၂၁ ၾကိမ္ေျမာက္ သိန္းတစ္ေသာင္းဆုကို ေဝါျမိဳ ့မွ အသက္ ၈၈ ႏွစ္ရွိေသာ အဘိုးတစ္ဦး ဆြတ္ခူး…

0
107

၂၁ ၾကိမ္ေျမာက္ သိန္းတစ္ေသာင္းဆုကို ေဝါျမိဳ ့မွ အသက္ ၈၈ ႏွစ္ရွိေသာ အဘိုးတစ္ဦး ဆြတ္ခူး

ဒီဇင္ဘာ၁ က ဖြင့္လွစ္ခဲ့သည့္ ၂၁ ႀကိမ္ေျမာက္ ေအာင္ဘာေလ က်ပ္ ၅၀၀ တန္ထီဖြင့္ပြဲတြင္ အျမင့္ဆံုးဆုၾကီးျဖစ္သည့္ သိန္း ၁၀၀၀၀ အထူးဆုႀကီးကို ဆြတ္ခူးသြားသည့္ ပိုင္ရွင္အစစ္အမွန္ထြက္ေပၚလာျပီဟုသိရသည္။

ပဲခူးတိုင္းေဒသၾကီးေဝါျမိဳ ့မွဆြတ္ခူးခဲ့ျခင္းျဖစ္ျပီးေဝါၿမိဳ ့ခ်မ္းျမသာစည္ ၃ လမ္းမွ အသက္ (၈၈)ႏွစ္အရြယ္ရွိ အဘ ဦးက်င္ရိန္က ေရႊျမန္မာ ရတနာမိုး ထီဆိုင္ႀကီးမွကံစမ္းခဲ့သည့္ ဎ ၃၉၃၀၂၀ နံပတ္ျဖင့္ဆြတ္ခူးခဲ့ျခင္းဟုသိရသည္။

ယမန္ေန ့က ပဲခူးျမိဳ ့ရွိ ပင္ရင္းထီဆိုင္ၾကီးတစ္ခုကလည္း အဆိုပါက်ပ္သိန္းတစ္ေသာင္းဆုကို ၄င္းတို ့၏ ထီဆိုင္မွဆြတ္ခူးေပးခဲ့ျပီး ကံထူးရွင္ကို အတည္မျပဳႏိုင္ေသးဟု ေၾကညာခဲ့သည္။

ယေန ့ညဦးပိုင္းတြင္မူ ခိုင္ေရႊဝါထီဆိုင္က ၄င္းတို ့၏ Facebook မွ ကံထူးရွင္ကို ရွာေတြ ့ျပီဟု ေဖာ္ျပခဲ့ျခင္းျဖစ္သည္။

ျပီးခဲ့သည့္ (၂၀ )ၾကိမ္ေျမာက္ က်ပ္သိန္းတစ္ေသာင္းဆုကို ပဲခူးျမိဳ ့မွ စက္ဘီးျပင္ဆိုင္ဖြင့္သည့္ အသက္ ၇၀ေက်ာ္အရြယ္ရွိ အဘိုးႏွင့္အဘြားေမာင္ႏွံက ဆြတ္ခူးခဲ့သည္။

The Ladies News

(www.myanmarfanpage.com)

===================

၂၁ ကြိမ်မြောက် သိန်းတစ်သောင်းဆုကို ဝေါမြို ့မှ အသက် ၈၈ နှစ်ရှိသော အဘိုးတစ်ဦး ဆွတ်ခူး

ဒီဇင်ဘာ၁ က ဖွင့်လှစ်ခဲ့သည့် ၂၁ ကြိမ်မြောက် အောင်ဘာလေ ကျပ် ၅၀၀ တန်ထီဖွင့်ပွဲတွင် အမြင့်ဆုံးဆုကြီးဖြစ်သည့် သိန်း ၁၀၀၀၀ အထူးဆုကြီးကို ဆွတ်ခူးသွားသည့် ပိုင်ရှင်အစစ်အမှန်ထွက်ပေါ်လာပြီဟုသိရသည်။

ပဲခူးတိုင်းဒေသကြီးဝေါမြို ့မှဆွတ်ခူးခဲ့ခြင်းဖြစ်ပြီးဝေါမြို ့ချမ်းမြသာစည် ၃ လမ်းမှ အသက် (၈၈)နှစ်အရွယ်ရှိ အဘ ဦးကျင်ရိန်က ရွှေမြန်မာ ရတနာမိုး ထီဆိုင်ကြီးမှကံစမ်းခဲ့သည့် ဎ ၃၉၃၀၂၀ နံပတ်ဖြင့်ဆွတ်ခူးခဲ့ခြင်းဟုသိရသည်။

ယမန်နေ ့က ပဲခူးမြို ့ရှိ ပင်ရင်းထီဆိုင်ကြီးတစ်ခုကလည်း အဆိုပါကျပ်သိန်းတစ်သောင်းဆုကို ၄င်းတို ့၏ ထီဆိုင်မှဆွတ်ခူးပေးခဲ့ပြီး ကံထူးရှင်ကို အတည်မပြုနိုင်သေးဟု ကြေညာခဲ့သည်။

ယနေ ့ညဦးပိုင်းတွင်မူ ခိုင်ရွှေဝါထီဆိုင်က ၄င်းတို ့၏ Facebook မှ ကံထူးရှင်ကို ရှာတွေ ့ပြီဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် (၂၀ )ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းဆုကို ပဲခူးမြို ့မှ စက်ဘီးပြင်ဆိုင်ဖွင့်သည့် အသက် ရဝကျော်အရွယ်ရှိ အဘိုးနှင့်အဘွားမောင်နှံက ဆွတ်ခူးခဲ့သည်။

The Ladies News

(www.myanmarfanpage.com)