ငှက်ပျောတုံးဖက်ရမည့်သူတို့၏ ဝိသေသလက္ခဏာ (၅) ရပ် !

0
98

စီမံကိန်းနဲ့ ငှက်ပျောခြံ စိုက်တော့မေ.. -_-

စင်ဂယ်ဘဝက ကောင်းတာတွေ၊ အာအက်စ်ဘဝမှ သာယာတာတွေ ဘာတွေ ခဏနားဦး။ ဒီတစ်ခါတော့ ငှက်ပျောတုံးဖက်ရကိန်းဆိုက်ေတာ့မယ့် ယောင်းတွေအကြောင်း ပြောပါရစေနော်။ ငှက်ပျောတုံးဆိုတာလည်း ဖက်ချင်တိုင်း ဖက်လို့ရတာ မဟုတ်ပါဘူး။ အခုဖော်ပြမယ့် ဝိသေသလက္ခဏာတွေ ရှိနေမှသာ ငှက်ပျောတုံးဖက်ရမှာပါ။ ဘယ်လို လက္ခဏာတွေလဲဆိုတော့..

၁။ စိမ်ပြေနပြေ ကြေးများတတ်တယ်။

သူများတွေ ချစ်သူကိုယ်စီ ကြည်နူးနေတာ မြင်ရတော့လည်း အားကျသလိုလို… ဒါပေမဲ့ ကိုယ့်ကိုသဘောကျလို့ ချဉ်းကပ်လာတဲ့ သူတွေကိုကျ ဟိုဟာလေး အဆင်မပြေဘူး၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ငါနဲ့မတန်ဘူး စသဖြင့် ကြေးအဖြာဖြာများနေရင်တော့ အနာဂတ်မှာ ငှက်ပျောတုံးဖက်ရဖို့ ရာနှုန်း ၈၀ ပါပဲ။

၂။ ပူပန်လွန်းခြင်း။

ရည်းစားထားဖို့မပြောနဲ့။ ကိုယ့်ကိုတစ်ယောက်ယောက်က ကြိုက်နေတယ်လို့ ကိုယ့်ဟာကိုယ် စိတ်ကြီးဝင်နေတဲ့အချိန်မှာတောင် သူနဲ့တွဲရင် ဘယ်လိုပြဿနာတွေဖြစ်ပြီး၊ ဘယ်လို ရင်ဆိုင်ရမလဲဆိုတာမျိုးကို မဆီမဆိုင် ကြိုတွေးပြီး ပူပန်လွန်းနေရင်တော့ အပျိုကြီး ဖြစ်ဖို့ နီးနေပါပြီနော်…

၃။ အထင်သေးလွန်းတယ်။

အထင်သေးတာမှလည်း အခုနေ စိုင်းစိုင်းက ပရိုပို့စ်လာလုပ်ရင်တောင် ငါနဲ့တန်လို့လားဆိုပြီး တွက်ချက်တွေးခေါ်မယ့်သူတွေရှိပါတယ်။ (ဘစိုင်းသည် နမူနာ သက်သက်သာ.. မယုံရင် လာပြောကြည့်ပါလာ့ ) တချို့ကျတော့လည်း ကိုယ်ကိုယ်တိုင်က အရည်အချင်းရှိပြီး တော်နေလို့ ဘယ်သူ့ကိုမှ မှီခိုအားထားချင်တော့တာမျိုး မရှိဘဲ ငှက်ပျောတုန်းကတော် ဖြစ်တော့တာပါပဲ။

၎။ ကျားဆို အလာဂျီ ထခြင်း။

ဘယ်သူတွေက ခေါင်းထဲရိုက်သွင်းပေးလိုက်တယ်တော့ မသိပါဘူး။ ထစ်ခနဲဆို ယောက်ျားတွေမကောင်းဘူး၊ ယောက်ျားတွေက အဲ့လိုပဲဆိုပြီး ရွတ်နေတာကတစ်မျိုး၊ သူများသမီးရည်းစားပြဿနာတက်ပြီဆို ဘယ်သူ့ဘက်က မှားလဲ မတွေးဘဲ ယောက်ျားလေးဘက်ကိုချည်း အပြစ်ဖို့ အကြံပေးတာက တစ်မျိုးနဲ့ ယောက်ျားမြင်ရင် မျက်လုံးထဲ cross ဖြစ်ပြီး ကြည့်မရရင်တော့ ပရီဝက်ဒင်းဓာတ်ပုံဖိုး သက်သာမှာတော့ သေချာနေပါပြီ။

၅။ ချောလွန်းခြင်း။

အဟင်းဟင်း။ အက်ဒမင့်လိုပေါ့။ ကိုယ်ကအရမ်းချောလွန်းနေတော့ ကိုကိုတွေ၊ မောင်မောင်တွေက အချေခံရမှာကြောက်ပြီး တော်ရုံနဲ့အနားမကပ်ရဲ၊ ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ်အရမ်းနှမြောတော့ ဘယ်သူ့လက်ထဲမှ အရောက်မခံရဲနဲ့ နောက်ဆုံးတော့ငှက်ပျောတုံးရဲ့ဖူးစားဖက်ဖြစ်ရော။ အက်လဲ့။

ဒီအချက်တွေထဲက သုံးချက်လောက်တူနေပြီ ဆိုရင်တော့ ငှက်ပျောပင် စိုက်ပျိုးရေး စီမံကိန်းစဆွဲလို့ရပါပြီလို့

Credit: Christina (For Her Myanmar)