ထောင်ကလွတ်ပြီး ကြည်လင်တဲ့မျက်နှာနဲ့ ပရိသတ်​​တွေ​ရှေ့ ပထ​မဆုံးအကြိမ်ထွက်ရှိလာတဲ့ မိုး​အောင်​ရင်

0
90

ပြည်သူချစ် ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်ကတော့ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိ သုံးစွဲမှုတွေဖြင့် အပြစ်ဒဏ်ကျခံခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။ မိုးအောင်ရင်က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိ သုံးစွဲမှုဖြင့် ပုဇွန်တောင်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရပြီး အရှေ့ပိုင်းခရိုင် တရားရုံးမှ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် မိုးအောင်ရင်က အမှုနှစ်မှုပေါင်း ထောင်ဒဏ် ၁၇ နှစ်တိတိ ကျခံနေရတာပဲ ဖြစ်ပါတယ်။

ဒီနေ့ မေလ ၇ ရက်နေ့မှာတော့ နိုင်ငံတော်သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မိုးအောင်ရင်က ထောင်မှလွတ်မြောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ နိုင်ငံတော်မှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားအကျဉ်းသူ (၆၅၂၀) ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ကို ယနေ့မှာ ခွင့်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသုံးစွဲမှုဖြင့် ထောင်ဒဏ် ၁၇ နှစ်ကျခံနေရတဲ့ မိုးအောင်ရင်လည်း လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ပြစ်​ဒဏ်​လွတ်​ငြိမ်းချမ်းသာခွင့်​နဲ့ ယ​နေ့လွတ်​​မြောက်​လာတဲ့ မိုး​အောင်​ရင်​ကို လပ်​ကီးဆဲဗင်းထုတ်​လုပ်​​ရေးပိုင်​ရှင်​ ကိုအုန်းဝင်း၊ မ​အေး​အေးဝင်းတို့နဲ့အတူ​တွေ့ရပါတယ်​။ မိုး​အောင်​ရင်​ ဟာ သူ့ကို ​မွေးထုတ်​​ပေးခဲ့တဲ့ လပ်​ကီးဆဲဗင်းထုတ်​လုပ်​​ရေးနဲ့အတူ အနုပညာအလုပ်​​တွေပြန်​လည်​လုပ်​​ဆောင်​ဖို့ရှိမလားဆိုတာ ​စိတ်​ဝင်​တစား​စောင့်​​မျှော်​ရမှာဖြစ်​ပါတယ်။crd

==========


