သားျဖစ္သူ မင္းသန္႔ေမာင္ေမာင္ရဲ႕ ဆႏၵကို ျဖည့္ဆည္းေပးဖို႔ မျဖစ္ႏိုင္ေတာ့ဘူးဆိုတဲ့ ေမသန္းႏု

0
113

မင္းသန္႔ေမာင္ေမာင္ဟာ လက္ရွိ ႏုိင္ငံရပ္ျခားမွာ ဒါရိုက္တာပညာရပ္ေတြနဲ႔ ပတ္သက္ျပီး သင္ယူေနခဲ့ျပီး

မၾကာေသးခင္ကမွ မိသားစုစံုစံုညီညီနဲ႔အတူ ဘြဲ႕အခမ္းအနားကို တက္ေရာက္ယူခဲ့တာျဖစ္ပါတယ္။

ဘြဲ႕အခမ္းအနားကို ကြဲကြာေနတဲ့ မိဘႏွစ္ဦးလံုးနဲ႔အတူ တက္ေရာက္ခဲ့ရတဲ့အတြက္ သားျဖစ္သူ ရဲ႕ ရင္ထဲက ဝမ္းသာပီတိျဖစ္မွုေတြဟာ အတိုင္းထက္အလြန္ျဖစ္ေနခဲ့ပါတယ္။

မင္းသန္႔ေမာင္ေမာင္ဟာ သူ႔ရဲ႕ ေက်ာင္းဆင္းလက္ရာ ဇာတ္ကား Short Film ေလးတစ္ခုကို ျပသခြင့္ရရွိခဲ့ပါတယ္။

ထို Short Film ေလးထဲမွာေတာ့ မိဘေတြကြဲကြာသြားလို႔ ခံစားေနရတဲ့သားတစ္ေယာက္ရဲ႕ ခံစားခ်က္ေတြကို ရိုက္ကူးပံုေဖာ္ထားတာျဖစ္ပါတယ္။

အဲဒီဗီဒီယိုေလးကိုၾကည့္ျပီး မိဘ ႏွစ္ပါးလံုးျဖစ္တဲ့ စင္ေရာ္ေမာင္ေမာင္နဲ႔ ေမသန္းႏုတို႔က စိတ္မေကာင္းျဖစ္ခဲ့ၾကပါတယ္။

သို႔ေသာ္လည္း သားေလးရဲ႕ ဆႏၵကိုေတာ့ ျဖည့္ဆည္းေပးဖုိ႔ မျဖစ္ႏိုင္ေတာ့ဘူးလို႔ ေမသန္းႏုက ေျပာလာပါတယ္။

“ကိုယ့္ရဲ့ ေဒါသေတြ၊ မာနေတြကို ေရွ့တန္းတင္ အိမ္ေထာင္ေရး အဆင္မေျပျဖစ္ခဲ့ျပီး သားေလး ရဲ့ ခံစားမွဳကို ထည့္မတြက္မိခဲ့ဘူး။

အခု သား ရဲ့ ခံစားခ်က္ေတြကို သိရေတာ့ စိတ္ေတာင္ မေကာင္းဘူး။ တုိက္ေပၚက ခုန္ခ်ခ်င္တာတုိ႔၊

ဓားျမင္ရင္ သူ လုပ္လိုက္ခ်င္တာတုိ႔ အဲဒီစိတ္ေတြက အဲေလာက္ထိ ျဖစ္လိမ့္မယ္လို႔ မထင္ဘူးေပါ့ေနာ္။

သားသားရယ္ အဲေလာက္ထိျဖစ္ရလားလို႔ ဆိုေတာ့ ေမေမမွ မသိတာေပါ့ေနာ္။
သူက အရမ္းေအးတဲ့အခါက်ေတာ့ သူ႔ရဲ႕ရင္ထဲမွာ ဘာေတြျဖစ္ေနမွန္း ကိုယ္က မသိဘူး။

မဆင့္တို႔က လြန္ခဲ့ျပီ။ ကိုယ့္လမ္းကိုယ္ ေလ်ာက္ခဲ့ၾကျပီးျပီမို႔ ကေလးရဲ့ ဆႏၵကို ျပန္ျဖည့္ဆည္းေပးဖို႔ေတာ့ မျဖစ္ႏိုင္ေတာ့ဘူး” လို႔

