တစ္ပတ္စာ ေဟာစာတမ္း…

0
76

11.7.2019 မွ 17.7.2019 အထိ တစ္ပတ္စာ၇ရက္သားသမီးေဟာစာတမ္း

တနဂၤေႏြ

ဒီကာလအတြင္းအလုပ္ေတြကိုေကာင္းစြာ ဦးေဆာင္လုပ္ကိုင္ႏုိင္ပါလိမ့္မယ္။အခ်ိန္တိုအတြင္း မိမိလုပ္ခ်င္ တာေတြၿပီးဆံုးေအာင္လုပ္သြားႏုိင္ပါလိမ့္မယ္။ စိတ္ထဲရည္ရြယ္ထားသမွ် လက္ေတြ႔မွာအေကာင္အထည္ေဖာ္သြား ႏိုင္မဲ့ကာလပါပဲ။ ေရွ႕ထြက္ေဆာင္ရြက္ျခင္းမ်ား၊ လုပ္ငန္းခြင္အတြင္း ေခါင္းေဆာင္စိတ္နဲ႔ႀကိဳးစားျခင္းမ်ားကဒီကာ လမွာ လူႀကီးေတြရဲ့မ်က္စိက်ျခင္းကိုရရွိပါလိမ့္မယ္။ ကိုယ္ပိုင္အလုပ္မ်ားအဆင္မေျပတာရွိရင္ေတာ့ ဖခင္ဆီက အၾကံဥာဏ္ယူတုိင္ပင္ၾကည့္လိုက္ပါ။ အိမ္တြင္းေရးမိသားစုအေရးကိစၥမ်ား အဆင္ေျပစိတ္ခ်မ္းသာရပါလိမ္မယ္။ မိမိသြားလုိတဲ့ခရီးေတြသြားခြင့္ၾကံဳရတတ္ပါတယ္။

အလုပ္ေတြနဲ႔ပက္သက္ၿပီး ထပ္ခ်ဲ႕မယ္ဆုိရင္လဲ ဒီကာလမွာ အေကာင္အထည္ေဖာ္ေဆာင္ရြက္ႏိုင္ပါတယ္။ ေငြေၾကးနဲ႔ပက္သက္ၿပီးခက္ခဲေနတာမ်ိဳးရွိေနရင္လဲေျပလည္မႈေတြ ရသြားတတ္ပါတယ္။ က်န္းမာေရးကေတာ့ အနည္းငယ္အားနည္းေပမဲ့ကုသလြယ္တဲ့ေရာဂါပဲျဖစ္ပါလိမ့္မယ္။ အခ်စ္ေရးအတြက္စိတ္ခ်မ္းသာရပါလိမ့္မယ္။ ခ်စ္သူရဲ့အထင္ႀကီးအားကိုးျခင္းကိုခံရပါလိမ့္မယ္။ အိမ္ေထာင္ေရး မွာေတာ့အနည္းငယ္သေဘာထားကြဲလြဲစရာေတြျဖစ္ရတတ္ပါတယ္။ ပညာေရးအလြန္ေကာင္းေနမည္။

အက်ိဳးေပးဂဏန္း 1/6/9

အထူးေဟာ ကံျမင့္မားေနပါလိမ့္မယ္။

ယၾတာ အုန္းညႊန္႔ ၆ညႊန္႔ဘုရားကပ္လွဴပါ။

တနလၤာ

ဒီကာလအတြင္းမိမိအတြက္ေကာင္းေသာအယူအဆစိတ္ကူးေတြ ေတြးမိစိတ္ကူးမိေနတတ္ပါတယ္။ အၾကံ ေကာင္းတစ္ခ်က္ေၾကာင့္ပဲ အရမ္းအဆင္ေျပသြားၾကသူေတြေတြ႔ဖူးပါလိမ့္မယ္။ မိမိရတဲ့အၾကံဥာဏ္ေတြကိုေကာင္း စြာအသံုးခ်တတ္ဖု႔ိလိုအပ္ပါတယ္။ လူခ်စ္လူခင္မ်ားေနတတ္ပါတယ္။ မိမိကိုကူညီမဲ့သူေတြရွိေနတတ္ပါတယ္။ ေငြ ေၾကးကိစၥမ်ား ေျပာဆုိေဆာင္ရြက္လုိ႔ေကာင္းပါတယ္။ တန္ဖိုးထားစရာလက္ေဆာင္ပစၥည္းမ်ားလဲ ရလာတတ္ပါ တယ္။ အလုပ္နဲ႔ပက္သက္ၿပီးေတာ့လဲ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔လက္တြဲညီညီလုပ္ကိုင္ႏုိင္ပါလိမ့္မယ္။

