ကိုယ့္ကိုယ္ကို ယံုၾကည္မႈေပ်ာက္ဆံုးၿပီး အသံုးမက်ေတာ့သလို ခံစားရတိုင္း ဒီစာေလးကိုဖတ္ပါ

0
53

ကိုယ့္ကိုယ္ကို ယံုၾကည္မႈေပ်ာက္ဆံုးၿပီး အသံုးမက်ေတာ့သလို ခံစားရတိုင္း ဒီစာေလးကိုဖတ္ပါ

ဘယ္သူမဆို ကိုယ့္ကိုယ္ကို ယံုၾကည္မႈအျပည့္ရွိတဲ့ အခ်ိန္ေတြရွိသလို ကိုယ့္ကိုယ္ကို ယံုၾကည္မႈမရွိေတာ့ဘဲ အသံုးမက်တဲ့လူတစ္ေယာက္လို ခံစားေနရတဲ့အခ်ိန္လည္း ရွိတတ္ၾကပါတယ္။

တစ္ေလာကလံုးမွာ ကိုယ္တစ္ေယာက္တည္း သံုးစားမရသလို ခံစားေနရတဲ့အခ်ိန္မ်ိဳးေပါ့။ ကိုယ့္ကိုယ္ကိုလည္း ဘာမွမလုပ္နိုင္ေတာ့ဘူးလို႕ထင္လာတတ္ျပီး၊ အသက္ရွင္ေနရတာကိုေတာင္ ဝန္ထုပ္ဝန္ပိုးလို ခံစားေနရတတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ ကိုယ့္ခံစားခ်က္ေတြကို တစ္ေယာက္ေယာက္ကို ရင္ဖြင့္ေျပာျပတိုင္ပင္ခ်င္ေပမယ့္ ဘယ္သူမွလည္းအနားမွာ မရွိဘူးဆိုရင္ ဒီအခ်က္ေလးေတြကို သတိရလိုက္ပါေနာ္။

(၁) တျခားလူေတြနဲ႕ကိုယ့္ကိုယ္ကို မႏိႈင္းယွဥ္ပါနဲ႕

လူတိုင္းက ေလွ်ာက္ေနတဲ့ လမ္းခ်င္း၊အေျခအေနခ်င္း၊ ၾကိဳးစားအားထုတ္မႈပံုစံခ်င္း မတူၾကတဲ့အတြက္ ေရာက္ေနတဲ့ေနရာလည္း မတူနိုင္ပါဘူး။ ကိုယ့္ကိုယ္ကို သူမ်ားေတြနဲ႕ လိုက္ျပီး ႏိႈင္းယွဥ္ေနတာက စိတ္ပင္ပန္းမႈေတြကလြဲလို႕ ဘာမွျဖစ္မလာပါဘူး။ ဒီေတာ့ ကိုယ္လုပ္ရမယ့္ အလုပ္ေတြကိုသာ အာရံုစိုက္ပါ။

(၂) ကိုယ္လုပ္နိုင္ခဲ့တဲ့အရာေတြကိုျပန္ေတြးပါ

ဘဝတေလွ်ာက္လံုး ဘာတစ္ခုမွ မလုပ္နိုင္ခဲ့တဲ့သူရယ္လို႕ မရွိပါဘူး။ သင့္မွာလည္း အရင္က လုပ္နိုင္ခဲ့တဲ့၊ ေအာင္ျမင္ခဲ့တဲ့အရာေတြ ေသခ်ာေပါက္ ရွိပါလိမ့္မယ္။ အဲ့ဒါေတြကိို ျပန္ေတြးၾကည့္ပါ။ အခုခ်ိန္မွာ အရံႈးသမားတစ္ေယာက္လို ခံစားေနရေပမယ့္ အဲ့ဒီတုန္းကေအာင္ျမင္ေအာင္လုပ္နိုင္ခဲ့တဲ့သူကလည္း သင္ကိုယ္တုိင္ပါပဲ။ ဒီေတာ့ ေနာက္ထပ္ေအာင္ျမင္ေအာင္ မလုပ္နိုင္စရာအေၾကာင္းမရွိဘူးလို႕ ေတြးလိုက္ပါ။

