မဝယ္ႏုိင္ဘဲ ကားျပခန္းကိုသြားမိလုိ႔ ေမာင္းထုတ္ခံခဲ့ရသူရဲ႕ လွပလြန္းတဲ့ တုန္႔ျပန္မႈ

0
73

အေမရိကန္ ကယ္လီဖုိးနီးယားမွာေနထုိင္တဲ့ အသက္(၂၁)ႏွစ္အရြယ္ George အမည္ရ အမ်ိဳးသားတစ္ေယာက္ဟာ

သာမန္ လက္လုပ္လက္စား ဝန္ထမ္းေလး တစ္ေယာက္ ျဖစ္ပါတယ္။ သူ႕မွာ သာမန္အလုပ္အကုိင္ကုိသာ ပုိင္ဆုိင္ထားၿပီး၊

သူ႕စာရိတ္သူစား၊ သူ႕ရဲ႕အပါးေတာ္ၿမဲ ေခြးေလးနဲ႔ ဘဝကုိ ရသလုိေနထုိင္ေနသူပါ။

George ဟာ ကားေတြကုိ အလြန္သေဘာက်ႏွစ္ၿခိဳက္သူျဖစ္ၿပီး ကားအေရာင္းျပပြဲတုိင္းကို ကိုယ္တုိုင္မဝယ္ႏုိင္ေပမယ့္

ေလ့လာတဲ့သေဘာနဲ႔ သြားေရာက္ၾကည့္႐ႈ႕ေလ့ရွိသူပါ။ ဒါေၾကာင့္ သူေနထုိင္ရာနဲ႔ အနီးအနားမွာရွိတဲ့ ကားအေရာင္းျပပြဲတစ္ခုကို သြားေရာက္ခဲ့ပါတယ္။

ဒါေပမယ့္ ဝန္ထမ္းေတြက George ကို ေငြမတက္ႏုိင္ဘူးဆုိတာ သိၿပီး ေမာင္းထုတ္ခံခဲ့ရပါတယ္။

ဒီအျဖစ္အပ်က္ဟာ တစ္ခုေသာလရဲ႕ စေနေန႔တစ္ခုမွာ ျဖစ္ခဲ့တာပါ။

George ကုိ အေရာင္းမန္ေနဂ်ာက ေမးခြန္းေတြေမးေတာ့ သူက ” လာၾကည့္တာ သက္သက္ပါဗ်ာ “လုိ႔ ႐ုိး႐ုိးသားသား ျပန္ေျဖခဲ့ပါတယ္။

သတင္းမီဒီယာေတြနဲ႔ ေတြ႕ဆုံစဥ္မွာ George က ” တကယ္လည္း က်ေနာ္က ကားေတြကိုခ်စ္လုိ႔ ႐ုိး႐ုိးသားသား သြားၾကည့္ခဲ့တာ “လုိ႔ ေျပာပါတယ္။

သူက ဆက္လက္ၿပီး ” အဲဒီတုန္းက က်ေနာ္က ၾကည့္႐ုံလာၾကည့္တာပါလဲ ေျပာေရာ …

က်ေနာ့္ကို ဆုိင္ထဲကေန ဆြဲထုတ္ဖုိ႔ လုံၿခဳံေရးေတြကို မန္ေနဂ်ာက အမိန္႔ေပးခဲ့တယ္ …

က်ေနာ္ ဘယ္သူ႕ကုိမွလည္း မေႏွာက္ယွက္ပါဘူးဗ်ာ .. ၿပီးေတာ့ တစ္ျခားသူေတြလုိလည္း အစမ္းေမာင္းတာေတြ ဘာေတြ မလုပ္ခဲ့ပါဘူး …

ကုိယ္မွ မဝယ္ႏုိင္ဘဲေလ … “လို႔ ေျပာပါတယ္။

သူက ဆက္လက္ၿပီး ” အေရာင္းဝန္ထမ္း ေခါင္းေဆာင္က … ဒီလူက ငါတုိ႔ဆီက ဘာမွ ဝယ္မယ့္သူ မဟုတ္ဘူး …

