အကယ်ဒမီနဲ့ လွဲချော်ခဲ့တဲ့သူတွေက မတော်လို့ မဟုတ်ပါဘူးဆိုတဲ့ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးဇင်ဝိုင်း

0
70

အကယ်ဒမီ ထူးချွန်ဆုစာရင်းက အကယ်ဒမီပေးပွဲ ကျင်းပနေစဉ် အတောအတွင်းမှာ ပေါက်ကြားမှုတွေ ရှိခဲ့ပါတယ်။ အကယ်ဒမီစာရင်းပေါက် ကြားမှုနဲ့ပတ်သက်ပြီး ရုပ်ရှင်ဥက္ကဋ္ဌ ဖြစ်သူ ဦးဇင်ဝိုင်းက အရေးယူဆောင် ရွက်သွားမှာတွေကို အခုလို ပြောပြ ခဲ့ပါတယ်။

“အကယ်ဒမီစာရင်း ပေါက် ကြားတာက ကျွန်တော်တို့ သိရ သလောက် ကျွန်တော်တို့ နောက် ကြောင်းပြန်လိုက်နေတာ ၇ နာရီခွဲနဲ့ ၇ နာရီ ၄ဝ ကြားမှာ ပေါက်ကြားသွား တယ်လို့ ကျွန်တော်တို့ သိထားရပါ တယ်။ အကယ်ဒမီစာရင်း ပေါက် ကြားတယ်ဆိုတာကလည်း နှစ်စဉ် နှစ်တိုင်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ တစ်ဦးချင်းဆီကနေ မဲပေးလိုက်တဲ့ အမှတ်တွေကို နာယကကြီး ၃ ဦးက တာဝန်ယူပြီးတော့ အမှတ်ပေါင်းတာ ဖြစ်တယ်။ ပေါင်းပြီးတော့မှ ဒီအမှတ် တွေကို သိမ်းဆည်း ချိတ်ပိတ်ထားတာ ဖြစ်တယ်။ အကယ်ဒမီစာရင်း ပေါက် ကြားသွားတဲ့အတွက် အရေးယူဖို့ လည်း ဆောင်ရွက်နေပါတယ်။ အတွင်းစည်းက ပေါက်ကြားသွားတာ လား။

အတွင်းစည်းက ပေါက်ကြား တယ်ဆိုရင် ဒီလူကို ပယ်ထုတ်ပြီး ဒီနေရာမှာ နောင်မသုံးတော့ဘဲ Blacklist ထဲ ထည့်ရမှာဖြစ်ပါတယ်။ သို့သော် အခုကအတွင်း စည်းထဲက ပေါက်ကြားသွားတာ မဟုတ်ဘဲနဲ့ ကွင်းထဲရောက်ပြီးသွားမှ ပေါက်ကြား သွားတာဖြစ်တဲ့အတွက် ကျွန်တော် တို့က ဘယ်က ပေါက်ကြားလဲဆိုတာ စုံစမ်းရခက်သွားပါတယ်။ ကျွန်တော် တို့တွေ နောင်ကို အကယ်ဒမီစာရင်း မပေါက်ကြားနိုင်အောင် ဒီထက်ပိုပြီး တင်းကျပ်တဲ့ စည်းမျဉ်း ချမှတ်နိုင် အောင် ပြင်ဆင်နေပါတယ်”လို့ ပြော ပြပါတယ်။အထူးဆုပေးမယ်ဆိုပြီး သတင်း တွေ ထွက်လာပြီး မပေးဖြစ်တဲ့ အကြောင်းကိုလည်း ဦးဇင်ဝိုင်းက. . .

“အထူးဆုကို ပေးဖို့အတွက် ဒီနှစ်မှာ အများရဲ့ ဆန္ဒအရ အထူးဆုပေး လောက်အောင် မရှိဘူးလို့ ယူဆတဲ့ အတွက် မပေးဖြစ်ခြင်း ဖြစ်ပါတယ်။ အများရဲ့ဆန္ဒအရ အထူးဆုကလည်း ဒီနှစ်မှာ စတင်ပြီးတော့ လုပ်နေတာ ဖြစ်ပါတယ်။ အထူးဆု ၅ ဆုထဲက ထူးချွန်တဲ့ဆုတစ်ခုကို အားလုံးရဲ့ ဆန္ဒအရ တစ်ဆုပေးမယ်ဆိုပြီးစတင် ပြီးသတ်မှတ်တာပါ။ ၅ ဆုလုံး တပြိုင် တည်းပေးမယ် မဟုတ်ပါဘူး။ သို့ သော် အဲဒီအထူးဆုပေးဖို့အတွက်ကို စံချိန်စံညွှန်းများနဲ့ ပြန်ကြည့်တဲ့ အချိန်မှာ တော်တော်လေးကို ကြိုက် တဲ့ကားတွေ ရှိတယ်လို့ ဆရာကြည်စိုး ထွန်းက ပြောပါတယ်။ သို့သော် အများရဲ့ဆန္ဒနဲ့ ကြည့်တဲ့အချိန်မှာ စံချိန်၊ စံညွှန်းအရ လိုအပ်သေးတယ် လို့ ယူဆတဲ့အတွက် ပေးရခြင်းမရှိဘူး ဖြစ်တယ်” လို့ ဆိုပါတယ်။အကယ်ဒမီနဲ့ လွဲချော်ခဲ့တဲ့သူ တွေကိုလည်း ဦးဇင်ဝိုင်းက

“အကယ် ဒမီပေးပွဲပြီးတိုင်း အကယ်ဒမီဂယက် က နှစ်စဉ်နှစ်တိုင်း အမြဲတမ်းဖြစ်နေ ကျပါ။ အကယ်ဒမီရွေးချယ်ရေးအဖွဲ့ ဝင် ၄၅ ယောက်က သူတို့ရဲ့ ဆန္ဒ အလျောက် အမှတ်ပေးကြတာဖြစ်ပါ တယ်။ ဒီအမှတ်များကို အားလုံးစု စည်းပြီးတော့မှ အကယ်ဒမီကို ပေး ကြတာပါ။ အကယ်ဒမီနဲ့ လွဲချော်ခဲ့ တဲ့သူတွေက မတော်လို့ မဟုတ်ပါ ဘူး။ စည်းမျဉ်း၊ စည်းကမ်းနဲ့ ကြည့် တဲ့အခါမှာ နှာတစ်ဖျားနဲ့ အသာရ သွားတဲ့သူများသာလျှင် ဒီနှစ် အကယ်ဒမီထူးချွန်ဆုကို ရရှိသွားတာ ပါ။ ကျန်တဲ့ လူငယ်တွေကလည်း အလွန်ထူးချွန်ကြပါတယ်”လို့ ပြော ပြခဲ့ပါသေးတယ်။

Credit-ပေါ်ပြူလာဂျာနယ်