ထမင္​း​ေကြၽးနိိုင္​ရံု​ေလာက္​နဲ႔ “မိန္​းမ” တစ္​​ေယာက္​ကို လက္မထပ္ပါနဲ႔

0
95

မိန္​းမတစ္​​ေယာက္​ကို ထမင္​း​ေကြၽးနိိုင္​ရံု​ေလာက္​နဲ႔ မယူနဲ႔ ထမင္​းက​ေတာ့ သူ႔မိဘလဲ ဝ​ေအာင္​​ေကြၽးနိုင္​တယ္​

ျမန္မာ့ အိမ္ေထာင္ေရးနဲ႕ အမ်ိဳးသမီးတို႕ခံစားခ်က္။

ခ်မ္းခ်မ္းက သူ႔အိမ္ေထာင္ေရးနဲ႔ ပတ္သတ္ၿပီး ေျပာထားတဲ့ စာေလးတစ္ခု ဖတ္ရတယ္။ သူေျပာသြားတဲ့ထဲမွာ သူ႔ဘက္က ေပးဆပ္ႏိုင္သမွ် ေပးဆပ္ၿပီးၿပီဆိုတာ ပါတယ္။

ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့လို႔သာ ကြာရွင္းခဲ့ရတယ္။ ခုေနာက္တစ္ေယာက္က သူ႔ကို အရမ္းအေလးထားတဲ့ ႏိုင္ငံျခားသား၊

သူက အိမ္ေထာင္ကြဲခဲ့ဖူးတာ သိေပမယ့္ သူ႔အရာရာကို လက္ခံႏိုင္တဲ့ သူမို႔လို႔ သူလည္း လက္ရွိမွာ တြဲေနတယ္ ဆိုတာေလး။

အဲ့ဒိမွာ ဘာသြားေတြ႕ရလဲ ဆိုေတာ့ ေယာက္်ား ေနာက္မိန္းမ ယူတာ အျပစ္မတင္ဘဲ မိန္းကေလးတစ္ေယာက္က အိမ္ေထာင္ကဲြၿပီး ေနာက္တစ္ေယာက္တြဲရင္

အျပစ္တင္တတ္တဲ့ အလြန္ အင္မတန္မွ ယဥ္ေက်းပါတယ္ဆိုတဲ့ ျမန္မာလူမ်ိဳးေတြရဲ႕ အလြန္ စိတ္ပ်က္ဖြယ္ စိတ္ဓါတ္အခ်ိဳ႕ကို ေတြ႕ရတယ္။

မိန္းကေလးကို second sex သေဘာထားတာ ျမန္မာ၊ အိႏၵိယ၊ တ႐ုတ္ စတဲ့ႏိုင္ငံေတြမွာပဲ။

ဒါေတာင္ ျမန္မာ ႏွင့္ အိႏၵိယက ပိုဆိုးမယ္ထင္တယ္။ ျမန္မာေယာက္်ား အခ်ိဳ႕ဟာ ကိုယ္တိုင္က တာဝန္မယူႏိုင္ဘဲ မိန္းမလိုခ်င္တယ္။

တာဝန္ယူတယ္ဆိုတာ လက္ထပ္ရံု၊ ေငြေၾကးေထာက္ပံ့ ေပးႏိုင္ရံုကို ေျပာတာမဟုတ္ဘူးေနာ္။ ဒီမိန္းကေလးတစ္ေယာက္ရဲ႕ စိတ္ခံစားမႈကိုပါ နားလည္ႏိုင္မႈကို ေျပာတာပါ။

အဲ့ဒိေတာ့ မိန္းမယူၿပီး ပိုက္ဆံေပးရင္ ရၿပီ ထင္တာမွားတယ္။ မိန္းမတစ္ေယာက္ကို ထမင္းေကြ်းႏိုင္ရံုေလာက္နဲ႔ မယူနဲ႔။ ထမင္းက သူ႔မိဘလည္း သူ႔သမီး မငတ္ေအာင္ ေကြ်းထားႏိုင္တယ္။