ကိုယ္ပုိင္စီး ပြားေရးမ်ား ရင္းႏွီးျမဳပ္ႏွံခ်င္တယ္ဆိုရင္ေတာ့ ဒီေန႔မွာအဆင္ေျပတိုးတတ္ပါလိမ့္မယ္။ ကား၀ယ္ျခင္း၊ကားေရာင္း ျခင္း၊အလဲအထပ္လုပ္ျခင္းမ်ား ဒီကာလမွာလုပ္သင့္ပါတယ္။ က်န္းမာေရးနဲ႔ပက္သက္ၿပီးေတာ့လဲ အားရစရာ ေကာင္းပါတယ္။ က်န္းမာေရးညံ့ေနသူေတာင္ နလန္ျပန္ထူလာမဲ့ကာလပါပဲ။ အခ်စ္ေရးအထူးေကာင္းတယ္။ ခ်စ္ ရသူနဲ႔ ၾကည္ႏူးရမဲ့အခ်ိန္ကာလပါပဲ။ ခ်စ္သူမရေသးသူမ်ားခ်စ္သူသစ္ရလြယ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ သင့္ ေနပါတယ္။ ပညာေရးနဲ႔ပက္သက္ၿပီးေတာ့လဲ မိမိရဲ့သင္ယူႏုိင္စြမ္းေၾကာင့္ အဆင္ေျပပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 2/3/7

အထူးေဟာ စိတ္လက္ၾကည္သာမႈရွိပါလိမ့္မယ္။

ယၾတာ ေကာ္ဖီနဲ႔ကိတ္မုန္႔ဘုရားကပ္လွဴပါ။

အဂၤါ

ဒီကာလအတြင္းမိမိအတြက္ သတိေပးေစခ်င္တာကေဒါသမႀကီးလုိက္ပါနဲ႔။ ေဒါသေၾကာင့္ အမွားေတြကုိ ထပ္ခါထပ္ခါက်ဴးလြန္မိတတ္ပါတယ္။ ေဒါသျဖစ္လာၿပီဆို ခ်က္ခ်င္းမတုန္႔ျပန္လိုက္ပါနဲ႔။ အခ်ိန္ယူစဥ္းစားၿပီးမွပဲ လုပ္ကိုင္ေဆာင္ရြက္ပါ။ စြန္႔စားလုပ္ကိုင္ရမဲ့ကိစၥေတြကိုဒီကာလမလုပ္ပါနဲ႕။ သူေ႒းျဖစ္ ေခြးျဖစ္လုပ္ရမဲ့ကိစၥေတြကို လံုး၀မလုပ္လိုက္ပါနဲ႔။ အလုပ္ေတြနဲ႔ ပက္သက္ၿပီး တတ္နုိင္သမွ်ကိုယ္တုိင္လုပ္ပါ။ အေသးအမႊားကိစၥေလာက္ပဲ တစ္ပါးသူေတြကိုခိုင္းေစလိုက္ပါ။ ခရီးေတြမလုိအပ္ရင္မသြားလုိက္ပါနဲ႔။ ေငြကံကေတာ့ေကာင္းေနတတ္ပါတယ္။

အဘက္ဘက္ကေငြ၀င္စရာအေၾကာင္းတရားေတြေပၚလာတတ္ပါတယ္။ အေၾကြးေတြရစရာရွိရင္ ျပန္ေတာင္းခံလုိ႔ ေကာင္းတဲ့ေန႔ရက္ေတြလဲျဖစ္ပါတယ္။ မိတ္ေဆြအေပါင္းအသင္းေတြကို မိမိကကူညီရတာမ်ားမဲ့ကာလပါ။ သတိထားရမဲ့အခ်က္က အလ်င္လိုရင္အေႏွးျဖစ္တတ္ပါတယ္။ ႀကိဳတင္စီမံထားရင္လဲ လြဲတတ္ပါတယ္။ က်နး္မာေရး ကေတာ့ အညံ့နည္းပါတယ္။ အခ်စ္ေရးကံအလြန္ေကာင္းပါတယ္။ ခ်စ္သူဆီကအကူအညီေတြရရွိ တတ္ပါတယ္။ အိမ္ေထာင္ေရးသာယာေပ်ာ္ရႊင္ရပါလိမ့္မယ္။ ပညာေရးအနည္းငယ္ ညံ့့ေနတဲ့ကာလပါပဲ။

အက်ိဳးေပးဂဏန္း 1/4/8

အထူးေဟာ ကံအားနည္းေနမည္။

ယၾတာ ေဆးအလွဴေတြမ်ားမ်ားလုပ္ပါ။

#ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္း မိမိအတြက္ အဆင္ေျပေအာင္ျမင္မဲ့လမ္းစကိုရလာတတ္ပါတယ္။ လမ္းေၾကာင္းမွန္ေပၚ ေရာက္ရွိႏိုင္တဲ့ေန႔ရက္ပဲျဖစ္ပါတယ္။ ကို္ယ္ဒူးကိုယ္ခၽြန္ႀကိဳးစားသူမ်ား ပိုမိုအဆင္ေျပေအာင္ျမင္တတ္ပါတယ္။ မိမိ ပင္ပန္းရက်ိဳးနပ္မဲ့ကာလေတြပါပဲ။ ကိုယ္ပိုင္စီးပြားျဖစ္ေစ၊ လခစား၀န္ထမ္းျဖစ္ေစ အတိုက္အခိုက္ရန္သူေပါမ်ားေန တတ္တာကိုေတာ့ ေတြ႔ရပါတယ္။ ဒါေၾကာင့္ဒီကာလေတြမွာေတာ့ ေျခလွမ္းမမွားဖို႔လုိပါတယ္။ ကိုယ္ပိုင္စီးပြားမ်ား အလုပ္ေတြတိုးလာတတ္ပါတယ္။ ဒါေၾကာင့္ပဲ မိမိအေပၚလုပ္ငန္းတူေတြရဲ့တိုက္ခိုက္ျခင္းကိုလဲခံရတတ္ပါတယ္။

