ ဖက်ရှင်ပိုင်းကတော့ ဝတ်စုံ မေတိုးလင်း စီစဉ်ပေးထားတာပါ။ ဖိနပ်ကတော့ KMM ကပါ။ မိတ်ကပ်ကတော့ ခင်စန်းဝင်း ဖြစ်ပါတယ်” လို့ ကျော်ကျော်နန္ဒက ဖြေကြားပါတယ်။

ကျော်ကျော်နန္ဒဟာဆိုရင် “ဆက်ပက်” အမည်ရှိ သင်္ကြန်တေးသီချင်းတစ်ပုဒ်နဲ့ Facebook စာမျက်နှာထက်မှာ လူသိများလာသူတစ်ဦးဖြစ်ပြီး ဝေဖန်မှုများနဲ့ ရင်ဆိုင်နေရသူဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ အကယ်ဒမီပေးပွဲကိုလည်း ကျပ်သိန်း ၅၀၀၀ တန် စိန်လက်စွပ်ဝတ်ပြီး တက်ဖြစ်မှာဖြစ်တယ်လို့ မီဒီယာတစ်ခုကို ဖြေကြားထားပါသေးတယ်။

– မျိုးကေခိုင်(အကုန်သိသတင်းဌာန)