ဒါေပမယ့္ မိန္းကေလးရဲ႕ အိပ္မက္ေတြေရာ ကိုယ့္ရဲ႕ အိပ္မက္ေတြကိုပါ အျပန္အလွန္ အေကာင္အထည္ေဖာ္ႏိုင္ေအာင္ ကူညီႏိုင္ၾကမယ္ဆို ယူပါ ။ ဒါကမွ တာဝန္ယူႏိုင္မႈ အစစ္ပဲ။

အခ်ိဳ႕က ရွိေသးတယ္။ မင္း ငါနဲ႔ယူၿပီးရင္ ဘာအလုပ္မွ မလုပ္နဲ႔။ အိမ္မွာကေလးနဲ႔ ေအးေအးေဆးေဆးေနတဲ့။

အဲ့ဒါ တကယ့္ေထာင္ေခ်ာက္။ မိန္းမတိုင္းက ကေလးေမြးၿပီး ကေလးကို ျပဳစုေစာင့္ေရွာက္ႏိုင္မႈမွာ ေယာက္်ားေတြထက္ သာတာ မွန္ေပမယ့္ တစ္သက္လံုး သူ႔ကို အျပင္ေလာကနဲ႔ မဆက္ဆံခိုင္းရင္ သူက ၾကာတဲ့အခါ

အိမ္မွာေနရင္း ေလွာင္ခ်ိဳင့္ထဲက ငွက္လို ျဖစ္ၿပီး အၾကံတုံး ဉာဏ္တံုး ျဖစ္သြားလိမ့္မယ္။ ဘယ္မိန္းမ မဆို ေယာက္်ားရၿပီးသည့္တိုင္ေအာင္ ကိုယ္စိတ္ဝင္စားတာ တစ္ခုခုကို စြဲစြဲၿမဲၿမဲလုပ္ႏိုင္ခြင့္ေတာ့ ရွိရမယ္ေလ။

ဘာလို႔လည္းဆိုေတာ့ မိန္းမေတြမွာ အိမ္ကေနၿပီး သူဝါသနာပါရာ လုပ္ႏိုင္မွသာ သူ႔တန္ဖိုးကို သူမေမ့မွာ။

မဟုတ္ရင္ သူ႔ေယာက္်ားက တစ္ျခားတစ္ေယာက္ကို စိတ္ဝင္စားေနခဲ့ရင္ သူတို႔မွာ ကိုယ့္တန္ဖိုးေတာင္ ဘာမွန္းမသိေလာက္ေအာင္ စိတ္ဓါတ္က်ရမယ္။

အဲ့ေတာ့ ေယာက္်ားတစ္ေယာက္က မိန္းမတစ္ေယာက္ကို တကယ္ခ်စ္ရင္ အဲ့မိန္းမကို ကိုယ္ကလည္း respect ေပးရမယ္။ သူလုပ္ခ်င္တာေလးေတြလဲ ေပးလုပ္ရမယ္။

ငါပိုက္ဆံရွာေကြ်းထားတာ မင္းက ငါေျပာတာပဲ နားေထာင္ ဆိုတာကို ဘယ္မိန္းမမွ ခ်စ္တာလို႔ ခံစားရမွာ မဟုတ္ဘူး။

အဲ့ဒါက သခင္ ႏွင့္ ကြ်န္ ဆက္ဆံေရး။ လင္နဲ႔မယားဆိုတာ အျပန္အလွန္ ေဆြးေႏြးတိုင္ပင္ တစ္ေယာက္ေျပာတာ တစ္ေယာက္ေသခ်ာ နားေထာင္တဲ့ ဆက္ဆံေရးပါ။

ဒါေၾကာင့္ ဘယ္တစ္ေယာက္ကမွ ႏွိမ္သလို အေရးမပါသလို ဆက္ဆံလို႔ မရဘူး။

ေနာက္တစ္ခုက Healthy relationship ဆိုတာ တစ္ေယာက္အေၾကာင္း တစ္ေယာက္နားလည္ၿပီး ေမတၱာေတြ သည္းခံမႈေတြနဲ႔ ေရွ႕ဆက္ရတာပါ။