တစိမ္းလိင္မတူသူေတြနဲ႔ ဆင္ျခင္ေနထိုင္လုိက္ပါ။ စြပ္စြဲေျပာဆုိသမုတ္ျခင္းမ်ိဳးခံရတတ္လို႔ပါပဲ။ က်န္းမာေရးအည့ံ အေတာ္ေလးကင္းသြားပါလိမ့္မယ္။ ပါးစပ္ပ်က္ၿပီး စားေသာက္တာအရသာမေတြ႔သူမ်ား စား၀င္အိပ္ေပ်ာ္မဲ့အခ်ိန္ ကာလကိုေရာက္ေနပါၿပီ။အခ်စ္ေရးမွာေတာ့ အခ်စ္စစ္လား၊ဒါမွမဟုတ္တစ္ခုခုလိုလားလုိ႔ ခ်ဥ္းကပ္တာလားဆိုတာ ကိုခြဲျခားသိတတ္ဖို႔လိုပါတယ္။ အိမ္ေထာင္ေရးမွာေတာ့အဆင္ေျပတိုးတတ္ပါလိမ့္မယ္။ အိမ္ေထာင္ေရးသာယာ စိတ္ခ်မ္းသာရပါလိမ့္မယ္။ ပညာေရးမွာေတာ့ မိမိကိုယ္တိုင္ထိုးထြင္းဥာဏ္ရွိဖုိ႔လိုပါတယ္။

အက်ိဳးေပးဂဏန္း 2/5/8

အထူးေဟာ အတိုက္အခိုက္မ်ားမည္။

ယၾတာ ငွက္ေပ်ာသီးမွည့္ဘုရားကပ္လွဴပါ။

ၾကာသပေတး

ဒီကာလအတြင္း လိုအပ္တာေတြကို၀ယ္ယူျဖည့္ဆညး္ႏိုင္ပါလိမ့္မယ္။ စီးပြားေရးနဲ႔ပက္သက္ၿပီး မိမိရဲ့ဆန္း သစ္တဲ့အေတြးအေခၚေတြေၾကာင့္သူမ်ားထက္ႏွာတဖ်ားသာတဲ့အေျခအေနကိုေရာက္ရွိပါလိမ့္မယ္။ ေငြေတြလဲ မ်ားမ်ား၀င္လာမဲ့ကာလျဖစ္တာေၾကာင့္ စုေဆာင္းနိုင္ပါလိမ့္မယ္။ လိုအပ္ေနတဲ့အၾကံဥာဏ္ေတြကို ဆရာသမား ေတြဆီကရပါလိမ့္မယ္။ ထီ၀ါသနာပါသူမ်ားဒီကာလအတြင္းမွာထီကံစမ္းထားသင့္ပါတယ္။ အလုပ္ေတြကိုအားလံုး ေကာင္းေကာင္းကိုင္တြယ္အသံုးျပဳႏုိင္ပါတယ္။ စိတ္ထဲလိုခ်င္တာေတြကိုလဲ ရေအာင္စြမ္းေဆာင္ႏိုင္ပါလိမ့္မယ္။ ဘာသာေရးနဲ႔႔ပက္သက္တဲ့လက္ေဆာင္မ်ိဳးေတြရလာတတ္ပါတယ္။

သူငယ္ခ်င္းေတြန႔ဲ စီးပြားကိစၥ၊ပညာေရးကိစၥ၊ လူမႈေရးကိစၥေတြကိုတိုင္ပင္ေဆြးေႏြးလို႔အထူးေကာင္းပါတယ္။ေအာက္လက္ငယ္သားေတြကိုေနရာေပးတာ၊လုိအပ္တာမ်ားသင္ေပးပါ။ သူမ်ားကိုကူညီတာမိမိကိုကူညီရာ ေရာက္မဲ့ကာလေတြျဖစ္ပါလိမ့္မယ္။က်န္းမာေရးအညံ့ နည္းၿပီး ေဒါင္ေဒါင္ျမည္ျပန္ေကာင္းေနမဲ့ကာလပါပဲ။ အခ်စ္ေရးကိစၥေတြမွာေတာ့ လိုလားေတာင္းတေနတဲ့အခ်စ္ ေရးမ်ိဳးရရွိပါလိမ့္မယ္။ အိမ္ေထာင္ေရးမွာျပန္လည္ေႏြးေထြးမႈေတြရပါလိမ့္မယ္။ ပညာေရးကံအားေကာင္းပါတယ္။

