
0
118







Credit – Orginal Writer

For Unicode

အရမ်းချစ်တယ်ဆိုရင် စောင့်လိုက်ပါ

လူတစ်ယောက်ကို တကယ် ချစ်တယ် ဆိုရင် စောင့်ဆိုင်းခြင်းကို လေ့ကျင့် သင်ယူပါ…

ဒီနေ့ အတွက် ကိုယ်နဲ့ အတူတူ ဘေးနားမှာ မရှိနိုင်ပေမယ့် နောင် အနာဂတ် အတွက်တော့ သူ တစ်နေ့ ကိုယ့်အနားကို ရောက်လာနိုင်ပါတယ်..

လူတစ်ယောက်ကို တကယ် ချစ်တယ် ဆိုရင် စိတ်ရှည် သည်းခံခြင်းကို လေ့လာသင်ယူပါ..

ဒီနေ့အတွက်သာ ကိုယ့်အချစ်ကို သက်သေ မပြနိုင်သေးပေမယ့် နောင်အနာဂတ် အတွက်တော့ တကယ် စစ်မှန်ရင် သူ နားလည်လာနိုင်ပါတယ်…

ကိုယ့် တကယ် အလိုရှိတဲ့သူကို မျှော်လင့် စောင့်စားရတယ် ဆိုတာ နာကျင်စရာ အကောင်းဆုံးပါပဲ..

ဒါပေမယ့် လက်လျှော့ လိုက်ရတဲ့ ဘဝမှာ တစ်သက်တာ နောင်တတွေ ပါသွားခဲ့ရင်တော့ ပိုပြီးတော့ အရမ်း နာကျင်စရာ ကောင်းပါလိမ့်မယ်..

Credit – Orginal Writer