သူ႕ဘာသာ ဆင္းရဲငတ္ျပတ္ေနတဲ့ေကာင္ … ဆြဲထုတ္သြားစမ္းလုိ႔ ေျပာခဲ့တယ္ …

ကၽြန္ေတာ့္မွာ ရွက္လြန္းလုိ႔ ေနရာမွာပင္ လဲေသခ်င္ေတာ့တယ္ …

အိမ္ကုိျပန္ေရာက္ေတာ့လည္း စိတ္ဓာတ္က်လြန္းလုိ႔ အခန္းေဖာ္ကိုေတာင္ စကားမေျပာႏုိင္ဘူး “လုိ႔ ေျပာပါတယ္။

George ရဲ႕အျဖစ္အပ်က္ကို သူ႕ရဲ႕မိဘေတြက သိရွိသြားခဲ့ပါတယ္။ ေနာက္ထပ္ တစ္ပတ္ၾကာတဲ့အခါမွာ George ထံကုိ မိဘႏွစ္ပါးက လာေရာက္လည္ပတ္ခဲ့ပါတယ္။

ကားႏွစ္စီးနဲ႔ ေရာက္လာခဲ့တာပါ။ တကယ့္တန္ဖုိးႀကီး ဇိမ္ခံကားတစ္စီးပါဘဲ။

အျဖဴေရာင္ Mercedes Benz C230 အမ်ိဳးအစားကားေလးပါ။ အဲဒီကားေလးက George အတြက္ လက္ေဆာင္ျဖစ္ပါတယ္။

George ဟာ ဝမ္းသာဝမ္းနည္း ခံစားခ်က္ေတြေၾကာင့္ မိဘေတြကို ဖက္ၿပီး ႐ႈိက္ႀကီးတငင္ ငုိခဲ့ရပါတယ္။

အဲဒီေနာက္မွာေတာ့ သူ႕ကို အေရာင္းျပခန္းကေန ေမာင္းထုတ္လုိက္တဲ့ ေနရာကို ေန႔စဥ္ တစ္ေခါက္တစ္ေခါက္ ျဖတ္သန္းေမာင္းႏွင္ၿပီး

သူ႕ကိုေမာင္းထုတ္ခဲ့တဲ့ အေရာင္းဝန္ထမ္းေတြကို ျမင္သာေအာင္ တမင္လုပ္ေလ့ရွိတယ္လုိ႔ ေျပာပါတယ္။

တကယ္ေတာ့ George က သူ႕ေျခေထာက္ေပၚသူရပ္တည္ၿပီး မိဘေတြနဲ႔ တသီးတျခားေနေနတာပါ။ မိဘေတြက က်ိက်ိတက္ ခ်မ္းသာသူေတြ ျဖစ္ပါတယ္။

နတ္စည္ေတာ္ (MyanmarNote)

source : kidsshala.com

Unicode >>>

အမေရိကန် ကယ်လီဖိုးနီးယားမှာနေထိုင်တဲ့ အသက်(၂၁)နှစ်အရွယ် George အမည်ရ အမျိုးသားတစ်ယောက်ဟာ

သာမန် လက်လုပ်လက်စား ဝန်ထမ်းလေး တစ်ယောက် ဖြစ်ပါတယ်။ သူ့မှာ သာမန်အလုပ်အကိုင်ကိုသာ ပိုင်ဆိုင်ထားပြီး၊

သူ့စာရိတ်သူစား၊ သူ့ရဲ့အပါးတော်မြဲ ခွေးလေးနဲ့ ဘဝကို ရသလိုနေထိုင်နေသူပါ။

George ဟာ ကားတွေကို အလွန်သဘောကျနှစ်ခြိုက်သူဖြစ်ပြီး ကားအရောင်းပြပွဲတိုင်းကို ကိုယ်တိုင်မဝယ်နိုင်ပေမယ့်

လေ့လာတဲ့သဘောနဲ့ သွားရောက်ကြည့်ရှု့လေ့ရှိသူပါ။ ဒါကြောင့် သူနေထိုင်ရာနဲ့ အနီးအနားမှာရှိတဲ့ ကားအရောင်းပြပွဲတစ်ခုကို သွားရောက်ခဲ့ပါတယ်။

ဒါပေမယ့် ဝန်ထမ်းတွေက George ကို ငွေမတက်နိုင်ဘူးဆိုတာ သိပြီး မောင်းထုတ်ခံခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ တစ်ခုသောလရဲ့ စနေနေ့တစ်ခုမှာ ဖြစ်ခဲ့တာပါ။