(၃) ေရဆံုးေျမဆံုးေတြးေနတာကိုရပ္ပါ

ေစ့ေစ့ေပါက္ေပါက္ေတြးေခၚတတ္တာက ေကာင္းေပမယ့္ ကိစၥတစ္ခုကို ေရဆံုးေျမဆံုးေတြးျပီး စိတ္ပူပန္ေနတာက မေကာင္းပါဘူး။ ကိုယ္လုပ္ရမယ့္ အရာေတြအတြက္ စိုးရိမ္စိတ္ေတြျဖစ္ေပၚေစျပီး အလုပ္ကိုေနွာင့္ေနွးေစပါတယ္။ ဒါေၾကာင့္ တစ္ခုခုလုပ္ဖို႕ေတြးရင္ ျဖစ္နိုင္ေခ်ရွိတဲ့ အခ်က္တခ်ိဳ႕ကိုသာေတြးျပီး အဆံုးထိမေတြးပါနဲ႕။

(၄) ရလဒ္ထက္ၾကိဳးစားအားထုတ္မႈကို အာရံုစိုက္ပါ

ကိုယ္လုပ္လိုက္တဲ့ အရာတစ္ခု ေအာင္ျမင္မလား၊ က်ရံႈးမလားဆိုတာကို လူတိုင္းသိခ်င္ပါတယ္၊ ေအာင္ျမင္မႈကိုပဲ လိုခ်င္ပါတယ္။ ဒါေပမယ့္ ရံႈးနိမ့္မွာစိုးလို႕ဆိုျပီး ဘာမွမလုပ္ဘဲ ထိုင္ေနလို႕မရပါဘူး။ ဒါေၾကာင့္ ရလာမယ့္ ရလဒ္ထက္ ၾကိဳးစားအားထုတ္မႈကို အာရံုစိုက္ျပီး ကိုယ္တတ္နိုင္သေလာက္ အားစိုက္ထုတ္ျပီး လုပ္ပါ။ အနည္းဆံုးေတာ့ “ငါမလုပ္ခဲ့မိေလျခင္း” ဆိုျပီး ေနာင္တမရရေတာ့ဘူးေပါ့။

(၅) လူအထင္ၾကီးခံခ်င္တဲ့စိတ္မ်ိဳးမထားပါနဲ႕

လူအထင္ၾကီးခံခ်င္တဲ့စိတ္ျဖစ္ေနတဲ့အခါ ကိုယ့္စိတ္ထဲက လုပ္ခ်င္တာထက္ သူမ်ားအျမင္အတြက္ လုပ္ေနတာမ်ိဳးျဖစ္ေနပါလိမ့္မယ္။ အဲ့ဒါက ကိုယ္ရဲ႕ အားစိုက္ထုတ္မႈေတြအတြက္ ပင္ပန္းရသလို ကိုယ္ေမွ်ာ္လင့္ထားသလို လူေတြဆီက အထင္ၾကီးမႈမ်ိဳးမရတဲ့အခါ စိတ္ပင္ပန္းရျပီး အမွန္တကယ္စိတ္ေက်နပ္မႈကို မရေတာ့ပါဘူး။ ဒါေၾကာင့္ ဘာပဲလုပ္လုပ္သူမ်ားေတြအထင္ၾကီးဖို႕ထက္ ကိုယ့္စိတ္ေက်နပ္မႈရွိဖို႕ကို ဦးစားေပးပါ။

(၆) ဆိုရွယ္မီဒီယာေပၚကအရာေတြကိုမယံုပါနဲ႕

ဆိုရွယ္မီဒီယာဆိုတာ လူတိုင္းက ကိုယ့္ရဲ႕အေကာင္းဆံုးဆိုတာေတြကိုသာ ေဖာ္ျပၾကတဲ့ေနရာပါ။ ဒါေၾကာင့္ အမွန္တကယ္အဆင္ေျပေပ်ာ္ရႊင္ေနရဲ႕လားဆိုတာ မေသခ်ာတဲ့လူေတြရဲ႕ ပို႕စ္ေတြကို ဖုန္းထဲကေန ထိုင္ၾကည့္ျပီး ဒီပရက္ရွင္ဝင္ေနတာဟာ အဓိပၸါယ္မရွိပါဘူး။ အဲ့ဒါေတြကို လိုက္ၾကည့္ျပီး ခံစားမေနပါနဲ႕လို႕ ေျပာပါရေစ။