အက်ိဳးေပးဂဏန္း 3/5/6

အထူးေဟာ အလုပ္ေတြတုိးတတ္ေအာင္စြမ္းေဆာင္ႏိုင္ပါလိမ့္မယ္။

ယၾတာ ဘဂ၀ါဂုဏ္္ေတာ္ကိုေန႔စဥ္သက္ေစ့ရြတ္ပြားပါ။

ေသာၾကာ

ဒီကာလအတြင္း အထိုင္မေနရတတ္၊ခရီးသြားလာစရာကိစၥတစ္မ်ိဳးမ်ိဳးေပၚလာတတ္ပါတယ္။ မိတ္ေဆြရင္း နွီးသူေတြရဲ့သာေရးနာေရးကိစၥေတြလဲ တတ္ႏုိင္သ၍ကူညီလုပ္ကိုင္ေပးေနရတတ္ပါတယ္။ ေစတနာနဲ႔ေျပာတဲ့ စကားျဖစ္ေပမဲ့ အသံနည္းနည္းမာသြားတာနဲ႔ မိမိကိုအထင္လြဲသြားတတ္ပါတယ္။ တတ္ႏုိင္သမွ် ဥေပကၡာနဲ႔ေန တာမ်ိဳးကမိမိအတြက္အေကာင္းဆံုးျဖစ္ပါလိမ့္မယ္။ အေပ်ာ္နဲ႔အခ်ိန္ကုန္တာ၊ ေဖ်ာ္ေျဖေရးေတြနဲ႔အခ်ိန္္ကုန္တာမ်ိဳး ေတြျဖစ္ရတတ္ပါတယ္။ မိမိလက္ထဲရွိတဲ့စက္ပစၥည္းေတြ ျခဴျခာလြယ္တဲ့ေန႔ရက္ေတြပါပဲ။ မိမိကဆိုင္ဖြင့္ထားသူဆို အနည္းငယ္အေရာင္းအ၀ယ္ေအးေနတတ္ပါတယ္။

သူတစ္ပါးထံကအၾကံဥာဏ္ယူတာမ်ိဳးက အေျခအေနပိုဆိုး သြားေစႏုိင္ပါတယ္။ မိမိနားမလည္၊မတတ္ကၽြမ္းတဲ့ကိစၥေတြအတြက္အခ်ိန္ကုန္လူပန္းအျဖစ္မခံလိုက္ပါနဲ႔။ လူငယ္ မ်ား အေပ်ာ္အပါးေနာက္လိုက္ရင္ အႏၱရာယ္မ်ားတတ္တဲ့ကာလထဲေရာက္ေနပါတယ္။ အခ်စ္ေရးကိစၥေတြမွာေတာ့ ခ်စ္သူနဲ႔ ေတြ႔ဆံုရခ်ိန္နည္းပါးပါလိမ့္မယ္။အိမ္ေထာင္ေရးသာယာမႈေတြ အဆင္ေျပမႈေတြႀကံဳရတတ္ပါတယ္။ ပညာ ေရးေတြမွာေတာ့ မိမိကိုယ္တုိင္က စိတ္နွစ္မရျဖစ္လြယ္ပါတယ္။

အက်ိဳးေပးဂဏန္း 4/6/7

အထူးေဟာ လူမႈေရးကိစၥေတြမ်ားေနတတ္ပါတယ္။

ယၾတာ ထန္းလ်က္ ၁၁လံုးကို စကၠဴနဲ႔ခင္းၿပီး ေခြးေကၽြးလုိက္ပါ။

စေန

ဒီကာလအတြင္းအလုပ္ခြင္ထဲမွာ ပါးနပ္ဖုိ႔လုိပါတယ္။ အားနာတတ္လို႔ကေတာ့အလုပ္ေတြပံုေနတတ္ပါ တယ္။ ကိုယ့္အလုပ္ကိုယ္လုပ္ပါ။ သူမ်ားခိုင္းလဲမိမိအလုပ္မၿပီးေသးဘဲမလုပ္လိုက္ပါနဲ႔။ အႏုစိပ္လုပ္ရတဲ့အလုပ္ ေတြအေပၚမွာစိတ္ႏွစ္ထားႏုိင္ဖုိ႔လုိပါတယ္။ ေခါင္းစားရတဲ့အလုပ္ေတြ၊ တာ၀န္ႀကီးတဲ့အလုပ္ေတြလုပ္ကို္င္ေနရ တာေၾကာင့္စိတ္ပန္းလူပန္းျဖစ္ရတတ္ပါတယ္။ ရင္းႏွီးျမဳပ္နွံမႈေတြေသခ်ာစစ္ေဆးၿပီးမွေဆာင္ရြက္ပါ။ အမႈအခင္းနဲ႔ ပက္သက္ေသာကိစၥရပ္မ်ားကို အာမခံေပးျခင္း၊သက္ေသလုိက္ေပးျခင္းမ်ား စဥ္းစားဆင္ျခင္ၿပီးမွေဆာင္ရြက္လုပ္ ကို္င္သင့္ပါတယ္။

