ငါးမျှားရာတွင် ငါး သာမက မိကျောင်းကြီးပါ ကုန်းပေါ်ပါလာလို့ အသက်လုထွက်ပြေးခဲ့ရတဲ့ အပျော်တမ်း ငါးမျှားသမား

0
99

ငါးမျှားရာတွင်. . ငါး သာမက မိကျောင်းကြီးပါ ကုန်းပေါ်ပါလာလို့ အသက်လုထွက်ပြေးခဲ့ရတဲ့ အပျော်တမ်း ငါးမျှားသမားရဲ့ ငိုအားထက်ရယ်အားသန် အဖြစ် (ရုပ်သံ)

အပျော်တမ်း ငါးမျှားသူတစ်ယောက်ဟာ ငါးမျှားနေတုန်း ရုတ်တရက် မိကျောင်းကြီးတစ်ကောင်ပေါ်လာတာကြောင့် အသည်းအသန်းထွက်ပြေးခဲ့ရပါတယ်။

Daniel ဆိုတဲ့ အမျိုးသားဟာ သူငယ်ချင်းတွေနဲ့အတူ သြစတေးလျနိုင်ငံ တောတွင်းတစ်နေရာက ကန်တစ်ကန်မှာ ငါးမျှားထွက်တုန်း အခုလို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ပထမတော့ Daniel ဟာ ငါးအကြီးကြီး ဖမ်းမိထားပြီ မှတ်နေခဲ့တာပါ။ သူဟာ ချိတ်ကို ပြန်ဆွဲလို့ မရတဲ့ထိကို ဖြစ်နေခဲ့ပြီး အားအလွန်စိုက်နေခဲ့ရပါတယ်။

အဲ့ဒါနဲ့ ကြိုးစားပြီး ဆွဲတင်တဲ့ အခါမှာတော့ စိတ်လှုပ်ရှားမှုတွေဟာ ရုတ်တရက် အကြောက်တရားတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

သူဖမ်းမိတဲ့ ငါးကြီးနောက်ကို ကြောက်စရာ မိကျောင်းကြီးက ပါလာခဲ့ရာ အဲ့ဒီ့မှာ ကင်မရာရိုက်နေတဲ့ သူငယ်ချင်းလည်း ထွက်ပြေးခဲ့ရပြီး အော်ဟစ်ဆဲဆိုသံတွေလည်း ညံသွားခဲ့ပါတယ်။ ဖြစ်စဉ်တစ်ခုလုံးကို Daniel ရဲ့ သူငယ်ချင်းက ဘေးကနေ အကုန် ရိုက်ယူထားနိုင်ခဲ့ပါတယ်။

ဒီ အဖြစ်အပျက် မှတ်တမ်းဗီဒီယိုကို Last Cast Llewy ဆိုသူက Youtube ပေါ်တင်ခဲ့ပြီး ၂ရက်အတွင်းမှာ ကြည့်ရှုသူပေါင်း ၂ သောင်းကျော်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။

အောက်က ဗီဒီယိုထဲမှာတော့ မိကျောင်းကြီးဟာဆိုလည်း မိထားတဲ့ ငါးကို သူတို့ရှေ့မှာပဲ စားပစ်လိုက်တာတွေ့ရမှာပါ။မိကျောင်းတွေ တိုက်ခိုက်လို့ အသက်သေဆုံးတာမျိုးက သြစီမှာ မဖြစ်သလောက် ရှားတယ်လို့သိရပါတယ်။

အခုလို သူတို့နောက်ကို လိုက်တဲ့ ရေငန်မိကျောင်းအမျိုးအစား ဟာ အရှည် ၆ မီတာကျော်အထိ ကြီးထွားနိုင်ပြီး အလေးအချိန် တစ်တန်ကျော်အထိ ရှိနိုင်ပါတယ်။

သြစတေးလျနိုင်ငံမှာ အဓိကအားဖြင့် မြောက်ပိုင်းဒေသတွေနဲ့ ကွင်းစ်လန်း မြောက်ပိုင်း အခေါင်အဖျားဒေသတွေမှာ ရေငန်မိကျောင်း အကောင် (၂) သိန်းကျော်လောက် နေထိုင်ကျက်စားနေကြတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

Credit-MPA

(ရုပ်သံ ကြည့်ရန်)