ဂ်ီလတ္ရဲ႕ အစြန္းႏွစ္ဖက္သီခ်င္းနဲ႔ ၾကည့္ရွုသူ (၆) သိန္းေက်ာ္သြားခဲ့တဲ့ ေမလသံစဥ္ရဲ႕ Cover Song

0
87

Cover Song ေလးေတြနဲ႔ ပရိသတ္ေတြၾကား ပိုပိုျပီးလူသိမ်ားလာတဲ့ ေမလသံစဥ္ဟာ နာမည္ၾကီးသီခ်င္းေတာ္ေတာ္မ်ားမ်ားကို Cover Song အျဖစ္ျပန္လည္ဖန္တီးေလ့ရွိသူတစ္ဦးပါ။ အႏုပညာကို ငယ္စဥ္တည္းက ဝါသနာပါသူပီပီ သီခ်င္းေခြေတြလည္းထပ္မံထြက္ရွိေအာင္ ၾကိဳးစားေနတဲ့ အႏုပညာရွင္ေလးတစ္ဦးျဖစ္ပါတယ္။ ေက်ာင္းစာေတြနဲ႔ အႏုပညာၾကားမွာ မလစ္ဟင္းရေလေအာင္ ႏွစ္ခုလံုးကို တြဲျပီးေအာင္ျမင္ေအာင္ ၾကိဳးစားေနတာလည္းျဖစ္ပါတယ္။

အသက္ငယ္ေသးေပမယ့္ အဆုိပါရမီရွိသူတစ္ဦးျဖစ္တဲ့အျပင္ သူမသီဆုိထားတဲ့ Cover Song ေလးေတြဟာလည္း ပရိသတ္ေတြၾကားအျမဲ ေရပန္းစားေနတဲ့ သီခ်င္းေလးေတြလည္း ျဖစ္လာပါတယ္။ မၾကာေသးခင္ကမွလည္း ကိုယ္ေစာင့္နတ္ဆိုတဲ့ Cover Song ေလးနဲ႔ ပရိသတ္ေတြ ႏွစ္သက္သေဘာက်ခဲ့တာလည္းျဖစ္ပါတယ္။ ေမလသံစဥ္ဟာ အရြယ္သံုးပါးမေရြးအားေပးႏွစ္သက္ၾကတဲ့ အမာခံပရိသတ္ေတြ ပိုင္ဆိုင္ထားသူတစ္ဦးပါ။

ေမလသံစဥ္ဟာ အႏုပညာနဲ႔ပတ္သက္လာရင္ အဆိုပိုင္းကိုသာမကဘဲ တူရိယာတီးခတ္တဲ့အပိုင္းေတြမွာပါ ကြ်မ္းက်င္တဲ့ သူျဖစ္ေနျပန္ပါေသးတယ္။ Cover Song ေတြကိုလည္း ကိုယ္တုိင္ဂစ္တာတီးျပီး တီဆိုတတ္တဲ့ ေမလသံစဥ္ဟာ ဒီတေခါက္ သူမ ခ်ျပလိုက္တဲ့ Cover Song ကေတာ့ ပရိသတ္ေတြၾကား ေရပန္းအစားဆံုးျဖစ္ခဲ့ပါတယ္။

ထိုသီခ်င္းေလးကေတာ့ မူရင္းအဆိုေတာ္ ဂ်ီလတ္ရဲ႕ အစြန္းႏွစ္ဖက္ ဆိုတဲ့ သီခ်င္းကို Cover Song အျဖစ္ျပန္လည္ပံုေဖာ္ထားခဲ့တာျဖစ္ပါတယ္။ ပံုစံတစ္မ်ိဳးနဲ႔ ဖန္တီးထားတဲ့ သီခ်င္းေလးကို ပရိသတ္ၾကီးနားဆင္ခံစားလုိ႔ရေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

Video ၾကည့္ရန္

Source : We Love Cele

Video Source-May Melody

(www.myanmarfanpage.com)

===================

Cover Song လေးတွေနဲ့ ပရိသတ်တွေကြား ပိုပိုပြီးလူသိများလာတဲ့ မေလသံစဉ်ဟာ နာမည်ကြီးသီချင်းတော်တော်များများကို Cover Song အဖြစ်ပြန်လည်ဖန်တီးလေ့ရှိသူတစ်ဦးပါ။ အနုပညာကို ငယ်စဉ်တည်းက ဝါသနာပါသူပီပီ သီချင်းခွေတွေလည်းထပ်မံထွက်ရှိအောင် ကြိုးစားနေတဲ့ အနုပညာရှင်လေးတစ်ဦးဖြစ်ပါတယ်။ ကျောင်းစာတွေနဲ့ အနုပညာကြားမှာ မလစ်ဟင်းရလေအောင် နှစ်ခုလုံးကို တွဲပြီးအောင်မြင်အောင် ကြိုးစားနေတာလည်းဖြစ်ပါတယ်။

အသက်ငယ်သေးပေမယ့် အဆိုပါရမီရှိသူတစ်ဦးဖြစ်တဲ့အပြင် သူမသီဆိုထားတဲ့ Cover Song လေးတွေဟာလည်း ပရိသတ်တွေကြားအမြဲ ရေပန်းစားနေတဲ့ သီချင်းလေးတွေလည်း ဖြစ်လာပါတယ်။ မကြာသေးခင်ကမှလည်း ကိုယ်စောင့်နတ်ဆိုတဲ့ Cover Song လေးနဲ့ ပရိသတ်တွေ နှစ်သက်သဘောကျခဲ့တာလည်းဖြစ်ပါတယ်။ မေလသံစဉ်ဟာ အရွယ်သုံးပါးမရွေးအားပေးနှစ်သက်ကြတဲ့ အမာခံပရိသတ်တွေ ပိုင်ဆိုင်ထားသူတစ်ဦးပါ။

မေလသံစဉ်ဟာ အနုပညာနဲ့ပတ်သက်လာရင် အဆိုပိုင်းကိုသာမကဘဲ တူရိယာတီးခတ်တဲ့အပိုင်းတွေမှာပါ ကျွမ်းကျင်တဲ့ သူဖြစ်နေပြန်ပါသေးတယ်။ Cover Song တွေကိုလည်း ကိုယ်တိုင်ဂစ်တာတီးပြီး တီဆိုတတ်တဲ့ မေလသံစဉ်ဟာ ဒီတခေါက် သူမ ချပြလိုက်တဲ့ Cover Song ကတော့ ပရိသတ်တွေကြား ရေပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။

ထိုသီချင်းလေးကတော့ မူရင်းအဆိုတော် ဂျီလတ်ရဲ့ အစွန်းနှစ်ဖက် ဆိုတဲ့ သီချင်းကို Cover Song အဖြစ်ပြန်လည်ပုံဖော်ထားခဲ့တာဖြစ်ပါတယ်။ ပုံစံတစ်မျိုးနဲ့ ဖန်တီးထားတဲ့ သီချင်းလေးကို ပရိသတ်ကြီးနားဆင်ခံစားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

Video ကြည့်ရန်

Source : We Love Cele

Video Source-May Melody

(www.myanmarfanpage.com)