တစ္ေယာက္နဲ႔ တစ္ေယာက္ အေလ်ာ့အတင္းေလးေတြနဲ႔ ဆက္ဆံရတာမ်ိဳးပါ။ အၿမဲတမ္း တင္းလြန္းရင္လည္း ျပတ္တတ္သလို ေလ်ာ့လြန္းရင္လည္း အဆင္မေျပပါဘူး။

တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈရွိသည့္တိုင္ ျပႆနာဆိုတာ အေျခအေန အရပ္ရပ္က ဝင္လာမွာမို႔လို႔ ဘယ္လိုအေျခအေနေရာက္ေရာက္ တူတူရင္ဆိုင္မယ္ဆိုတဲ့ ရဲေဘာ္ရဲဘက္ စိတ္လည္း လိုတယ္။

ေနာက္တစ္ခုက ေဘးစကားေတြပါ။ ေဘးစကားဆိုတာမွာလည္း ျမန္မာမိသားစုေတြမွာ အေတာ္စပ္စုၿပီး စကားရႈပ္တဲ့ လူေတြ ပါဝင္ေနတတ္ပါတယ္။

ကိုယ့္မိသားစု ကိစၥမဟုတ္ဘဲ ကိုယ္ဘာမွ မသိရဘဲ ဝင္ေယာင္၊ ဝင္ရႈပ္တာနဲ႔ ရန္ျဖစ္ စကားမ်ားရတဲ့ လင္၊မယားေတြ အမ်ားႀကီးပါ။ တကယ္ေတာ့ သူတို႔ဟာ ကူညီသလိုလိုနဲ႔ အဆင္းဘီးတပ္ေနတဲ့ ေဆြမ်ိဳးေတြပါပဲ။

ကြ်န္မေျပာတာ ျမန္မာမိသားစု အေတာ္မ်ားမ်ားရဲ႕ ျဖစ္ေနၾကျပႆနာေတြပါ။ ဒီေတာ့ ေဘးစကားေၾကာင့္ ျပႆနာတက္မယ္ဆို ကိုယ့္လူကိုယ္အသိဆံုးပဲ။

အျပင္လူနဲ႔ ကိုယ့္လူဆို ကိုယ့္လူစကားပဲ ယံုရမွာပဲ။ ကိုယ့္လူနဲ႔ ကိုယ္ျပႆနာတက္ရင္ ႏွစ္ေယာက္လံုး စိတ္ဆင္းရဲရတာ ေဘးလူက ေအးေဆး၊ အေနသာႀကီး။

ဒါေၾကာင့္ လင္မယား ျပႆနာတက္ရင္ ကိုယ့္အခ်င္းခ်င္းၾကားမွာ ကိုယ့္ဘာသာပဲ ရေအာင္ရွင္းပါ။ တစ္ခ်ိဳ႕ကိစၥေတြက အျပင္လူပါမွ ရွင္းမရျဖစ္တတ္တယ္။

ေနာက္ ေဘးပတ္ဝန္းက်င္ရဲ႕ ေျပာစကားဆိုတာ အင္မတန္မွ အိမ္ေထာင္ေရးကို ႐ိုက္ခတ္ပါတယ္။ ျမန္မာ့လူေနမႈမွာ သူမ်ားအေၾကာင္းစပ္စုတာဟာ အေလ့တစ္ခုလို ျဖစ္ေနၿပီးသားပါ။

ကြ်န္မရဲ႕ ပုဂၢလအျမင္အရဆိုရင္ေတာ့ စပ္စုတာကို ေတာ္ေတာ္မုန္းတဲ့ထဲ ပါတယ္။ စပ္စုမယ္၊ စကားသယ္မယ္၊ ဒီစကားဟိုပို႔လုပ္မယ္၊