သားရဲ႕ ဆႏၵကိုမျဖည့္ဆည္းေပးႏိုင္ေတာ့တာနဲ႔ပတ္သက္ျပီး ေမသန္းႏုက ေျပာလာခဲ့ပါတယ္။

Source-MC အင္တာဗ်ဴးမွေျဖၾကားခ်က္အခ်ိဳ႕ကို ေကာက္ႏွုတ္ေဖာ္ျပထားျခင္းျဖစ္ပါသည္။

welovecele

(www.myanmarfanpage.com)

================


Unicode >>>

မင်းသန့်မောင်မောင်ဟာ လက်ရှိ နိုင်ငံရပ်ခြားမှာ ဒါရိုက်တာပညာရပ်တွေနဲ့ ပတ်သက်ပြီး သင်ယူနေခဲ့ပြီး

မကြာသေးခင်ကမှ မိသားစုစုံစုံညီညီနဲ့အတူ ဘွဲ့အခမ်းအနားကို တက်ရောက်ယူခဲ့တာဖြစ်ပါတယ်။

ဘွဲ့အခမ်းအနားကို ကွဲကွာနေတဲ့ မိဘနှစ်ဦးလုံးနဲ့အတူ တက်ရောက်ခဲ့ရတဲ့အတွက် သားဖြစ်သူ ရဲ့ ရင်ထဲက ဝမ်းသာပီတိဖြစ်မှုတွေဟာ အတိုင်းထက်အလွန်ဖြစ်နေခဲ့ပါတယ်။

မင်းသန့်မောင်မောင်ဟာ သူ့ရဲ့ ကျောင်းဆင်းလက်ရာ ဇာတ်ကား Short Film လေးတစ်ခုကို ပြသခွင့်ရရှိခဲ့ပါတယ်။

ထို Short Film လေးထဲမှာတော့ မိဘတွေကွဲကွာသွားလို့ ခံစားနေရတဲ့သားတစ်ယောက်ရဲ့ ခံစားချက်တွေကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။

အဲဒီဗီဒီယိုလေးကိုကြည့်ပြီး မိဘ နှစ်ပါးလုံးဖြစ်တဲ့ စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့က စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

သို့သော်လည်း သားလေးရဲ့ ဆန္ဒကိုတော့ ဖြည့်ဆည်းပေးဖို့ မဖြစ်နိုင်တော့ဘူးလို့ မေသန်းနုက ပြောလာပါတယ်။

“ကိုယ့်ရဲ့ ဒေါသတွေ၊ မာနတွေကို ရှေ့တန်းတင် အိမ်ထောင်ရေး အဆင်မပြေဖြစ်ခဲ့ပြီး သားလေး ရဲ့ ခံစားမှုကို ထည့်မတွက်မိခဲ့ဘူး။

အခု သား ရဲ့ ခံစားချက်တွေကို သိရတော့ စိတ်တောင် မကောင်းဘူး။ တိုက်ပေါ်က ခုန်ချချင်တာတို့၊

ဓားမြင်ရင် သူ လုပ်လိုက်ချင်တာတို့ အဲဒီစိတ်တွေက အဲလောက်ထိ ဖြစ်လိမ့်မယ်လို့ မထင်ဘူးပေါ့နော်။

သားျဖစ္သူ မင္းသန္႔ေမာင္ေမာင္ရဲ႕ ဆႏၵကို ျဖည့္ဆည္းေပးဖို႔ မျဖစ္ႏိုင္ေတာ့ဘူးဆိုတဲ့ ေမသန္းႏု 8

သားသားရယ် အဲလောက်ထိဖြစ်ရလားလို့ ဆိုတော့ မေမေမှ မသိတာပေါ့နော်။
သူက အရမ်းအေးတဲ့အခါကျတော့ သူ့ရဲ့ရင်ထဲမှာ ဘာတွေဖြစ်နေမှန်း ကိုယ်က မသိဘူး။

မဆင့်တို့က လွန်ခဲ့ပြီ။ ကိုယ့်လမ်းကိုယ် လျောက်ခဲ့ကြပြီးပြီမို့ ကလေးရဲ့ ဆန္ဒကို ပြန်ဖြည့်ဆည်းပေးဖို့တော့ မဖြစ်နိုင်တော့ဘူး” လို့

သားရဲ့ ဆန္ဒကိုမဖြည့်ဆည်းပေးနိုင်တော့တာနဲ့ပတ်သက်ပြီး မေသန်းနုက ပြောလာခဲ့ပါတယ်။

Source-MC အင်တာဗျူးမှဖြေကြားချက်အချို့ကို ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

welovecele

(www.myanmarfanpage.com)