၂၀၁၉ အကယ်ဒမီ အတွက် ပရိသတ်တွေ စိတ်တိုင်းကျဖြစ်စေဖို့ ဘုတ်အဖွဲ့ထဲကို ထဲထဲဝင်ဝင် ၀င်ပါမည်ဆိုတဲ့ ဦးလွင်မိုး

0
56

ပြီးသွားတဲ့ အကယ်ဒမီဂယက်နဲ့ပတ်သက်ပြီး ၀ါရင့်သရုပ်ဆောင် အကယ်ဒမီ ဦးလွင်မိုးမှ နောင်နှစ်နောင်နှစ်တွေမှာ အကယ်ဒမီဘုတ်အဖွဲ့ထဲကို ကိုယ်တိုင် ထဲထဲဝင်ဝင် ၀င်ရောက်ပြီး ပရိသတ်တွေရဲ့ စိတ်ကျေနပ်မှု အဖြစ်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ကတိပေးသွားပါတယ်..။

၂၀၁၈ အကယ်ဒမီပေးပွဲမှာဖြစ်သွားတဲ့ ဂယက်ဟာ ခါတိုင်းနှစ်တွေလိုဖြစ်တဲ့ ဂယက်မဟုတ်ကြောင်း ၇ ရက် တစ်ပတ်လောက်နဲ့ ပြကီးဆုံးသွားမယ့် ဂယက်မျိုးမဟုတ်ကြောင်း Myanmar Celebrity မှာ ဖြေဆိုသွားတာကို တွေ့ရပါတယ်..။

2018 အကယ်ဒမီနဲ့ပတ်သက်ပြီး အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်း နဲ့ မပတ်သက်ကြောင်း ကယ်ဒမီဘုတ်အဖွဲ့မှာ ဦးဇင်ဝိုင်း ဝင်ရောက်ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း နှင့် အကယ်ဒမီပေးပွဲမှာလည်း မိန့်ခွန်းပြောကြားပြီး ဆင်းသွားတဲ့ အချိန်အထိ ဘယ်သူတွေ အကယ်ဒမီရကြောင်း ဦးဇင်ဝိုင်းမသိသေးကြောင်း ပါ ထည့်သွင်း ပြောကြားသွားတာကိုလည်းတွေ့ရပါတယ်။

Source – Myanmar Celebrity Video

“၂၀၁၉ အကယ်ဒမီ အတွက် မရှိ .. ရှိတဲ့ အချိန်ထဲကနေ မရရအောင် အကယ်ဒမီ အကဲဖြတ်မှာ ထဲထဲဝင်ဝင်ပါပြီး၊ ပရိသတ် သဘောကျ အကောင်းဆုံး၊ အအောင်မြင်ဆုံး ဖြစ်အောင် လုပ်သွားမယ်” လို့ပြောလာတဲ့ သရုပ်ဆောင် လွင်မိုး ။

Myanmar Celebrity Update: #LwinMoe #MyanmarAcademy