ဘာမွမဟုတ္တာကို ပံုႀကီးခ်ဲ႕မယ္ ဒါေတြအားလံုးဟာ မုသာဝါဒထဲမွာ အက်ံဳးဝင္တယ္။ အတိအက်အေနနဲ႔ဆို သမၹပၸလာပ လို႔ေခၚတဲ့ ေသးႏုပ္သိမ္ဖ်င္းတဲ့ အတင္းအဖ်င္းစကားထဲမွာ အက်ံဳးဝင္တယ္။

ဒါကိုဘာလို႔ ဗုဒၶဘာသာ အမည္ခံၿပီး လုပ္ေနၾကလဲဆိုရင္ ဘုရားစကားကို နားမလည္လို႔ လို႔ပဲေျပာရမွာပဲ။

ကြ်န္မတို႔ ျမန္မာႏိုင္ငံက မိသားစုေတာ္ေတာ္မ်ားမ်ား၊ လင္မယားၾကား မိတ္ေဆြေတြၾကား ျပႆနာတက္တာ ခုန သမၹပၸလာပကို ေပ်ာ္ေပ်ာ္ႀကီး က်ဴးလြန္ေနၾကလို႔။

သူမ်ားကို မသိဘဲ ကဲ့ရဲ႕တတ္တာလည္း ဝစီကံက်ဴးလြန္တာပါပဲ။ ကိုယ္တိုင္က မသိလို႔ သိတဲ့သူက ေျပာရင္လည္း “ဟုတ္လား ငါမွမသိတာ… ငါထင္တာက” ဆိုတာနဲ႔ ထင္ေၾကးေပးတတ္ျခင္းကလည္း မုသာဝါဒ ေျမာက္တယ္။

ဒီမုသာဝါဒ သာ ထိန္းႏိုင္ၾကည့္ crime လည္းေလ်ာ့သြားမယ္။ ျပႆနာေတာ္ေတာ္မ်ားမ်ားလည္း ေလ်ာ့သြားမယ္။

တစ္ခ်ိဳ႕ေတြေျပာတဲ့ white lie ဆိုတာရွိေသးတယ္။ ဗုဒၶအဘိဓမၼာမွာ white lie လည္းမရပါဘူး။ မုသာဝါဒက မုသာဝါဒပဲ။

မုသာဝါဒ မလံုတဲ့သူဟာ ဘာသီလမွ မလံုေတာ့ပါဘူး။ အဲ့ဒါေၾကာင့္ ဘယ္ဆက္ဆံေရးမဆို ၾကာရွည္တည္ၿမဲခ်င္ရင္ အဆံုးစြန္ဆံုး ႐ိုးသားဖို႔လိုတယ္။ ႐ိုးသားတာကို မႀကိဳက္တဲ့သူက မ႐ိုးသားခ်င္လို႔ပဲ။ May thaw

Unicode >>>

မိန်းမတစ်ယောက်ကို ထမင်းကျွေးနိုင်ရုံလောက်နဲ့ မယူနဲ့ ထမင်းကတော့ သူ့မိဘလဲ ဝအောင်ကျွေးနိုင်တယ်

မြန်မာ့ အိမ်ထောင်ရေးနဲ့ အမျိုးသမီးတို့ခံစားချက်။

ချမ်းချမ်းက သူ့အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး ပြောထားတဲ့ စာလေးတစ်ခု ဖတ်ရတယ်။ သူပြောသွားတဲ့ထဲမှာ သူ့ဘက်က ပေးဆပ်နိုင်သမျှ ပေးဆပ်ပြီးပြီဆိုတာ ပါတယ်။

ဘယ်လိုမှ မဖြစ်နိုင်တော့လို့သာ ကွာရှင်းခဲ့ရတယ်။ ခုနောက်တစ်ယောက်က သူ့ကို အရမ်းအလေးထားတဲ့ နိုင်ငံခြားသား၊

