ကျနော့်စိတ်ကူးထဲမှာတော့ မြမြ တစ်ယောက်ရှိနေပါပြီ

0
120

နှစ်ဆန်းတစ်ရက်နေ့က တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက်တွင် အန္တရာယ်ကင်းပရိတ်ရွတ်နေစဉ် အမျိုးသမီးတစ်ဦးကို မြမြလို့ အမည်ရတဲ့ ဝိညာဉ်က ဝင်ရောက်ပူးကပ်ခဲ့တဲ့ ဗီဒီယိုတစ်ခုက ဖေ့စ်ဘုတ်မှာ ဂယက်ထနေခဲ့တာဖြစ်ပါတယ် မြမြက သင်္ကြန်အကြိုနေ့က မွေ့ယာစက်ရုံမှ လူသုံးဦးရဲ့ မုဒိန်းကျင့် သတ်ဖြတ်ပြီး အလောင်းဖျောက်ခြင်း ခံခဲ့ရတာလို့ ဝင်ရောက်ပူးကပ်ပြီး ပြောဆိုခဲ့တာ ဖြစ်ပြီး ထိုဗီဒီယိုက ဖေ့စ်ဘုတ်စာမျက်နှာမှာ လူပြောများနေတာ ဖြစ်ပါတယ်

မြမြရဲ့ ဝိညာဉ်က မနေ့က ဧပြီလ(၂၃) ရက်နေ့ နေ့လည်ပိုင်းက ကျောက်စိမ်းဖိနပ်စက်ရုံဝင်းအတွင်းရှိ အမျိုးသမီးဝန်ထမ်းတဦးအား ထပ်မံပူးကပ်ခဲ့ကြောင်းသိရပါတယ်။ ကျောက်စိမ်းဖိနပ်စက်ရုံသည် ဝန်ထမ်းအင်အား (၁၄၀၀)ဝန်ကျင်းရှိပြီး သင်္ကြန်အတွင်း စက်ရုံပိတ်ထားသောကြောင့် စက်ရုံပြန်လည်ဖွင့်လှစ်သည့် ဧပြီ (၂၃) ရက်နေ့တွင် မမြမြဆိုသည့် ဝန်ထမ်းရှိမရှိကိုစစ်ဆေးနေချိန်တွင် စက်ရုံဝန်ထမ်းအမျိုးသမီးတဦးအား ထပ်မံဝင်ရောက်ပူးကပ်ခြင်းဖြစ်တယ်လို့ လည်းသိရပါတယ်။

ထိုအဖြစ်နဲ့ ပတ်သတ်ပြီး ကောလဟာလတွေ ထွက်ပေါ်နေသလို ပရိသတ်တွေကလဲ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ မမြမြပြောဆိုခဲ့သည့် အလောင်းမြှပ်နှံထားသည်ဆိုသည့် နေရာပတ်ဝန်းကျင်းကိုလည်း ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေစုံစမ်းခဲ့သော်လည်း တစုံတရာ မတွေ့ရှိခဲ့ရသေးပါဘူး။

မြမြရဲ့ ဘဝဇာတ်ကြောင်းနဲ့ ပတ်သတ်ပြီး ဒါရိုက်တာ ညိုမင်းလွင်က “Facebook ပေါ်က ရေပန်းစားသောကိစ္စများကို ဝင်ပါလေ့မရှိသော်လည်း ယခုတစ်ကြိမ်မှာတော့ တရားဝင်ကြေငြာပါသည်၊ ကျွန်တော် ” မြမြ ” အကြောင်းကို ရုပ်ရှင်ရိုက်ပါမည်၊” ဆိုပြီး ပရိသတ်တွေကို ခုလိုပြောပြလာတာတွေ့ကိုတွေ့ပရိတ်သတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်

ကျနော် ပရလောကတွေဘာတွေကို ယုံကြည့်လို့ရိုက်တာပါ။ ကျနော့်စိတ်ကူးထဲမှာတော့ မြမြ တစ်ယောက်ရှိနေပါပြီ”လို့ပြောလာတဲ့ ဒါရိုက်တာ ညိုမင်းလွင် နှင့် ခဏတာ။

ရုပ်သံ

Myanmar Celebrity