လူပြောများတဲ့ ကျပ်သိန်းပေါင်းရှစ်ထောင်နီးပါး တန်ဖိုးရှိတဲ့သတို့သမီးလေးရဲ့ အရမ်းကိုလှတဲ့မင်္ဂလာဝတ်စုံ

0
81

လူပြောများတဲ့ ကျပ်သိန်းပေါင်းရှစ်ထောင်နီးပါး တန်ဖိုးရှိတဲ့သတို့သမီးလေးရဲ့ အရမ်းကိုလှတဲ့မင်္ဂလာဝတ်စုံ

လူလောကမှာ ချမ်းသာ ကြွယ်ဝခြင်းဆိုတဲ့ ဂုဏ်ပုဒ်တွေကို လိုချင်သူတွေကတော့ များစွာရှိနေပါတယ်။မိန်းကလေးတွေအတွက်တော့ တစ်သက်မှာတစ်ခါကျင်းပရတဲ့မင်္ဂလာပွဲလေးကို အကောင်းဆုံး နဲ့ အခမ်းနားဆုံးကျင်းပချင်တာကတော့ မိန်းကလေးတော်တော်များများရဲ့ အိပ်မက်တစ်ခုပါပဲနော်။

ဒီနေ့မှာတော့ ဒီဇိုင်နာမင်းသက်စံကိုယ်တိုင်ဖန်တီးထားတဲ့ မင်္ဂလာဝတ်စုံလေးဟာ လူမှုစာမျက်နှာပေါ်က မိန်းကလေးတွေကြားမှာ လူပြောအရမ်းများနေပါတယ်နော်။မင်္ဂလာဝတ်စုံရဲ့ တန်ကြေးမှာ ကျပ်သိန်းပေါင်း ရှစ်ထောင်နီးပါး တန်ဖိုးရှိနေတာလဲဖြစ်ပါတယ်။အဆိုပါအင်္ကျီကိုတော့ ဒီဇိုင်နာမင်းသက်စံက ဖန်တီးပြီး သူရဲ့လူမှုစာမျက်နှာပေါ်မှာ အခုလိုပဲရေးသားထားတာဖြစ်ပါတယ်။

“စိန်ဆွဲကြိုး အကုံး၃၀ ကျော်နဲ့ ဖန်တီးထားတဲ့ မင်္ဂလာဝတ်စုံလေးပါ။ စိန်ပင်လယ်စိန်တိုက် ရဲ့ သမီးအငယ်ဆုံးလေးရဲ့ မင်္ဂလာပွဲမှာ ဖန်တီးပေးထားတာပါ။ ပုဝါနဲ့ရင်ခံအပြင် တခြားဘယ်နေရာလေးတွေမှာ အနုစိပ် ဖန်တီးထားလဲဆိုတာကြည့်လို့ရအောင် ပုံလေးတွေတင်ပေးလိုက်ပါတယ်။

လက်ကိုင်ပန်း တခုတင် သိန်း ၂၅၀၀ လောက်ကျတယ်တဲ့ ။ ဆွဲကြိုး ၊ သရဖူ ၊ ၊ အင်္ကျီမှာ တပ်ထားတဲ့ ကြိုးတွေရဲ့ စုစုပေါင်းတန်ဖိုး သိန် ၁၂၀၀၀ ဝန်းကျင်လောက် ရှိတယ် “လို့ ပြောပြထားတယ်လို့ ရေးသားထားပါတယ်နော်…

Credit – PADONMAR






Credit – PADONMAR