အကိုဖြစ်သူနိုင်းနိုင်းနဲ့ ဇာတ်ကားတွဲရိုက်ဖို့ မျှော်လင့်နေတယ်ဆိုတဲ့ အောင်မင်းခန့်

0
185

ယောက်ျားပီသတဲ့ ဘော်ဒီနဲ့ တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ မင်းသားချောကြီး နိုင်းနိုင်းနဲ့ နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားနေတဲ့ မင်းသားချောလေး အောင်မင်းခန့်တို့ ညီအကိုနှစ်ဦးကတော့ အနုပညာလောကမှာ ပရိသတ်အခိုင်အမာရရှိထားသူနှစ်ဦးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေရိုက်ကူးရင်းနဲ့ သရုပ်ဆောင်ပီပြင်တာကြောင့် ပရိသတ်တွေအချစ်ပိုနေရတဲ့ အောင်မင်းခန့်ကတော့ အစ်ကိုဖြစ်သူနိုင်းနိုင်းနဲ့ ညီအစ်ကိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ ဇာတ်မျိုးရိုက်ချင်တယ်လို့ မိုမိုလေးကို ပြောပြလာပါတယ်။ ပရိသတ်တွေကလည်း သူတို့နှစ်ဦးဆုံတဲ့ ဇာတ်လမ်းကို အရမ်းကို စိတ်ဝင်တစားနဲ့ မျှော်လင့်နေကြတာပါ။ ချစ်ပရိသတ်တွေအတွက် အကိုဖြစ်သူနဲ့ ဇာတ်ကားအတူတွဲရိုက်ချင်ကြောင်း ပြောပြလာတဲ့ အောင်မင်းခန့်ရဲ့စကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အောင်မင်းခန့်ကတော့ ” ကျွန်တော် ကျွန်တော့်အကိုနဲ့တွဲရိုက်ဖို့ မျှော်လင့်တယ်ဗျ ကျွန်တော်ကြုံလာဖို့ အရမ်းကို မျှော်လင့်ထားပါတယ် ကျွန်တော်ညီအကိုနှစ်ယောက်ဇာတ်လေးပေါ့နော် တစ်ယောက်ကိုတစ်ယောက်အရမ်းကိုချစ်ကြတယ် ဘယ်သူလာထိထိမခံဘူး အရမ်းစည်းလုံးတယ်ပေါ့နော် အဲ့လိုပုံစံမျိုးလေး တွေးထားတယ် ဒါပေမယ့်လည်း တကယ်တမ်း ကျွန်တော်တို့နှစ်ယောက်ဆုံလာပြီဆိုရင်တော့ ဘယ်လိုဇာတ်လမ်းမျိုးလေးဖြစ်လာမလဲဆိုတာတော့ မသိသေးဘူးပေါ့နော် အမှန်တော့ ကျွန်တော်အခုတလောရိုက်ကူးထားတဲ့ “မနေ့ကဖြစ်သည် ၂”ဇာတ်ကားလေးမှာ ကိုနိုင်းပါမှာပေါ့နော် ဒါပေမယ့် ကားရိုက်တဲ့အချိန်တွေတိုက်နေတာကြောင့် မပါဖြစ်တော့ပဲ ကျွန်တော်နဲ့ မဆုံဖြစ်တာပါ” ဆိုပြီး အကိုဖြစ်သူနိုင်းနိုင်းနဲ့ပတ်သတ်ပြီး ပြောပြသွားပါတယ်။

အဖေချင်းက အမြွှာလို ရုပ်ချင်းတအားတူတော့ ကျွန်တော်တို့ ညီအစ်ကိုဝမ်းကွဲလည်း တူသလိုဖြစ်သွားတယ်။ ငယ်ငယ်က စစ်ဗိုလ်ကြီးဖြစ်ချင်တာ။ အရပ်ရှည်ပေမယ့် ပေါင်ချိန်မပြည့်တော့ အနုပညာလောကထဲ ရောက်လာတယ်။ ကိုနိုင်းက First Idol ၊ ဆရာတစ်ပါးလည်းဖြစ်တယ်။ သူ့ဇာတ်ကားတွေကြည့်ပြီး သရုပ်ဆောင်ကြည့်ချင်တယ်။ ညီအစ်ကိုနှစ်ယောက်အတူတူလုပ်တဲ့ အနုပညာတစ်ခု ဖန်တီးနိုင်အောင် ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

နိုင်းနိုင်းကတော့ လတ်တလောမှာ Event ပွဲတွေရော ပရိသတ်အတွက် ဇာတ်လမ်းသစ်တွေပါ ကြိုးစားပြီး ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

အောင်မင်းခန့်ပါဝင်သရုပ်ဆောင်ထားတဲ့ “မနေ့ကဖြစ်သည် ၂” ဇတ်လမ်းတွဲလေးကလည်း မကြာခင်မှာ ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။ အောင်မင်းခန့်ကတော့ လတ်တလောမှာ ကြော်ငြာလေးတွေ MTV လေးတွေ ရိုက်ကူးဖြစ်နေတာပါ။
နိုင်းနိုင်းနဲ့ အောင်မင်းခန့်တို့ညီအကိုနှစ်ဦး ဆုံတဲ့ ဇာတ်လမ်းလေးထွက်လာရင်လည်း ပရိသတ်တွေက အားပေးကြည့်ရှုလိုက်ကြပါဦးနော်။

(www.myanmarfanpage.com)