ၾကာျမင့္ေနၿပီျဖစ္တဲ့ပစၥည္းအေဟာင္းအစုတ္ေတြရွိရင္ေရာင္းထုတ္လုိက္တာပိုေကာင္းပါတယ္။ လမ္းေဟာင္းမလိုက္ပဲလမ္းသစ္စဥ္စားပါ။ short cut သေဘာမ်ိဳး ျဖတ္လမ္းနဲ႔အဆင္ေျပႏုိ္င္မဲ့ ကိစၥမ်ိဳးကိုလုပ္ကိုင္ ေဆာင္ရြက္ေစခ်င္ပါတယ္။အခ်စ္ေရးကိစၥေတြမွာေတာ့ ခ်စ္သူက မိမိကိုေဖးမကူညီပါလိမ့္မယ္။ မိမိအေရးကိစၥေတြ ကိုတတ္ႏုိင္တဲ့ေငြအား၊လူအားနဲ႔ကူညီပါလိမ့္မယ္။ အိမ္ေထာင္ေရးကေတာ့တက်က္က်က္ျဖစ္လြယ္ပါတယ္။ လူမႈ ေရးကိစၥေတြမွာလဲ ရန္မ်ားေနႏုိင္တာကိုေတြ႔ရပါတယ္။ပညာေရးမွာအတြက္အခ်က္ပုိင္းအားနည္းေနမည္။

အက်ိဳးေပးဂဏန္း 1/5/7

အထူးေဟာ ေခါင္းရႈပ္စရာေလးေတြရွိေနတတ္ပါတယ္။

ယၾတာ အာပူလွ်ာပူတစ္ပြဲ ဘုရားကပ္လွဴလုိက္ပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလုိအင္ဆႏၵေတြျပည့္၀ပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695/ 09 44 5555 695

Unicode

11.7.2019 မှ 17.7.2019 အထိ တစ်ပတ်စာရရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်းအလုပ်တွေကိုကောင်းစွာ ဦးဆောင်လုပ်ကိုင်နိုင်ပါလိမ့်မယ်။အချိန်တိုအတွင်း မိမိလုပ်ချင် တာတွေပြီးဆုံးအောင်လုပ်သွားနိုင်ပါလိမ့်မယ်။ စိတ်ထဲရည်ရွယ်ထားသမျှ လက်တွေ့မှာအကောင်အထည်ဖော်သွား နိုင်မဲ့ကာလပါပဲ။ ရှေ့ထွက်ဆောင်ရွက်ခြင်းများ၊ လုပ်ငန်းခွင်အတွင်း ခေါင်းဆောင်စိတ်နဲ့ကြိုးစားခြင်းများကဒီကာ လမှာ လူကြီးတွေရဲ့မျက်စိကျခြင်းကိုရရှိပါလိမ့်မယ်။ ကိုယ်ပိုင်အလုပ်များအဆင်မပြေတာရှိရင်တော့ ဖခင်ဆီက အကြံဉာဏ်ယူတိုင်ပင်ကြည့်လိုက်ပါ။ အိမ်တွင်းရေးမိသားစုအရေးကိစ္စများ အဆင်ပြေစိတ်ချမ်းသာရပါလိမ်မယ်။ မိမိသွားလိုတဲ့ခရီးတွေသွားခွင့်ကြုံရတတ်ပါတယ်။

အလုပ်တွေနဲ့ပက်သက်ပြီး ထပ်ချဲ့မယ်ဆိုရင်လဲ ဒီကာလမှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါတယ်။ ငွေကြေးနဲ့ပက်သက်ပြီးခက်ခဲနေတာမျိုးရှိနေရင်လဲပြေလည်မှုတွေ ရသွားတတ်ပါတယ်။ ကျန်းမာရေးကတော့ အနည်းငယ်အားနည်းပေမဲ့ကုသလွယ်တဲ့ရောဂါပဲဖြစ်ပါလိမ့်မယ်။ အချစ်ရေးအတွက်စိတ်ချမ်းသာရပါလိမ့်မယ်။ ချစ်သူရဲ့အထင်ကြီးအားကိုးခြင်းကိုခံရပါလိမ့်မယ်။ အိမ်ထောင်ရေး မှာတော့အနည်းငယ်သဘောထားကွဲလွဲစရာတွေဖြစ်ရတတ်ပါတယ်။ ပညာရေးအလွန်ကောင်းနေမည်။

အကျိုးပေးဂဏန်း 1/6/9

အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။

ယတြာ အုန်းညွှန့် ၆ညွှန့်ဘုရားကပ်လှူပါ။

တနင်္လာ

ဒီကာလအတွင်းမိမိအတွက်ကောင်းသောအယူအဆစိတ်ကူးတွေ တွေးမိစိတ်ကူးမိနေတတ်ပါတယ်။ အကြံ ကောင်းတစ်ချက်ကြောင့်ပဲ အရမ်းအဆင်ပြေသွားကြသူတွေတွေ့ဖူးပါလိမ့်မယ်။ မိမိရတဲ့အကြံဉာဏ်တွေကိုကောင်း စွာအသုံးချတတ်ဖို့လိုအပ်ပါတယ်။ လူချစ်လူခင်များနေတတ်ပါတယ်။ မိမိကိုကူညီမဲ့သူတွေရှိနေတတ်ပါတယ်။ ငွေ ကြေးကိစ္စများ ပြောဆိုဆောင်ရွက်လို့ကောင်းပါတယ်။ တန်ဖိုးထားစရာလက်ဆောင်ပစ္စည်းများလဲ ရလာတတ်ပါ တယ်။ အလုပ်နဲ့ပက်သက်ပြီးတော့လဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့လက်တွဲညီညီလုပ်ကိုင်နိုင်ပါလိမ့်မယ်။