သူက အိမ်ထောင်ကွဲခဲ့ဖူးတာ သိပေမယ့် သူ့အရာရာကို လက်ခံနိုင်တဲ့ သူမို့လို့ သူလည်း လက်ရှိမှာ တွဲနေတယ် ဆိုတာလေး။

အဲ့ဒိမှာ ဘာသွားတွေ့ရလဲ ဆိုတော့ ယောက်ျား နောက်မိန်းမ ယူတာ အပြစ်မတင်ဘဲ မိန်းကလေးတစ်ယောက်က အိမ်ထောင်ကွဲပြီး နောက်တစ်ယောက်တွဲရင်

အပြစ်တင်တတ်တဲ့ အလွန် အင်မတန်မှ ယဉ်ကျေးပါတယ်ဆိုတဲ့ မြန်မာလူမျိုးတွေရဲ့ အလွန် စိတ်ပျက်ဖွယ် စိတ်ဓါတ်အချို့ကို တွေ့ရတယ်။

မိန်းကလေးကို second sex သဘောထားတာ မြန်မာ၊ အိန္ဒိယ၊ တရုတ် စတဲ့နိုင်ငံတွေမှာပဲ။

ဒါတောင် မြန်မာ နှင့် အိန္ဒိယက ပိုဆိုးမယ်ထင်တယ်။ မြန်မာယောက်ျား အချို့ဟာ ကိုယ်တိုင်က တာဝန်မယူနိုင်ဘဲ မိန်းမလိုချင်တယ်။

တာဝန်ယူတယ်ဆိုတာ လက်ထပ်ရုံ၊ ငွေကြေးထောက်ပံ့ ပေးနိုင်ရုံကို ပြောတာမဟုတ်ဘူးနော်။ ဒီမိန်းကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှုကိုပါ နားလည်နိုင်မှုကို ပြောတာပါ။

အဲ့ဒိတော့ မိန်းမယူပြီး ပိုက်ဆံပေးရင် ရပြီ ထင်တာမှားတယ်။ မိန်းမတစ်ယောက်ကို ထမင်းကျွေးနိုင်ရုံလောက်နဲ့ မယူနဲ့။ ထမင်းက သူ့မိဘလည်း သူ့သမီး မငတ်အောင် ကျွေးထားနိုင်တယ်။

ဒါပေမယ့် မိန်းကလေးရဲ့ အိပ်မက်တွေရော ကိုယ့်ရဲ့ အိပ်မက်တွေကိုပါ အပြန်အလှန် အကောင်အထည်ဖော်နိုင်အောင် ကူညီနိုင်ကြမယ်ဆို ယူပါ ။ ဒါကမှ တာဝန်ယူနိုင်မှု အစစ်ပဲ။

အချို့က ရှိသေးတယ်။ မင်း ငါနဲ့ယူပြီးရင် ဘာအလုပ်မှ မလုပ်နဲ့။ အိမ်မှာကလေးနဲ့ အေးအေးဆေးဆေးနေတဲ့။

အဲ့ဒါ တကယ့်ထောင်ချောက်။ မိန်းမတိုင်းက ကလေးမွေးပြီး ကလေးကို ပြုစုစောင့်ရှောက်နိုင်မှုမှာ ယောက်ျားတွေထက် သာတာ မှန်ပေမယ့် တစ်သက်လုံး သူ့ကို အပြင်လောကနဲ့ မဆက်ဆံခိုင်းရင် သူက ကြာတဲ့အခါ

အိမ်မှာနေရင်း လှောင်ချိုင့်ထဲက ငှက်လို ဖြစ်ပြီး အကြံတုံး ဉာဏ်တုံး ဖြစ်သွားလိမ့်မယ်။ ဘယ်မိန်းမ မဆို ယောက်ျားရပြီးသည့်တိုင်အောင် ကိုယ်စိတ်ဝင်စားတာ တစ်ခုခုကို စွဲစွဲမြဲမြဲလုပ်နိုင်ခွင့်တော့ ရှိရမယ်လေ။

