မိုးကုတ် အရေးပေါ်သတင်း နောက်ဆက်တွဲ..ရွာလုံးကျွတ် နီးစပ်ရာထွက်ပြေးကုန်ပြီ..

0
126

အရေးပေါ်သတင်း ရွာလုံးကျွတ် နီးစပ်ရာထွက်ပြေးကုန်ပြီ

မိုးကုတ်မီးလောင်မှု မီးသတ်ကားများ အ၀င်မခံပဲခဲနဲ့ ဝိုင်းထုတ်လွှတ်တဲ့ နောက်ဆက်တွဲ သတင်း အပြည့်အစုံကို ဆက်လက်တင်ပြပေးလိုက်ပါသည်။

၃၁ -၃-၂၀၁၉ ရက်နေ့ ည ၈နာရီ ၂၅ မိနစ်အချိန်ထဲက မိုးကုတ်အနောက်ပိုင်း ဘော်လုံးကြီးရပ်မှာ ကားတွေ ဆိုင်ကယ်တွေ တဲအိမ်တွေ မီးလောင်မှုဖြစ်ပွားလျှက်ရှိရာ နယ်မြေခံ မီးသတ်စခန်းများမှ ထွက်ခွာငြိမ်းသတ်ရန်သွားရောက်လျက်ရှိရာ ရွာမှ အဝင်မခံဘဲ ခဲလုံးများ လောက်လေးခွ များ ဖြင့်မီးသတ်ကားများ မီးသတ်ရဲဘော်များကို ထုနှက်ပစ်ခတ်သောကြောင့် မီးသတ်ကားများရွာထဲဝင်မရကြောင်းသတင်းရရှိပါသည်။ မီးလောင်မှု အရမ်းများပြီး ရွာဘက်ကူးစက်မည်စိုးရိမ်ရကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများမှ လာရောက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ကနဦးသတင်းရရှိပါသည်

မိုးကုတ် ဘောလုံးကြီးရွာတွင် ကုမ္မဏီတစ်ခုကို ရွာသားတွေမီးရှို့ရာမှမီးက ရွာထဲကို ကူးစက်သွားပုံမြင်ကွင်းဖြစ်ပါတယ်။ကားနဲ့ဆိုင်ကယ်တွေကိုအရင်ဦးဆုံး မီးရှို့ခဲ့တယ်လို့ဆိုပါတယ်။ ရွာလုံးကျွတ်နီးစပ်ရာပြေးကုန်ပြီ

တရုတ် ဌေးပိုင်ကုမ္မဏီတစ်ခုနဲ့ ရွာသားများ ပဋိပက္ခဖြစ်ခဲ့ရာမှ ၂ရက်ဆက်တိုက်ရွာသားတွေကို ခြိမ်းခြောက်လို့ ရွာသားများက သီးမခံနိုင်ဘဲ မီးရှို့လိုက်ကြတာဖြစ်တယ်လို့ အဲရွာက ဒေသခံတွေက ပြောပါတယ်။ တရုတ်ပိုင်ကျောက်ကုမ္ပဏီတစ်ခုကို ရွာသားများက မီးရှို့လိုက်ရာမှ မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပြီး ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရ

မိုင်းအနိုင်၊ မားနဂါး မတ်လ ၃၁ ရက်၊ မိုးကုတ်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နောက်ပိုင်း ဘောလုံးကြီးကျေးရွာတွင်ဌေးပိုင်နာမည်ဖြင် တရုတ်ကျောက်ကုမ္ပဏီတစ်ခုနှင် ရွာသားများ ပဋိပက္ခဖြစ်ရာမှ ရွာသားများက အဆိုပါ ကုမ္ပဏီကို ယနေ့ည ၉ နာရီဝန်းကျင်တွင် မီးရှို့လိုက်ပြီး မီးလောင်ကျွမ်းမှုများလာသည့်အတွက် ရွာသားများ ထွက်ပြးတိမ်းရှောင်နေရလျက်ရှိသည်။ ရွာခံ အမျိုးသမီးတစ်ဦးက”အဲကုမ္ပဏီက ဒီနှစ်မှာ သက်တမ်းကုန်သွားပြီလေ။သက်တမ်းကုန်လို့ သူ့တို့လုပ်ငန်းတွေ အကုန်ရပ်ထားတော့ ရွာသားတွေက အဲနားမှာ ကျောက်သွားရှာကြတာ။ အဲဒါကို ကုမ္ပဏီ မန်နေဂျာတွေက ရွာသားတွေကို ခဲနဲ့ထုတယ်။ ပြီးတော့ရဲခေါ်ပြီး ခြိမ်းခြောက်တယ်။ မကျေနပ်ကြလို့ ရွာသားတွေက အဲကုမ္ပဏီကို မီးသွားရှို့လိုက်ကြတာ” ဟု မားနဂါးသတင်းဂျာနယ်သို့ ပြောသည်။

ရှို့လိုက်သည်မီးသည် ထရန်စဖော်မာကို လောင်ရာမှ မီးလောင်ကျွမ်းမှုပိုမိုဖြစ်ပွားခဲ့ပြီး နေအိမ်များ ကူးစက်လာသည်အတွက် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရခြင်းဖြစ်သည်။ “သေနတ်သံလား ပေါက်ကွဲသံလား မသိဘူး အကျယ်ကြီးပဲ မီးလောင်တဲ့အချိန်မှာ။ ခုရွာသားအားလုံး ကြောက်လန့်ပြီး ထွက်ပြေးနေကြပြီ။ နီးစပ်ရာကို အကုန်လုံးထွက်ပြေးကုန်ကြပြီ” ဟု ယနေ့ည ၁၀နာရီတွင်အဆိုပါ အမျိုးသမီးတစ်ဦးက ဆိုသည်။ လက်ရှိ မီးလောင်ကျွမ်းမှုဖြစ်ပွားနေသည့် ကျေးရွာသို့ မီးသတ်ကားများလဲ ရောက်ရှိကာ မီးငြိမ်းသတ်နေဆဲဖြစ်သည်။ Video Credit Marnagar News Journal