တစ်လောကပဲ အိုဂျီဆရာဝန်ဖြစ်ရှာတဲ့ သမီးလေး Dr. ပန်ဂျာထွယ်အကြောင်း…

0
41









unicode

ခင်မင်ရတဲ့ မွေးရပ်ဇာတိမြို့က တစ်ရက်ကွက်တည်းသား အစ်ကိုကြီးဆရာလထွယ်နဲ့အစ်မကြီး လဇွမ်ကိုင်နန် တို့ရဲ့ သမီးလေး……အသက်က(၂၆)နှစ်…..

တစ်လောကပဲ အိုဂျီဆရာဝန်ဖြစ်ရှာတာပါ…..ကျနော်တို့ မျက်စိရှေ့ ကြီးလာခဲ့တဲ့ သမီးလေး….သူ့အဖေရဲ့ ဆိုင်ကယ်စူပါကပ် ပေါ်ဖက်လိုက်နေကျ ကလေးလေး…..

ကျနော် ဆရာလထွယ်နဲ့ ကိုင်းနန်တို့ဆီ သွားလည်တိုင်းရေလာလာခပ်တိုက်ပြီး နေကောင်းလားဦးလေးလို့ မေးတတ်တဲ့သမီးလေး…..လိမ်မာရေးခြားရှိတဲ့ သမီးလေး ……

ဒီမနက် ဖြစ်ခဲ့တဲ့ ဖျာပုံမြို့က ယာဉ်တိုက်မှု အဖြစ်ဆိုးနဲ့မှဖြစ်ရတယ်လို့ဗျာ….. ဖျာပုံမြို့က သူ့အတွက် First Posting ဆိုတာ သိတာတောင် မကြာခဲ့သေးဘူး….

နိုင်ငံ့အတွက်အလုပ်လုပ်မယ့် လူငယ်တစ်ယောက်….စိတ်မကောင်းခြင်း ကြီးစွာနဲ့ ထပ်တူထပ်မျှခံစားရပါတယ်ဗျာ….

ကျန်ရစ်သူ မိသားစု အယောက်ဆီတိုင်းအပေါ် အဖဘုရားရှင်အထံတော်ပါးဆီက နှစ်သိမ့်ဖေးမပေးတဲ့ ဂရုဏာတော် ရရှိခံစားပါစေဗျာ… သမီးလေးပန်ဂျာထွယ်ရေ.. RIP.

ဘုရားအခွင့်အခါပေးလို့ရှိရင် လူတွေရဲ့ဝေဒနာတွေနဲ့ အသက်တွေကို ကူညီပေးဖို့ လူ့ဘဝထဲ တစ်ခေါက်တစ်ခါ လောက်တော့ ပြန်လာခဲ့ပါဦး…..သမီးလေး Dr. ပန်ဂျာထွယ်ရေ😢😢

ဝမ်းနည်းခြင်းများစွာဖြင့် ….အန်ကယ် ပက်ထရစ် / ဇွန် ၁၁ ၂၀၁၉.