ဘာလို့လည်းဆိုတော့ မိန်းမတွေမှာ အိမ်ကနေပြီး သူဝါသနာပါရာ လုပ်နိုင်မှသာ သူ့တန်ဖိုးကို သူမမေ့မှာ။

မဟုတ်ရင် သူ့ယောက်ျားက တစ်ခြားတစ်ယောက်ကို စိတ်ဝင်စားနေခဲ့ရင် သူတို့မှာ ကိုယ့်တန်ဖိုးတောင် ဘာမှန်းမသိလောက်အောင် စိတ်ဓါတ်ကျရမယ်။

အဲ့တော့ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို တကယ်ချစ်ရင် အဲ့မိန်းမကို ကိုယ်ကလည်း respect ပေးရမယ်။ သူလုပ်ချင်တာလေးတွေလဲ ပေးလုပ်ရမယ်။

ငါပိုက်ဆံရှာကျွေးထားတာ မင်းက ငါပြောတာပဲ နားထောင် ဆိုတာကို ဘယ်မိန်းမမှ ချစ်တာလို့ ခံစားရမှာ မဟုတ်ဘူး။

အဲ့ဒါက သခင် နှင့် ကျွန် ဆက်ဆံရေး။ လင်နဲ့မယားဆိုတာ အပြန်အလှန် ဆွေးနွေးတိုင်ပင် တစ်ယောက်ပြောတာ တစ်ယောက်သေချာ နားထောင်တဲ့ ဆက်ဆံရေးပါ။

ဒါကြောင့် ဘယ်တစ်ယောက်ကမှ နှိမ်သလို အရေးမပါသလို ဆက်ဆံလို့ မရဘူး။

နောက်တစ်ခုက Healthy relationship ဆိုတာ တစ်ယောက်အကြောင်း တစ်ယောက်နားလည်ပြီး မေတ္တာတွေ သည်းခံမှုတွေနဲ့ ရှေ့ဆက်ရတာပါ။

တစ်ယောက်နဲ့ တစ်ယောက် အလျော့အတင်းလေးတွေနဲ့ ဆက်ဆံရတာမျိုးပါ။ အမြဲတမ်း တင်းလွန်းရင်လည်း ပြတ်တတ်သလို လျော့လွန်းရင်လည်း အဆင်မပြေပါဘူး။

တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိသည့်တိုင် ပြဿနာဆိုတာ အခြေအနေ အရပ်ရပ်က ဝင်လာမှာမို့လို့ ဘယ်လိုအခြေအနေရောက်ရောက် တူတူရင်ဆိုင်မယ်ဆိုတဲ့ ရဲဘော်ရဲဘက် စိတ်လည်း လိုတယ်။

နောက်တစ်ခုက ဘေးစကားတွေပါ။ ဘေးစကားဆိုတာမှာလည်း မြန်မာမိသားစုတွေမှာ အတော်စပ်စုပြီး စကားရှုပ်တဲ့ လူတွေ ပါဝင်နေတတ်ပါတယ်။

ကိုယ့်မိသားစု ကိစ္စမဟုတ်ဘဲ ကိုယ်ဘာမှ မသိရဘဲ ဝင်ယောင်၊ ဝင်ရှုပ်တာနဲ့ ရန်ဖြစ် စကားများရတဲ့ လင်၊မယားတွေ အများကြီးပါ။ တကယ်တော့ သူတို့ဟာ ကူညီသလိုလိုနဲ့ အဆင်းဘီးတပ်နေတဲ့ ဆွေမျိုးတွေပါပဲ။

ကျွန်မပြောတာ မြန်မာမိသားစု အတော်များများရဲ့ ဖြစ်နေကြပြဿနာတွေပါ။ ဒီတော့ ဘေးစကားကြောင့် ပြဿနာတက်မယ်ဆို ကိုယ့်လူကိုယ်အသိဆုံးပဲ။

