ချစ်သူက ချစ်လွန်းလို့ (၅) မိနစ်ခြားတစ်ခါ ဖုန်းဆက်ခြင်း ခံရတဲ့ ညီညီမောင် (စမ်းချောင်း)

0
96

မရိုးနိုင်တဲ့ ဟာသတွေနဲ့ အများ ကျေနပ်နှစ်သက်ပြီး ပျော်ရွှင်မှုရရှိအောင် ပုံစံတွေအမျိုးမျိုးနဲ့ ဖျော်ဖြေတင်ဆက်မှုပေးနေတဲ့ ညီညီမောင်( စမ်းချောင်း ) ဟာဆိုရင် ပရိသတ်တွေက အချစ်ပိုနေရတဲ့ နာမည်ကြီး မိတ်ကပ်ပညာရှင် တစ်ယောက်ပါ။ အများရဲ့ ချစ်ခင်မှုတွေကို ရရှိထားခဲ့ရတဲ့ သူမကတော့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလဲ ရိုက်ကူးပြီး အနုပညာလုပ်ငန်းတွေလဲ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ညီညီမောင်(စမ်းချောင်း)ကို အားပေးကြတဲ့ ပရိသတ်တွေက အနေအထားတစ်ခုနဲ့ အခိုင်အမာရှိနေတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ ညီညီမောင်ရဲ့ အချစ်ရေးကလဲ တစ်နေ့တစ်ခြား သာယာစိုပြေနေတာ ကိုတွေ့ရပါတယ်။ ညီညီမောင် (စမ်းချောင်း) ရဲ့ အချစ်ရေးက ပရိသတ်တွေ အားကျရလောက်အောင် ပျော်ရွှင်စရာကောင်းတာကို တွေ့ရပါတယ်။

“ရည်းစား ရယ် ချစ်ချက်က ကမ်းကုန်တယ် နော်။ ၅မိနစ်ခြားတခါ ဖုန်းဆက်နေတယ် 😏😏😏” ဆိုပြီး သူမရဲ့ ရည်းစားလေးက သူမကို ဂရုတစိုက်နဲ့ ချစ်တတ်လွန်းတာကို ပရိသတ်တွေကို ကြွားထားတာပဲ ဖြစ်ပါတယ်။

ညီညီမောင် (စမ်းချောင်း)ကတော့ ပရိသတ်တွေ အားကျရတဲ့ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ချစ်သူက စိတ်ချမ်းသာအောင်ထားလို့ တစ်နေ့တစ်ခြား ပိုလို့တောင် လှလာတာကို သတိထားမိကြမှာပါ။

ညီညီမောင် (စမ်းချောင်း) ကတော့ ချစ်စရာကောင်းတဲ့ ချစ်သူလေးကြောင့် ပျော်ရွှင်နေတာ အားကျစရာပဲနော်။ ချစ်သူကလဲ ၅မိနစ်ခြားတစ်ခါတောင် ဖုန်းဆက်တာဆိုတောင် ဘယ်လောက်တောင် ချစ်လဲ သိသာတယ်နော်။ ပရိသတ်ကြီးလဲ ညီညီမောင် (စမ်းချောင်း) လို သာယာပျော်ရွှင်တဲ့ ချစ်သူဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

credit – momolay