George ကို အရောင်းမန်နေဂျာက မေးခွန်းတွေမေးတော့ သူက ” လာကြည့်တာ သက်သက်ပါဗျာ “လို့ ရိုးရိုးသားသား ပြန်ဖြေခဲ့ပါတယ်။

သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ George က ” တကယ်လည်း ကျနော်က ကားတွေကိုချစ်လို့ ရိုးရိုးသားသား သွားကြည့်ခဲ့တာ “လို့ ပြောပါတယ်။

သူက ဆက်လက်ပြီး ” အဲဒီတုန်းက ကျနော်က ကြည့်ရုံလာကြည့်တာပါလဲ ပြောရော …

ကျနော့်ကို ဆိုင်ထဲကနေ ဆွဲထုတ်ဖို့ လုံခြုံရေးတွေကို မန်နေဂျာက အမိန့်ပေးခဲ့တယ် …

ကျနော် ဘယ်သူ့ကိုမှလည်း မနှောက်ယှက်ပါဘူးဗျာ .. ပြီးတော့ တစ်ခြားသူတွေလိုလည်း အစမ်းမောင်းတာတွေ ဘာတွေ မလုပ်ခဲ့ပါဘူး …

ကိုယ်မှ မဝယ်နိုင်ဘဲလေ … “လို့ ပြောပါတယ်။

သူက ဆက်လက်ပြီး ” အရောင်းဝန်ထမ်း ခေါင်းဆောင်က … ဒီလူက ငါတို့ဆီက ဘာမှ ဝယ်မယ့်သူ မဟုတ်ဘူး …

သူ့ဘာသာ ဆင်းရဲငတ်ပြတ်နေတဲ့ကောင် … ဆွဲထုတ်သွားစမ်းလို့ ပြောခဲ့တယ် …

ကျွန်တော့်မှာ ရှက်လွန်းလို့ နေရာမှာပင် လဲသေချင်တော့တယ် …

အိမ်ကိုပြန်ရောက်တော့လည်း စိတ်ဓာတ်ကျလွန်းလို့ အခန်းဖော်ကိုတောင် စကားမပြောနိုင်ဘူး “လို့ ပြောပါတယ်။

George ရဲ့အဖြစ်အပျက်ကို သူ့ရဲ့မိဘတွေက သိရှိသွားခဲ့ပါတယ်။ နောက်ထပ် တစ်ပတ်ကြာတဲ့အခါမှာ George ထံကို မိဘနှစ်ပါးက လာရောက်လည်ပတ်ခဲ့ပါတယ်။

ကားနှစ်စီးနဲ့ ရောက်လာခဲ့တာပါ။ တကယ့်တန်ဖိုးကြီး ဇိမ်ခံကားတစ်စီးပါဘဲ။

အဖြူရောင် Mercedes Benz C230 အမျိုးအစားကားလေးပါ။ အဲဒီကားလေးက George အတွက် လက်ဆောင်ဖြစ်ပါတယ်။

George ဟာ ဝမ်းသာဝမ်းနည်း ခံစားချက်တွေကြောင့် မိဘတွေကို ဖက်ပြီး ရှိုက်ကြီးတငင် ငိုခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ သူ့ကို အရောင်းပြခန်းကနေ မောင်းထုတ်လိုက်တဲ့ နေရာကို နေ့စဉ် တစ်ခေါက်တစ်ခေါက် ဖြတ်သန်းမောင်းနှင်ပြီး

သူ့ကိုမောင်းထုတ်ခဲ့တဲ့ အရောင်းဝန်ထမ်းတွေကို မြင်သာအောင် တမင်လုပ်လေ့ရှိတယ်လို့ ပြောပါတယ်။

တကယ်တော့ George က သူ့ခြေထောက်ပေါ်သူရပ်တည်ပြီး မိဘတွေနဲ့ တသီးတခြားနေနေတာပါ။ မိဘတွေက ကျိကျိတက် ချမ်းသာသူတွေ ဖြစ်ပါတယ်။

နတ်စည်တော် (MyanmarNote)

source : kidsshala.com