ကမာၻ႔အဆင့္ ၈၄ ထိတက္လာတဲ့ ျမန္မာၾကက္ေတာင္ရိုက္ အားကစားမယ္ သက္ထားသူဇာ…

0
48

ကမာၻ႔အဆင့္ ၈၄ ထိတက္လာတဲ့ ျမန္မာၾကက္ေတာင္ရိုက္ အားကစားမယ္ သက္ထားသူဇာ

ျမန္မာၾကက္ေတာင္ရိုက္ အားကစားမယ္ မသက္ထားသူဇာဟာ ကမၻာ့ၾကက္ေတာင္႐ိုက္ အဖြဲ႔ခ်ဳပ္က မေန႔က ထုတ္ျပန္လိုက္တဲ့ ကမာၻ႔အဆင့္သတ္မွတ္ခ်က္မွာ အဆင့္ ၈၄ အထိ တက္လာပါတယ္။

၂၀၂၀ အိုလံပစ္ၿပိဳင္ပြဲဝင္ခြင့္ရဖို႔ ႀကိဳးပမ္းေနတဲ့ မသက္ထားသူဇာဟာ ဇူလိုင္လ ၇ ရက္က အိုင္ဗရီကို႔စ္ႏိုင္ငံမွာ က်င္းပခဲ့တဲ့ International Series ၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲမွာ ဗိုလ္စြဲၿပီး ခ်န္ပီယံဆု ထပ္မံဆြတ္ခူးရရွိၿပီးေနာက္ ခုလို ကမၻာ့အဆင့္တက္လာတာပါ။

ဒီၿပဳိင္ပြဲေတြမတိုင္ခင္က ကမာၻ႔အဆင့္ သတ္မွတ္ခ်က္ ၁၀၁ ရွိေနရာကေန အဆင့္ ၁၇ ဆင့္ ထပ္ခုန္တက္လာၿပီး အဆင့္ ၈၄ ထိေရာက္ရွိလာတာလည္းျဖစ္ပါတယ္။မသက္ထားသူဇာဟာ ၂၀၁၈ ေအာက္တိုဘာကေန ၂၀၁၉ ဇူလိုင္လအထိ ႏိုင္ငံတကာ ၿပိဳင္ပြဲေတြမွာ ခ်န္ပီယံဆု ေျခာက္ႀကိမ္၊ ဒုတိယဆု တႀကိမ္ရထားပါတယ္။

လာမယ့္ ၾသဂုတ္လအတြင္း ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာက်င္းပမယ့္ Lagos International Badminton Classics 2019 ၿပဳိင္ပြဲမွာပါဝင္ ယွဥ္ၿပိဳင္ဖို႔ရွိေနပါတယ္။

အသက္ ၂၀ အရြယ္ရွိ မသက္ထားသူဇာဟာ ႏို္င္ငံတကာၿပဳိင္ပြဲေတြမွာ ၀င္ေရာက္ယွဥ္ၿပဳိင္ခဲ့ ရာမွာ ၄၇ ပြဲႏိုင္ ၁၅ ပြဲ႐ံႈးထားၿပီး ၿပဳိင္ပြဲအရပ္ရပ္ကေန ရရွိတဲ့ ဆုေၾကးေငြေပါင္း အေမရိကန္ ေဒၚလာ ၆၇၀၀ ေက်ာ္ရရွိ ထားပါတယ္။

ခုလဆန္းပိုင္းက က်င္းပတဲ့ ျမန္မာအမ်ိဳးသမီးမ်ားေန့ အထိမ္းအမွတ္ပြဲမွာ မသက္ထားသူဇာကို ႏိုင္ငံေတာ္အစိုးရက “အားကစားထူးခၽြန္”ဆု ဂုဏ္ျပဳေပးအပ္ ခ်ီးျမႇင့္ထားပါတယ္။

Credit-hlataw

Unicode

ကမ္ဘာ့အဆင့် ၈၄ ထိတက်လာတဲ့ မြန်မာကြက်တောင်ရိုက် အားကစားမယ် သက်ထားသူဇာ

မြန်မာကြက်တောင်ရိုက် အားကစားမယ် မသက်ထားသူဇာဟာ ကမ္ဘာ့ကြက်တောင်ရိုက် အဖွဲ့ချုပ်က မနေ့က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် ၈၄ အထိ တက်လာပါတယ်။

၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ မသက်ထားသူဇာဟာ ဇူလိုင်လ ၇ ရက်က အိုင်ဗရီကို့စ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ International Series ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ချန်ပီယံဆု ထပ်မံဆွတ်ခူးရရှိပြီးနောက် ခုလို ကမ္ဘာ့အဆင့်တက်လာတာပါ။

ဒီပြိုင်ပွဲတွေမတိုင်ခင်က ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၁၀၁ ရှိနေရာကနေ အဆင့် ၁၇ ဆင့် ထပ်ခုန်တက်လာပြီး အဆင့် ၈၄ ထိရောက်ရှိလာတာလည်းဖြစ်ပါတယ်။မသက်ထားသူဇာဟာ ၂၀၁၈ အောက်တိုဘာကနေ ၂၀၁၉ ဇူလိုင်လအထိ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ချန်ပီယံဆု ခြောက်ကြိမ်၊ ဒုတိယဆု တကြိမ်ရထားပါတယ်။

လာမယ့် သြဂုတ်လအတွင်း နိုင်ဂျီးရီးယားနိုင်ငံမှာကျင်းပမယ့် Lagos International Badminton Classics 2019 ပြိုင်ပွဲမှာပါဝင် ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။

အသက် ၂၀ အရွယ်ရှိ မသက်ထားသူဇာဟာ နို်င်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ရာမှာ ၄၇ ပွဲနိုင် ၁၅ ပွဲရှုံးထားပြီး ပြိုင်ပွဲအရပ်ရပ်ကနေ ရရှိတဲ့ ဆုကြေးငွေပေါင်း အမေရိကန် ဒေါ်လာ ၆၇၀၀ ကျော်ရရှိ ထားပါတယ်။

ခုလဆန်းပိုင်းက ကျင်းပတဲ့ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲမှာ မသက်ထားသူဇာကို နိုင်ငံတော်အစိုးရက “အားကစားထူးချွန်”ဆု ဂုဏ်ပြုပေးအပ် ချီးမြှင့်ထားပါတယ်။

Credit-hlataw