၁၆ နှစ်သာရှိသေးတဲ့ သူငယ်ချင်းရဲ့သမီးကို အရယူနိုင်ခဲ့တဲ့အမျိုးသား

0
132





Credit – Shweinnlay

Post Views: 350

unicode

၁၆ နှစ်ပဲရှိသေးတဲ့ သူငယ်ချင်းရဲ့သမီးကို အရယူခဲ့တဲ့အမျိုးသား

အသက် ၄၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘတ်စ်ကားဒရိုင်ဘာဟာ သူငယ်ချင်းရဲ့ အသက် ၁၆ နှစ်အရွယ်သာရှိသေးတဲ့သမီးဖြစ်သူကို ချစ်မိခဲ့တာကြောင့် ဝေးလ်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ၎င်းရဲ့အိမ်ကနေ ကလေးမုဒိမ်းကောင်လို့ နာမည်တပ်ပြီး မောင်းထုတ်ခံခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်

အန်ဒီလို့ အမည်ရတဲ့ အမျိုးသားဟာ ယခုအခါ အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘာ့သ်တဲလ်ဖို့ဒ်နဲ့ ပေါင်းသင်းခဲ့တာ ၃ နှစ်ရှိပြီဖြစ်တဲ့ ၎င်းတို့ရဲ့ဇာတိမြို့ဖြစ်တဲ့ လန်ဒက်နိုမြို့မှာ ပြန်လည်နေထိုင်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။ အန်ဒီတို့ ဇနီးမောင်နှံဟာ မောင်းထုတ်ခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အသက်အရွယ်ကွာခြားတဲ့အချစ်ဆိုတဲ့ ခေါင်းစဉ်နဲ့ တီဗွီရှိုးမှာ ပြသခြင်းခံနေရပါတယ်။

အန်ဒီနဲ့ ဘာ့သ်ရဲ့မိခင်ဖြစ်သူတို့ဟာ မိတ်ဆွေတွေဖြစ်ကြပြီး ဘာ့သ်ဟာ အန်ဒီရဲ့မျက်စိရှေ့မှာတင် ကြီးပြင်းလာတဲ့ကလေးတစ်ဦးဖြစ်ပေမယ့် အသက် ၁၆ နှစ်အရွယ်မှာ အန်ဒီနဲ့ ဘာ့သ်တို့ရဲ့အချစ်ဇာတ်လမ်းက စတင်ခဲ့တာပါ။ ဘာ့သ်ဟာ အန်ဒီနဲ့ လက်ထပ်ဖို့ ခွင့်မပြုခဲ့တဲ့ မိခင်ဖြစ်သူနဲ့ လက်ရှိအချိန်မှာ အဆက်အဆံမရှိတော့ဘူးလို့ သိရပါတယ်။ အန်ဒီရဲ့ကားပေါ်မှာ ကလေးမုဒိမ်းကောင်ဆိုတဲ့စာလုံးကို သံချွန်နဲ့ ရေးသားသွားခဲ့တဲ့အထိ နှောင့်ယှက်မှုကို ခံစားခဲ့ရတယ်လို့ အန်ဒီက ၎င်းတို့အချစ်ရေးသတင်း ပျံ့နှံသွားပြီးနောက် ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်ပြောပြခဲ့ပါတယ်။

အန်ဒီနဲ့ ဘာ့သ်တို့ဟာ ဝေးလ်မြောက်ပိုင်းမှာ အကျဉ်းချုံးမင်္ဂလာဆောင်ခဲ့ကြပြီး လက်ရှိအချိန်မှာတော့ သား ၂ ဦးဖြစ်ကြတဲ့ အသက် ၂ နှစ်အရွယ် တင်မီ၊ ၁ နှစ်သားအရွယ် ကွန်းဝေးတို့နဲ့အတူ လန်ကက်ရှိုင်းယားမှာ နေထိုင်နေပါတယ်။

Credit – Shweinnlay