ပွဲစီစဉ်သူတွေ မမှန်မကန်လုပ်တာကို ဒဲ့ပြောလိုက်တဲ့ ဆုပန်ထွာခင်ပွန်း

0
132

မင်းသမီး ဆုပန်ထွာရဲ့ ခင်ပွန်း ကိုဥက္ကာကျော် ပွဲကြမ်းပြီလေ

ပွဲစီစဉ်သူတွေ မမှန်မကန်လုပ်တာကို ဒဲ့ပြောလိုက်တဲ့ ဆုပန်ထွာခင်ပွန်း

မြန်မာအနုပညာလောကမှာ ခြေချလာတာ ကြာပြီဖြစ်တဲ့ မင်းသမီးချော တယောက်ဖြစ်တဲ့ ဆုပန်ထွာကတော့ လက်ရှိချိန်မှာ အနုပညာလုပ်ငန်းတွေသိပ်ပြီးတော့ မလုပ်တော့ပေမယ့်လည်း သူ့အနေနဲ့ ပွဲတွေကိုသွားရောက် ဖျော်ဖြေမှုတွေတော့ ရှိပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်မှာလည်း ဆုပန်ထွာကတော့ ပွဲတပွဲကို သွားရောက် ဖျော်ဖြေပေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ သွားရောက်ဖျော်ဖြေတဲ့နေရာမှာ အဆင်မပြေမှုတွေ ကြုံခဲ့ရပြီး အဲ့လို အဆင်မပြေဖြစ်မှုတွေကိုတော့ ဆုပန်ထွာရဲ့ အမျိုးသားဖြစ်သူ ကိုဥက္ကာကျော်ကတော့ သူ့ရဲ့ဖေ့ဘုတ်ပေါ်မှာ ရင်ဖွင့်သွားခဲ့ပါတယ်။

ဆုပန်ထွာတို့ ကြုံခဲ့ရတဲ့ အခက်ခဲလေးတွေကိုလည်း ပရိသတ်သိအောင် ဖော်ပြပေးလိုက်ပါတယ်။

ဆုပန်ထွာရဲ့ အမျိုးသားဖြစ်သူ ကိုဥက္ကာကျော်ကတော့ ပွဲဖျော်ဖြေမှုမှာ အဆင်မပြေမှုနဲ့ ပတ်သက်ပြီး “ရတဲ့ငွေနဲ့ ဖျော်ဖြေရတာနဲ့တန်ရဲ့လား မိန်းမရေ။ နောက်တခါ အကူညီတောင်းလို့ကတော့ Sorry ပါနော် ကိုကို ပါပဲ။ ပထမ “ရန်ကုန်မှာ” ဆိုရမယ်ပြောတယ်။ စေတနာအပြည့်နဲ့။ အဲ့တော့ Dancer တွေငှား (စရံငွေတွေပေး) ဆံပင်လေးတွေတောင်ကျစ်စံမှီးကျစ် အဝတ်အစားတွေစီစဉ် စသည်ဖြင့်ပေါ့လေ။

သူ့ခမျာပွဲစည်ဖို့ ရမည့်အနုပညာကြေးနဲ့ တန်အောင်လည်းဖျော်ဖြေချင်သေးတာ။ နောက် တောင်ငူပြောတယ်။ အဲဒီမှာ Dancer တွေက တောင်ငူဆိုမလိုက်တော့ဘူး။ ဈေးပြောင်းသွားတယ်။ Dancer တွေလည်းငှားပြီးတော့ ရန်ကုန်မဟုတ်တော့ဘူးဆိုတော့ ကွိုင်တွေတက်။ နောက်ဆုံး သာယာဝတီပြောင်းပြောပြန်ရော။

သာယာဝတီကို Dancer ကလေးတွေလိုက်ဖြစ်အောင် အဆင်ပြေအောင်လုပ်ပေးရသေးတယ်။ ငွေရေးကြေးရေးအကြောင်းစပြောတော့မယ်။ ပွဲလည်းပြီးရော သိန်း၄၀တဲ့ ဟားဟား

သင်္ကြန်တွင်းမှာဖျော်ဖြေရတဲ့ အနုပညာရှင်တွေအားလုံးသိကြပါတယ်။ ဒါသက်သက်စော်ကားတာ။ မယူနဲ့တော့မိန်းမရေ။ ပြန်လာခဲ့တော့လို့ ပြောပြီးပြန်လာခိုင်းလိုက်တယ်။ ညဖက် အချိန်မတော် ပိုက်ဆံမရတဲ့ ပွဲတွေကူဆိုပေးပါဆိုလည်း ချက်ချင်းပြင်ဆင်၊ ကလေးကိုထားခဲ့ပြီး ကိုယ်တိုင်မောင်းပို့ခဲ့ရတာတွေလည်းမနည်း အလှူပွဲမို့လို့မေတ္တာနဲ့ဆိုပေးပါ ဆိုလည်း တပြားမှမရလည်း မိန်းမက သူဖျော်ဖြေနေရရင်ပြီးရော နယ်တွေဆိုလည်း သူ့ခမျာသွားဆိုပေးရရှာတယ်။

သူတို့ပေးတဲ့ စောက်စုတ်ပလုတ် သိန်း၄၀လောက်လေးကို မယူနဲ့တော့မိန်းမရေ ပရိတ်သတ်တွေကိုဖျော်ဖြေပေးရတာအမြတ်ပဲ၊ ပရိတ်သတ်တိုးတယ်၊ပြန်သာလာခဲ့တော့ဆိုပြီး ညတွင်းချင်း ပြန်ခေါ်လိုက်တယ်။

အနုပညာအသိုင်းဝိုင်းထဲက အဆက်အသွယ်ရှိတဲ့လူတွေကို မသိလို့ မေးဦးမယ် ခိုခိုကပြောလိုက်သေးတယ် သူကစေတနာနဲ့လုပ်ပေးတာဆိုပေမည့် ခိုခို့ကို ရတဲ့ ပိုက်ဆံထဲက 10%ပေးရမယ်လို့ အနုပညာသမားတိုင်းကိုကြိုပြောထားတာလည်း ခိုခိုကြီးပဲမို့လား။

နောက်တခုက သင်္ကြန်ရက်နီးလာရင် ဘယ်အနုပညာသမားမဆို ပွဲချိတ်ပေးဖို့ တစ်ယောက်နဲ့တစ်ယောက် Phone တွေဆက်ပြောကြတာလည်း ထုံးစံပဲမဟုတ်လား သူကပြောလိုက်သေးတယ် ဒဲ့မကစ်ချင်သေးလို့တို့ မလွှတ်ချင်သေးလို့တို့ ဟာဟ နောက်သိန်း ၂၀ထပ်တိုးပေးတယ်။ Total သိန်း၆၀ ယူလိုက်ပါတယ်။

ကျွန်တော့မိန်းမ သင်္ကြန်ပွဲတိုင်း တခါမှ ၁၀၀ အောက်မကျခဲ့ဖူးတာ ဒီနှစ်တော့ အမှတ်တရပဲ။ Okay နောက် ကျွန်တော့မိန်းမကို ပိုက်ဆံရရမရရ ဘယ်ပွဲမှမခေါ်ပါနဲ့တော့ အကို ခု ခင်ဗျား လွှတ်ချင်လွှတ်တော့။ ကျွန်တော်တော့လွှတ်ပြီးပြီ” ဆိုပြီး ဆုပန်ထွာရဲ့ခင်ပွန်း Okkar Kyaw မှ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားတာကို တွေ့ရပါတယ်။

NANMALGYI