ကိုယ်ပိုင်စီး ပွားရေးများ ရင်းနှီးမြုပ်နှံချင်တယ်ဆိုရင်တော့ ဒီနေ့မှာအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ကားဝယ်ခြင်း၊ကားရောင်း ခြင်း၊အလဲအထပ်လုပ်ခြင်းများ ဒီကာလမှာလုပ်သင့်ပါတယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီးတော့လဲ အားရစရာ ကောင်းပါတယ်။ ကျန်းမာရေးညံ့နေသူတောင် နလန်ပြန်ထူလာမဲ့ကာလပါပဲ။ အချစ်ရေးအထူးကောင်းတယ်။ ချစ် ရသူနဲ့ ကြည်နူးရမဲ့အချိန်ကာလပါပဲ။ ချစ်သူမရသေးသူများချစ်သူသစ်ရလွယ်ပါတယ်။ အိမ်ထောင်ရေးကတော့ သင့် နေပါတယ်။ ပညာရေးနဲ့ပက်သက်ပြီးတော့လဲ မိမိရဲ့သင်ယူနိုင်စွမ်းကြောင့် အဆင်ပြေပါလိမ့်မယ်။

အကျိုးပေးဂဏန်း 2/3/7

အထူးဟော စိတ်လက်ကြည်သာမှုရှိပါလိမ့်မယ်။

ယတြာ ကော်ဖီနဲ့ကိတ်မုန့်ဘုရားကပ်လှူပါ။

အင်္ဂါ

ဒီကာလအတွင်းမိမိအတွက် သတိပေးစေချင်တာကဒေါသမကြီးလိုက်ပါနဲ့။ ဒေါသကြောင့် အမှားတွေကို ထပ်ခါထပ်ခါကျူးလွန်မိတတ်ပါတယ်။ ဒေါသဖြစ်လာပြီဆို ချက်ချင်းမတုန့်ပြန်လိုက်ပါနဲ့။ အချိန်ယူစဉ်းစားပြီးမှပဲ လုပ်ကိုင်ဆောင်ရွက်ပါ။ စွန့်စားလုပ်ကိုင်ရမဲ့ကိစ္စတွေကိုဒီကာလမလုပ်ပါနဲ့။ သူဋ္ဌေးဖြစ် ခွေးဖြစ်လုပ်ရမဲ့ကိစ္စတွေကို လုံးဝမလုပ်လိုက်ပါနဲ့။ အလုပ်တွေနဲ့ ပက်သက်ပြီး တတ်နိုင်သမျှကိုယ်တိုင်လုပ်ပါ။ အသေးအမွှားကိစ္စလောက်ပဲ တစ်ပါးသူတွေကိုခိုင်းစေလိုက်ပါ။ ခရီးတွေမလိုအပ်ရင်မသွားလိုက်ပါနဲ့။ ငွေကံကတော့ကောင်းနေတတ်ပါတယ်။

အဘက်ဘက်ကငွေဝင်စရာအကြောင်းတရားတွေပေါ်လာတတ်ပါတယ်။ အကြွေးတွေရစရာရှိရင် ပြန်တောင်းခံလို့ ကောင်းတဲ့နေ့ရက်တွေလဲဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေကို မိမိကကူညီရတာများမဲ့ကာလပါ။ သတိထားရမဲ့အချက်က အလျင်လိုရင်အနှေးဖြစ်တတ်ပါတယ်။ ကြိုတင်စီမံထားရင်လဲ လွဲတတ်ပါတယ်။ ကျနး်မာရေး ကတော့ အညံ့နည်းပါတယ်။ အချစ်ရေးကံအလွန်ကောင်းပါတယ်။ ချစ်သူဆီကအကူအညီတွေရရှိ တတ်ပါတယ်။ အိမ်ထောင်ရေးသာယာပျော်ရွှင်ရပါလိမ့်မယ်။ ပညာရေးအနည်းငယ် ညံ့့နေတဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း 1/4/8

အထူးဟော ကံအားနည်းနေမည်။

ယတြာ ဆေးအလှူတွေများများလုပ်ပါ။

#ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း မိမိအတွက် အဆင်ပြေအောင်မြင်မဲ့လမ်းစကိုရလာတတ်ပါတယ်။ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနိုင်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ကို်ယ်ဒူးကိုယ်ချွန်ကြိုးစားသူများ ပိုမိုအဆင်ပြေအောင်မြင်တတ်ပါတယ်။ မိမိ ပင်ပန်းရကျိုးနပ်မဲ့ကာလတွေပါပဲ။ ကိုယ်ပိုင်စီးပွားဖြစ်စေ၊ လခစားဝန်ထမ်းဖြစ်စေ အတိုက်အခိုက်ရန်သူပေါများနေ တတ်တာကိုတော့ တွေ့ရပါတယ်။ ဒါကြောင့်ဒီကာလတွေမှာတော့ ခြေလှမ်းမမှားဖို့လိုပါတယ်။ ကိုယ်ပိုင်စီးပွားများ အလုပ်တွေတိုးလာတတ်ပါတယ်။ ဒါကြောင့်ပဲ မိမိအပေါ်လုပ်ငန်းတူတွေရဲ့တိုက်ခိုက်ခြင်းကိုလဲခံရတတ်ပါတယ်။