အပြင်လူနဲ့ ကိုယ့်လူဆို ကိုယ့်လူစကားပဲ ယုံရမှာပဲ။ ကိုယ့်လူနဲ့ ကိုယ်ပြဿနာတက်ရင် နှစ်ယောက်လုံး စိတ်ဆင်းရဲရတာ ဘေးလူက အေးဆေး၊ အနေသာကြီး။

ဒါကြောင့် လင်မယား ပြဿနာတက်ရင် ကိုယ့်အချင်းချင်းကြားမှာ ကိုယ့်ဘာသာပဲ ရအောင်ရှင်းပါ။ တစ်ချို့ကိစ္စတွေက အပြင်လူပါမှ ရှင်းမရဖြစ်တတ်တယ်။

နောက် ဘေးပတ်ဝန်းကျင်ရဲ့ ပြောစကားဆိုတာ အင်မတန်မှ အိမ်ထောင်ရေးကို ရိုက်ခတ်ပါတယ်။ မြန်မာ့လူနေမှုမှာ သူများအကြောင်းစပ်စုတာဟာ အလေ့တစ်ခုလို ဖြစ်နေပြီးသားပါ။

ကျွန်မရဲ့ ပုဂ္ဂလအမြင်အရဆိုရင်တော့ စပ်စုတာကို တော်တော်မုန်းတဲ့ထဲ ပါတယ်။ စပ်စုမယ်၊ စကားသယ်မယ်၊ ဒီစကားဟိုပို့လုပ်မယ်၊

ဘာမှမဟုတ်တာကို ပုံကြီးချဲ့မယ် ဒါတွေအားလုံးဟာ မုသာဝါဒထဲမှာ အကျုံးဝင်တယ်။ အတိအကျအနေနဲ့ဆို သမ္ဖပ္ပလာပ လို့ခေါ်တဲ့ သေးနုပ်သိမ်ဖျင်းတဲ့ အတင်းအဖျင်းစကားထဲမှာ အကျုံးဝင်တယ်။

ဒါကိုဘာလို့ ဗုဒ္ဓဘာသာ အမည်ခံပြီး လုပ်နေကြလဲဆိုရင် ဘုရားစကားကို နားမလည်လို့ လို့ပဲပြောရမှာပဲ။

ကျွန်မတို့ မြန်မာနိုင်ငံက မိသားစုတော်တော်များများ၊ လင်မယားကြား မိတ်ဆွေတွေကြား ပြဿနာတက်တာ ခုန သမ္ဖပ္ပလာပကို ပျော်ပျော်ကြီး ကျူးလွန်နေကြလို့။

သူများကို မသိဘဲ ကဲ့ရဲ့တတ်တာလည်း ဝစီကံကျူးလွန်တာပါပဲ။ ကိုယ်တိုင်က မသိလို့ သိတဲ့သူက ပြောရင်လည်း “ဟုတ်လား ငါမှမသိတာ… ငါထင်တာက” ဆိုတာနဲ့ ထင်ကြေးပေးတတ်ခြင်းကလည်း မုသာဝါဒ မြောက်တယ်။

ဒီမုသာဝါဒ သာ ထိန်းနိုင်ကြည့် crime လည်းလျော့သွားမယ်။ ပြဿနာတော်တော်များများလည်း လျော့သွားမယ်။

တစ်ချို့တွေပြောတဲ့ white lie ဆိုတာရှိသေးတယ်။ ဗုဒ္ဓအဘိဓမ္မာမှာ white lie လည်းမရပါဘူး။ မုသာဝါဒက မုသာဝါဒပဲ။

မုသာဝါဒ မလုံတဲ့သူဟာ ဘာသီလမှ မလုံတော့ပါဘူး။ အဲ့ဒါကြောင့် ဘယ်ဆက်ဆံရေးမဆို ကြာရှည်တည်မြဲချင်ရင် အဆုံးစွန်ဆုံး ရိုးသားဖို့လိုတယ်။ ရိုးသားတာကို မကြိုက်တဲ့သူက မရိုးသားချင်လို့ပဲ။ May thaw