(၇) ကိုယ္ပိုင္ဆိုင္ထားတဲ့ဘဝကို အျပစ္မတင္ပါနဲ႕၊ ေက်းဇူးတင္ပါ

ကိုယ္လက္ရွိပိုင္ဆိုင္ထားတဲ့ဘဝက ျပည့္စံုခ်င္မွျပည့္စံုပါလိမ့္မယ္၊ ျပႆနာေတြလည္း ရွိေကာင္းရွိနိုင္ပါတယ္။ ဒါေပမယ့္ အဲ့ဒါကို အျပစ္မတင္လိုက္ပါနဲ႕။ ကိုယ္ပိုင္ဆိုင္ထားတဲ့ အရာေတြတိုင္းကို ေက်းဇူးတင္ၾကည့္လိုက္ပါ။ အဲ့ဒီလို ေက်းဇူးတင္လိုက္တဲ့အခါ စိတ္ထဲမွာ အဆင္မေျပေနတာ၊ ကိုယ့္ကိုယ္ကို အျပစ္တင္ေနတာေတြ အထိုက္အေလ်ာက္ေလ်ာ့သြားပါလိမ့္မယ္။

MAY THAZINHTOO

Unicode

ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးပြီး အသုံးမကျတော့သလို ခံစားရတိုင်း ဒီစာလေးကိုဖတ်ပါ

ဘယ်သူမဆို ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ အချိန်တွေရှိသလို ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့ဘဲ အသုံးမကျတဲ့လူတစ်ယောက်လို ခံစားနေရတဲ့အချိန်လည်း ရှိတတ်ကြပါတယ်။

တစ်လောကလုံးမှာ ကိုယ်တစ်ယောက်တည်း သုံးစားမရသလို ခံစားနေရတဲ့အချိန်မျိုးပေါ့။ ကိုယ့်ကိုယ်ကိုလည်း ဘာမှမလုပ်နိုင်တော့ဘူးလို့ထင်လာတတ်ပြီး၊ အသက်ရှင်နေရတာကိုတောင် ဝန်ထုပ်ဝန်ပိုးလို ခံစားနေရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ခံစားချက်တွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်ပြောပြတိုင်ပင်ချင်ပေမယ့် ဘယ်သူမှလည်းအနားမှာ မရှိဘူးဆိုရင် ဒီအချက်လေးတွေကို သတိရလိုက်ပါနော်။

(၁) တခြားလူတွေနဲ့ကိုယ့်ကိုယ်ကို မနှိုင်းယှဉ်ပါနဲ့

လူတိုင်းက လျှောက်နေတဲ့ လမ်းချင်း၊အခြေအနေချင်း၊ ကြိုးစားအားထုတ်မှုပုံစံချင်း မတူကြတဲ့အတွက် ရောက်နေတဲ့နေရာလည်း မတူနိုင်ပါဘူး။ ကိုယ့်ကိုယ်ကို သူများတွေနဲ့ လိုက်ပြီး နှိုင်းယှဉ်နေတာက စိတ်ပင်ပန်းမှုတွေကလွဲလို့ ဘာမှဖြစ်မလာပါဘူး။ ဒီတော့ ကိုယ်လုပ်ရမယ့် အလုပ်တွေကိုသာ အာရုံစိုက်ပါ။

(၂) ကိုယ်လုပ်နိုင်ခဲ့တဲ့အရာတွေကိုပြန်တွေးပါ

ဘဝတလျှောက်လုံး ဘာတစ်ခုမှ မလုပ်နိုင်ခဲ့တဲ့သူရယ်လို့ မရှိပါဘူး။ သင့်မှာလည်း အရင်က လုပ်နိုင်ခဲ့တဲ့၊ အောင်မြင်ခဲ့တဲ့အရာတွေ သေချာပေါက် ရှိပါလိမ့်မယ်။ အဲ့ဒါတွေကိို ပြန်တွေးကြည့်ပါ။ အခုချိန်မှာ အရှုံးသမားတစ်ယောက်လို ခံစားနေရပေမယ့် အဲ့ဒီတုန်းကအောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့သူကလည်း သင်ကိုယ်တိုင်ပါပဲ။ ဒီတော့ နောက်ထပ်အောင်မြင်အောင် မလုပ်နိုင်စရာအကြောင်းမရှိဘူးလို့ တွေးလိုက်ပါ။

(၃) ရေဆုံးမြေဆုံးတွေးနေတာကိုရပ်ပါ

စေ့စေ့ပေါက်ပေါက်တွေးခေါ်တတ်တာက ကောင်းပေမယ့် ကိစ္စတစ်ခုကို ရေဆုံးမြေဆုံးတွေးပြီး စိတ်ပူပန်နေတာက မကောင်းပါဘူး။ ကိုယ်လုပ်ရမယ့် အရာတွေအတွက် စိုးရိမ်စိတ်တွေဖြစ်ပေါ်စေပြီး အလုပ်ကိုနှောင့်နှေးစေပါတယ်။ ဒါကြောင့် တစ်ခုခုလုပ်ဖို့တွေးရင် ဖြစ်နိုင်ချေရှိတဲ့ အချက်တချို့ကိုသာတွေးပြီး အဆုံးထိမတွေးပါနဲ့။