တစိမ်းလိင်မတူသူတွေနဲ့ ဆင်ခြင်နေထိုင်လိုက်ပါ။ စွပ်စွဲပြောဆိုသမုတ်ခြင်းမျိုးခံရတတ်လို့ပါပဲ။ ကျန်းမာရေးအည့ံ အတော်လေးကင်းသွားပါလိမ့်မယ်။ ပါးစပ်ပျက်ပြီး စားသောက်တာအရသာမတွေ့သူများ စားဝင်အိပ်ပျော်မဲ့အချိန် ကာလကိုရောက်နေပါပြီ။အချစ်ရေးမှာတော့ အချစ်စစ်လား၊ဒါမှမဟုတ်တစ်ခုခုလိုလားလို့ ချဉ်းကပ်တာလားဆိုတာ ကိုခွဲခြားသိတတ်ဖို့လိုပါတယ်။ အိမ်ထောင်ရေးမှာတော့အဆင်ပြေတိုးတတ်ပါလိမ့်မယ်။ အိမ်ထောင်ရေးသာယာ စိတ်ချမ်းသာရပါလိမ့်မယ်။ ပညာရေးမှာတော့ မိမိကိုယ်တိုင်ထိုးထွင်းဉာဏ်ရှိဖို့လိုပါတယ်။

အကျိုးပေးဂဏန်း 2/5/8

အထူးဟော အတိုက်အခိုက်များမည်။

ယတြာ ငှက်ပျောသီးမှည့်ဘုရားကပ်လှူပါ။

ကြာသပတေး

ဒီကာလအတွင်း လိုအပ်တာတွေကိုဝယ်ယူဖြည့်ဆညး်နိုင်ပါလိမ့်မယ်။ စီးပွားရေးနဲ့ပက်သက်ပြီး မိမိရဲ့ဆန်း သစ်တဲ့အတွေးအခေါ်တွေကြောင့်သူများထက်နှာတဖျားသာတဲ့အခြေအနေကိုရောက်ရှိပါလိမ့်မယ်။ ငွေတွေလဲ များများဝင်လာမဲ့ကာလဖြစ်တာကြောင့် စုဆောင်းနိုင်ပါလိမ့်မယ်။ လိုအပ်နေတဲ့အကြံဉာဏ်တွေကို ဆရာသမား တွေဆီကရပါလိမ့်မယ်။ ထီဝါသနာပါသူများဒီကာလအတွင်းမှာထီကံစမ်းထားသင့်ပါတယ်။ အလုပ်တွေကိုအားလုံး ကောင်းကောင်းကိုင်တွယ်အသုံးပြုနိုင်ပါတယ်။ စိတ်ထဲလိုချင်တာတွေကိုလဲ ရအောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ဘာသာရေးနဲ့့ပက်သက်တဲ့လက်ဆောင်မျိုးတွေရလာတတ်ပါတယ်။

သူငယ်ချင်းတွေနဲ့ စီးပွားကိစ္စ၊ပညာရေးကိစ္စ၊ လူမှုရေးကိစ္စတွေကိုတိုင်ပင်ဆွေးနွေးလို့အထူးကောင်းပါတယ်။အောက်လက်ငယ်သားတွေကိုနေရာပေးတာ၊လိုအပ်တာများသင်ပေးပါ။ သူများကိုကူညီတာမိမိကိုကူညီရာ ရောက်မဲ့ကာလတွေဖြစ်ပါလိမ့်မယ်။ကျန်းမာရေးအညံ့ နည်းပြီး ဒေါင်ဒေါင်မြည်ပြန်ကောင်းနေမဲ့ကာလပါပဲ။ အချစ်ရေးကိစ္စတွေမှာတော့ လိုလားတောင်းတနေတဲ့အချစ် ရေးမျိုးရရှိပါလိမ့်မယ်။ အိမ်ထောင်ရေးမှာပြန်လည်နွေးထွေးမှုတွေရပါလိမ့်မယ်။ ပညာရေးကံအားကောင်းပါတယ်။

