ထီအေၾကြးေရာင္းေပးတဲ႔ထီသည္ၾကီးကို ကားအသစ္တစ္စီးျပန္၀ယ္ေပးလိုက္တဲ႔ သိန္း ၁၅၀၀၀ ကံထူးရွင္ အဘြား

0
64

ထီအေၾကြးေရာင္းေပးတဲ႔ထီသည္ၾကီးကို ကားအသစ္တစ္စီးျပန္၀ယ္ေပးလိုက္တဲ႔ သိန္း ၁၅၀၀၀ ကံထူးရွင္ အဘြား

11.7.2019တဦး​ေမတၱာနဲ႔တဦး​ေစတနာပါပဲသိန္း(၁၅၀၀၀)ကံထူးရွင္ အဖြားေဒၚခင္တင့္မွ ေရႊထီး ထီအေရာင္းကိုယ္စားလွယ္ဦးေစာဝင္းအား ကားတစီးလႊဲေျပာင္း ေပးအပ္ခဲ့ပါတယ္​။

အဖြားက ေဒၚခင္တင့္၊ အသက္(၈၀)ပါ။ သားသမီး (၅)ေယာက္ရွိၿပီး တစ္ေယာက္ဆံုးသြားၿပီ ျဖစ္လို႕ လက္ရွိ သားသမီး(၄)ေယာက္ရွိတယ္ ေျပာပါတယ္။

“ မ်က္စိေရွ႕မွာ ေငြေတြ အပံုလိုက္ေရာက္ေနတာ “ အိပ္မက္ မက္လို႕ ထီထိုးခဲ့တာပါတဲ့။

ဂဏန္းကိုေတာ့ မေရြးခ်ယ္ခဲ့ဘဲ ထီေရာင္းတဲ့သူေပးတဲ့ ထီလက္မွတ္ကိုပဲ ယူခဲ့ၿပီး ေပါက္ခဲ့တာကေတာ့ အဖြားရဲ႕ကံပါပဲကြယ္။

အဖြားအလွဴလုပ္မယ္ ေပ်ာ္တာေပါ့ေနာ္တဲ့ ။ ရပ္ကြက္အုပ္ခ်ဳပ္ ေရးမွဴးက အဖြားထီေပါက္တယ္ဆိုတာသိရကတည္းက ထီလက္မွတ္ကို ထိန္းသိမ္းေပးၿပီး လံုျခံဳေရး အတြက္ ရန္ကုန္ကိုလိုက္ပို႕ခဲ့တာလို႕ေျပာခဲ့ပါတယ္။ မူရင္း credit

Unicode

အကြွေးနဲ့ထီရောင်းပေးတဲ့ထီသည်ကြီးကို ကားအသစ်တစ်စီးပြန်ဝယ်ပေးလိုက်တဲ့ အဘွားဒေါ်ခင်တင့်

11.7.2019တဦးမေတ္တာနဲ့တဦးစေတနာပါပဲသိန်း(၁၅၀၀၀)ကံထူးရှင် အဖွားဒေါ်ခင်တင့်မှ ရွှေထီး ထီအရောင်းကိုယ်စားလှယ်ဦးစောဝင်းအား ကားတစီးလွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

အဖွားက ဒေါ်ခင်တင့်၊ အသက်(၈၀)ပါ။ သားသမီး (၅)ယောက်ရှိပြီး တစ်ယောက်ဆုံးသွားပြီ ဖြစ်လို့ လက်ရှိ သားသမီး(၄)ယောက်ရှိတယ် ပြောပါတယ်။

“ မျက်စိရှေ့မှာ ငွေတွေ အပုံလိုက်ရောက်နေတာ “ အိပ်မက် မက်လို့ ထီထိုးခဲ့တာပါတဲ့။

ဂဏန်းကိုတော့ မရွေးချယ်ခဲ့ဘဲ ထီရောင်းတဲ့သူပေးတဲ့ ထီလက်မှတ်ကိုပဲ ယူခဲ့ပြီး ပေါက်ခဲ့တာကတော့ အဖွားရဲ့ကံပါပဲကွယ်။

အဖွားအလှူလုပ်မယ် ပျော်တာပေါ့နော်တဲ့ ။ ရပ်ကွက်အုပ်ချုပ် ရေးမှူးက အဖွားထီပေါက်တယ်ဆိုတာသိရကတည်းက ထီလက်မှတ်ကို ထိန်းသိမ်းပေးပြီး လုံခြုံရေး အတွက် ရန်ကုန်ကိုလိုက်ပို့ခဲ့တာလို့ပြောခဲ့ပါတယ်။ မူရင္း credit