(၄) ရလဒ်ထက်ကြိုးစားအားထုတ်မှုကို အာရုံစိုက်ပါ

ကိုယ်လုပ်လိုက်တဲ့ အရာတစ်ခု အောင်မြင်မလား၊ ကျရှုံးမလားဆိုတာကို လူတိုင်းသိချင်ပါတယ်၊ အောင်မြင်မှုကိုပဲ လိုချင်ပါတယ်။ ဒါပေမယ့် ရှုံးနိမ့်မှာစိုးလို့ဆိုပြီး ဘာမှမလုပ်ဘဲ ထိုင်နေလို့မရပါဘူး။ ဒါကြောင့် ရလာမယ့် ရလဒ်ထက် ကြိုးစားအားထုတ်မှုကို အာရုံစိုက်ပြီး ကိုယ်တတ်နိုင်သလောက် အားစိုက်ထုတ်ပြီး လုပ်ပါ။ အနည်းဆုံးတော့ “ငါမလုပ်ခဲ့မိလေခြင်း” ဆိုပြီး နောင်တမရရတော့ဘူးပေါ့။

(၅) လူအထင်ကြီးခံချင်တဲ့စိတ်မျိုးမထားပါနဲ့

လူအထင်ကြီးခံချင်တဲ့စိတ်ဖြစ်နေတဲ့အခါ ကိုယ့်စိတ်ထဲက လုပ်ချင်တာထက် သူများအမြင်အတွက် လုပ်နေတာမျိုးဖြစ်နေပါလိမ့်မယ်။ အဲ့ဒါက ကိုယ်ရဲ့ အားစိုက်ထုတ်မှုတွေအတွက် ပင်ပန်းရသလို ကိုယ်မျှော်လင့်ထားသလို လူတွေဆီက အထင်ကြီးမှုမျိုးမရတဲ့အခါ စိတ်ပင်ပန်းရပြီး အမှန်တကယ်စိတ်ကျေနပ်မှုကို မရတော့ပါဘူး။ ဒါကြောင့် ဘာပဲလုပ်လုပ်သူများတွေအထင်ကြီးဖို့ထက် ကိုယ့်စိတ်ကျေနပ်မှုရှိဖို့ကို ဦးစားပေးပါ။

(၆) ဆိုရှယ်မီဒီယာပေါ်ကအရာတွေကိုမယုံပါနဲ့

ဆိုရှယ်မီဒီယာဆိုတာ လူတိုင်းက ကိုယ့်ရဲ့အကောင်းဆုံးဆိုတာတွေကိုသာ ဖော်ပြကြတဲ့နေရာပါ။ ဒါကြောင့် အမှန်တကယ်အဆင်ပြေပျော်ရွှင်နေရဲ့လားဆိုတာ မသေချာတဲ့လူတွေရဲ့ ပို့စ်တွေကို ဖုန်းထဲကနေ ထိုင်ကြည့်ပြီး ဒီပရက်ရှင်ဝင်နေတာဟာ အဓိပ္ပါယ်မရှိပါဘူး။ အဲ့ဒါတွေကို လိုက်ကြည့်ပြီး ခံစားမနေပါနဲ့လို့ ပြောပါရစေ။

(၇) ကိုယ်ပိုင်ဆိုင်ထားတဲ့ဘဝကို အပြစ်မတင်ပါနဲ့၊ ကျေးဇူးတင်ပါ

ကိုယ်လက်ရှိပိုင်ဆိုင်ထားတဲ့ဘဝက ပြည့်စုံချင်မှပြည့်စုံပါလိမ့်မယ်၊ ပြဿနာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒါကို အပြစ်မတင်လိုက်ပါနဲ့။ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေတိုင်းကို ကျေးဇူးတင်ကြည့်လိုက်ပါ။ အဲ့ဒီလို ကျေးဇူးတင်လိုက်တဲ့အခါ စိတ်ထဲမှာ အဆင်မပြေနေတာ၊ ကိုယ့်ကိုယ်ကို အပြစ်တင်နေတာတွေ အထိုက်အလျောက်လျော့သွားပါလိမ့်မယ်။

MAY THAZINHTOO