နတ်တလင်းက အကျည်းတန်ဖြစ်ရပ်လိုမျိုးဖြစ်ဖို့ သီသီလေးလွဲသွားခဲ့ပြီး လိမ္မာပါးနပ်စွာအဆုံးသတ်နိုင်ခဲ့တဲ့ သာကေတက ပွဲတစ်ခု

0
137

လွန်ခဲ့တဲ့ ရက်ပိုင်းကမှ နတ္တလင်းမှာ အကျည်းတန်ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဆိုတော်တွေကို ငှားရမ်း ပွဲစီစဉ်ခဲ့ပြီးနောက် လက်မှတ်တွေအကုန်နီးပါးရောင်းချခဲ့ပြီးမှ ပွဲစခါနီးအချိန်မှာ ပွဲစီစဉ်သူကိုမသိရှိရဘဲ ပွဲစီစဉ်သူထွက်ပြေးသွားခဲ့တဲ့ဖြစ်ရပ်မျိုးဖြစ်ပွားခဲ့ပါတယ်။ စရံငွေပင်မချထားခဲ့တာမို့ ပွဲဆက်သီဆိုဖို့ ဖျက်လိုက်ပြီးနောက် လက်မှတ်ငွေပြန်လည်မအမ်းတဲ့အတွက် ငှားရမ်းထားတဲ့ တူရိယာပစ္စည်းများကို ပွဲလာပရိသတ်တွေက ရိုက်ချိုးဖျက်စီးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီးတော့ ဖျက်စီးခံရတဲ့ စက်အဖွဲ့က လာရောက်တိုင်တန်းခြင်းမရှိတဲ့အတွက် ရဲတပ်ဖွဲ့က အရေးမယူထားဘူးလို့လည်း သိရပါတယ်။ အဆိုတော်လပြည့်ကတော့ သူတို့အနေနဲ့ နတ်တလင်းမှာဖြစ်ခဲ့တဲ့ ပြသာနာမျိုးဖြစ်ဖို့ သီသီလေးလွဲသွားခဲ့တဲ့ ၂၀၀၉ ခုနှစ်က ပွဲတစ်ပွဲအကြောင်းကို ပြောပြခဲ့တာဖြစ်ပါတယ်။

“နတ်တလင်းမှာ ပြသာနာတက်သလိုမျိုးဖြစ်ဖို့ သီသီလေးလွဲသွားတဲ့ပွဲပါ မှတ်မိပါသေးတယ် ၂၀၀၉ခုနှစ်က သာကေတ ဘောလုံးကွင်းကြီးထဲမှာပါ ကန်ထရိုက် ထွက်ပြေးသွားတဲ့ပွဲပါ အဲဒီခေတ်က သာကေတဖိုက်တာတွေကို ကျေနပ်အောင်ဖျော်ဖြေပေးခဲ့ရပါတယ် စရံငွေသာရသေးပြီး ပွဲကစချိန်ရောက်ပြီ ကန်ထရိုက်က ပိုက်ဆံတွေယူပြီး လစ်ပြေးသွားပြီ ပြသာနာ မတက်အောင် ပွဲကန်ထရိုက်တော့ မရှိတော့ပေမယ့် ပရိတ်သတ် အတွက် ဆိုပေးမယ်ဆိုပြီး ကြေငြာကာ ဖျော်ဖြေပေးခဲ့ရပါတယ် အဆိုတော်တစ်ယောက်ကို သီချင်းအပုဒ် အများကြီးတော့ မဟုတ်ဘူးပေါ့ ကျွန်တော် သီချင်း လေးပုဒ်တိုက်ထားတာ နှစ်ပုဒ် ဖျော်ဖြေခဲ့ပါတယ် ဖြူဖြူကျော်သိန်းနဲ့ ပွဲသိမ်းခဲ့ပါတယ် ဖြူဖြူကျော်သိန်းက ဒီလောက်ဆိုတာနဲ့ ကျေနပ်ပေးကြဖို့ ဒူးထောက်တောင်းပန်စကားပြောရင်း နှုတ်ဆက်လက်ပြ ပွဲသိမ်းကာ ပိုက်ဆံနဲ့ လက်မှတ်ဝယ်ထားတဲ့ သာကေတ ပရိတ်သတ်ကို ခုံတစ်လုံးမကျိုးပဲ ကျေနပ်သွားအောင် အဆိုတော်တွေကော အတီးသမားများနဲ့ စက်သမားများပါမကျန် ညီညီညွှတ်ညွှတ်လုပ်ဆောင်နိုင်ခဲ့ကြပါတယ် အဲဒီတုန်းက အတီးသမားတွေကို ကျွန်တော်မှတ်မိပါသေးတယ် ကိုဟန်သိန်း – (မြန်မာစာ) ကိုဟန်နရီ -ကိုဘူးသီး-ကိုနိုင်မြတ် တို့ပါပဲ အဓိက ကတော့ တစ်ပုဒ် နှစ်ပုဒ်လောက် ပရိတ်သတ်တွေ စိတ်ကျေနပ်သွားအောင် ဖျော်ဖြေပေးခဲ့ကြလို့ပါပဲဗျာ ချစ်ခင်ရသော သူငယ်ချင်းမိတ်ဆွေများ အားလုံးလည်း ကျန်းမာ ချမ်းသာ အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ” ဆိုပြီး ဒီဖြစ်ရပ်နဲ့ သီသီလေးလွတ်ခဲ့ရတဲ့ ဖြစ်ရပ်ကို မျှဝေပေးထားတာဖြစ်ပါတယ်။We Love Cele

Photos-Facebook & La Pyae