အမျိုးအရင်း၊ သူငယ်ချင်းအရင်းတွေကို ပိုက်ဆံမချေးပေးသင့်တဲ့ အကြောင်းအရင်း ( ၆ ) ခု

0
104

ပိုက်ဆံချေးတဲ့ ကိစ္စကြောင့် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ အမျိုးတွေနဲ့ပဲဖြစ်ဖြစ် အခင်အမင်ပျက်ရတဲ့ အဖြစ်အပျက်တွေ အများကြီးရှိပါတယ်။ တချို့ဆို အရမ်း ခင်ကြတဲ့ သူငယ်ချင်းအရင်းကြီး၊ ချစ်ချစ်ခင်ခင်နေကြတဲ့ အမျိုးအရင်းကြီးတွေက ရုတ်တရက် သူစိမ်းတွေလိုဖြစ်သွားပြီး မျက်နှာပျက်ရတဲ့အထိဖြစ်ရပါတယ်။

တကယ်တော့ အမျိုးအရင်း၊ သူငယ်ချင်းအရင်းတွေကို ပိုက်ဆံမချေးပေးတာက အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ ဒီအကြောင်းရင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။

(၁) ဘယ်နေ့ပြန်ရမယ် မသေချာဘူး

ကိုယ်ရင်းနှီးတဲ့သူတစ်ယောက်ယောက်ကို ပိုက်ဆံချေးပေးတဲ့အခါ ဘယ်နေ့ တော့ပြန်လာပေးပါလို့ေ့ပြာဖို့ခက်သလို၊ ကိုယ်လိုတဲ့အချိန်မှာ ပြန်ရဖို့လည်း မသေချာပါဘူး။ ပိုက်ဆံပြန်ပေးဖို့ စကားစလိုက်တဲ့အခါမျိုးမှာ ကိုယ်က ပြန်အားနာ၊ မျက်နှာပူနေရပြီး ပိုက်ဆံရမယ့်သူကတောင် မျက်နှာငယ်နေတာမျိုး ဖြစ်ရပါတယ်။

(၂) ပြန်တောင်းဖို့ခက်တယ်

တစ်ခါတောင်းလို့မပေးရင် နောက်တစ်ခေါက် ထပ်တောင်းဖို့ ၀န်လေးသွားပြီး ၊ သူ့ဘက်က အလိုက်တသိ မပေးသေးဘူးဆိုရင်တော့ နောက်ထပ်တစ်ခေါက် အားတင်းပြီး တောင်းရတော့တာပေါ့။ ဒုတိယအကြိမ်လည်း မပေးသေးဘူးဆို ရင်တော့ နောက်ထပ် တတိယတစ်ကြိမ် ထပ်တောင်းဖို့ဆိုတာ တော်တော်လေး စဉ်းစားသွားရပါပြီ။

ကိုယ့်ပိုက်ဆံလည်းပြန်ရချင်ပေမယ့် သူ့ဘက်က တစ်ခါလည်းမပေး၊ နှစ်ခါလည်း မပေးနဲ့ဆိုတော့ အတောင်းခံရတဲ့ သူ့ဘက်ကထက် ကိုယ်က ပိုပြီးနေရခက် စိတ် ကျဉ်းကျပ်ရပါတယ်။

(၃) မကြာခဏလာချေးနေနိုင်တယ်

ပထမ တစ်ခေါက်လာချေးလို့ အလွယ်တကူချေးပေးလိုက်တဲ့အခါ နောက်ထပ် နောက် ထပ်တွေလည်း လာချေးနေနိုင်ပါတယ်။ လူရင်းတွေဆိုတော့ ကိုယ့်မှာ လည်း ပိုက်ဆံအဆင်မပြေဘူးလို့ ပြောဖို့ကျတော့ သိပ်အဆင်မပြေနိုင်ပါဘူး။ ဒီတော့ ပထမတစ်ကြိမ်ကတည်းက သေချာစဉ်းစားပြီး ငြင်းသင့်ရင်ငြင်းလိုက်ပါ။ ပိုက်ဆံချေးဖို့ ကိုယ့်ဘက်ကလည်း အကျင့်မလုပ်ပါနဲ့။

(၄) ပိုက်ဆံချေးပေးတာက အကူအညီပေးတာပဲလို့ သတ်မှတ်ထားဖို့မလိုဘူး

ကိုယ်နဲ့ရင်းနှီးတဲ့သူတစ်ယောက်ယောက်က အခက်အခဲတစ်ခုခုဖြစ်နေလို့အကူ အညီ လာတောင်းတဲ့အခါ ကိုယ့်ဘက်က အကူအညီမပေးလိုက်နိုင်ရင် စိတ် မကောင်းဖြစ်ရပါတယ်။

ဒါပေမယ့် လူတိုင်းမှာ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာတစ်ခုအတွင်းမှာပဲ ကူညီလို့ရမှာမို့ ကိုယ့်ကို အကူအညီလာတောင်းတိုင်း မဖြစ်မနေ ကူညီရမယ် ဆိုတဲ့ စိတ်မျိုးဖြစ်နေစရာ မလိုပါဘူး။

ပြီးတော့ ပိုက်ဆံချေးပေးတာက အကူအညီပေးတာလို့ သတ်မှတ်ထားဖို့မလိုပါဘူး၊ ကိုယ်တိုင်လည်း တခြားသူတွေဆီက ဒီလိုအကူအညီမျိုး မတောင်းရအောင် ကြိုးစားမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

(၅) ကိုယ့်မှာလည်းလိုအပ်လာနိုင်တယ်

သူ့ကိုချေးပေးလိုက်ပြီးမှ ကိုယ့်မှာလည်း သုံးစရာပေါ်လာတာမျိုး၊ လုပ်ငန်းအတွက် ကုန်ကျဖို့ပေါ်လာတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်က သူတို့ ကိုချေးပေးလိုက်ရင် ကိုယ့်ဘက်မှာ ရုတ်တရက်လိုအပ်လာတဲ့အခါ ခေါင်းစားရပါ လိမ့်မယ်။

(၆) ပိုက်ဆံရော၊ ခင်မင်မှုရော နှစ်မျိုးလုံးဆုံးရှုံးသွားနိုင်တယ်

လူရင်းတွေကို ပိုက်ဆံချေးတာက ပြန်တောင်းတဲ့အခါလည်း မကောင်းသလို၊ သူတို့ပေးတဲ့အထိ စောင့်နေဖို့ကလည်း အဆင်မပြေတာမျိုးတွေဖြစ်လာတတ်ပြီး ပြဿနာတစ်ခုခုဖြစ်လာရင်လည်း ပိုက်ဆံရော၊ ခင်မင်မှုရော နှစ်မျိုးလုံး ဆုံးရှုံးသွား နိုင်တာကြောင့် အဲ့လိုလူရင်းတွေ ပိုက်ဆံလာချေးရင် သေသေချာချာ စဉ်းစားပြီးမှ ချေးပေးပါ။

Credit:mmcelesmedia