အကျိုးပေးဂဏန်း 3/5/6

အထူးဟော အလုပ်တွေတိုးတတ်အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။

ယတြာ ဘဂဝါဂုဏ််တော်ကိုနေ့စဉ်သက်စေ့ရွတ်ပွားပါ။

သောကြာ

ဒီကာလအတွင်း အထိုင်မနေရတတ်၊ခရီးသွားလာစရာကိစ္စတစ်မျိုးမျိုးပေါ်လာတတ်ပါတယ်။ မိတ်ဆွေရင်း နှီးသူတွေရဲ့သာရေးနာရေးကိစ္စတွေလဲ တတ်နိုင်သ၍ကူညီလုပ်ကိုင်ပေးနေရတတ်ပါတယ်။ စေတနာနဲ့ပြောတဲ့ စကားဖြစ်ပေမဲ့ အသံနည်းနည်းမာသွားတာနဲ့ မိမိကိုအထင်လွဲသွားတတ်ပါတယ်။ တတ်နိုင်သမျှ ဥပေက္ခာနဲ့နေ တာမျိုးကမိမိအတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အပျော်နဲ့အချိန်ကုန်တာ၊ ဖျော်ဖြေရေးတွေနဲ့အချိန််ကုန်တာမျိုး တွေဖြစ်ရတတ်ပါတယ်။ မိမိလက်ထဲရှိတဲ့စက်ပစ္စည်းတွေ ခြူခြာလွယ်တဲ့နေ့ရက်တွေပါပဲ။ မိမိကဆိုင်ဖွင့်ထားသူဆို အနည်းငယ်အရောင်းအဝယ်အေးနေတတ်ပါတယ်။

သူတစ်ပါးထံကအကြံဉာဏ်ယူတာမျိုးက အခြေအနေပိုဆိုး သွားစေနိုင်ပါတယ်။ မိမိနားမလည်၊မတတ်ကျွမ်းတဲ့ကိစ္စတွေအတွက်အချိန်ကုန်လူပန်းအဖြစ်မခံလိုက်ပါနဲ့။ လူငယ် များ အပျော်အပါးနောက်လိုက်ရင် အန္တရာယ်များတတ်တဲ့ကာလထဲရောက်နေပါတယ်။ အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူနဲ့ တွေ့ဆုံရချိန်နည်းပါးပါလိမ့်မယ်။အိမ်ထောင်ရေးသာယာမှုတွေ အဆင်ပြေမှုတွေကြုံရတတ်ပါတယ်။ ပညာ ရေးတွေမှာတော့ မိမိကိုယ်တိုင်က စိတ်နှစ်မရဖြစ်လွယ်ပါတယ်။

အကျိုးပေးဂဏန်း 4/6/7

အထူးဟော လူမှုရေးကိစ္စတွေများနေတတ်ပါတယ်။

ယတြာ ထန်းလျက် ၁၁လုံးကို စက္ကူနဲ့ခင်းပြီး ခွေးကျွေးလိုက်ပါ။

စနေ

ဒီကာလအတွင်းအလုပ်ခွင်ထဲမှာ ပါးနပ်ဖို့လိုပါတယ်။ အားနာတတ်လို့ကတော့အလုပ်တွေပုံနေတတ်ပါ တယ်။ ကိုယ့်အလုပ်ကိုယ်လုပ်ပါ။ သူများခိုင်းလဲမိမိအလုပ်မပြီးသေးဘဲမလုပ်လိုက်ပါနဲ့။ အနုစိပ်လုပ်ရတဲ့အလုပ် တွေအပေါ်မှာစိတ်နှစ်ထားနိုင်ဖို့လိုပါတယ်။ ခေါင်းစားရတဲ့အလုပ်တွေ၊ တာဝန်ကြီးတဲ့အလုပ်တွေလုပ်ကို်င်နေရ တာကြောင့်စိတ်ပန်းလူပန်းဖြစ်ရတတ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေသေချာစစ်ဆေးပြီးမှဆောင်ရွက်ပါ။ အမှုအခင်းနဲ့ ပက်သက်သောကိစ္စရပ်များကို အာမခံပေးခြင်း၊သက်သေလိုက်ပေးခြင်းများ စဉ်းစားဆင်ခြင်ပြီးမှဆောင်ရွက်လုပ် ကို်င်သင့်ပါတယ်။

ကြာမြင့်နေပြီဖြစ်တဲ့ပစ္စည်းအဟောင်းအစုတ်တွေရှိရင်ရောင်းထုတ်လိုက်တာပိုကောင်းပါတယ်။ လမ်းဟောင်းမလိုက်ပဲလမ်းသစ်စဉ်စားပါ။ short cut သဘောမျိုး ဖြတ်လမ်းနဲ့အဆင်ပြေနို်င်မဲ့ ကိစ္စမျိုးကိုလုပ်ကိုင် ဆောင်ရွက်စေချင်ပါတယ်။အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူက မိမိကိုဖေးမကူညီပါလိမ့်မယ်။ မိမိအရေးကိစ္စတွေ ကိုတတ်နိုင်တဲ့ငွေအား၊လူအားနဲ့ကူညီပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့တကျက်ကျက်ဖြစ်လွယ်ပါတယ်။ လူမှု ရေးကိစ္စတွေမှာလဲ ရန်များနေနိုင်တာကိုတွေ့ရပါတယ်။ပညာရေးမှာအတွက်အချက်ပိုင်းအားနည်းနေမည်။

အကျိုးပေးဂဏန်း 1/5/7

အထူးဟော ခေါင်းရှုပ်စရာလေးတွေရှိနေတတ်ပါတယ်။

ယတြာ အာပူလျှာပူတစ်ပွဲ ဘုရားကပ်လှူလိုက်ပါ။

ရရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695/ 09 44 5555 695