ေလာကပါလတရားေတြ ရွိေနတုန္းဆိုတာ CCTV နဲ႔လည္း သက္ေသျပလို႔ရၿပီ

0
68

ေလာကပါလတရားေတြ ရွိေနတုန္းဆိုတာ CCTV နဲ႔လည္း သက္ေသျပလို႔ရၿပီ

CCTVဆိုလို႔ ဒီေန႔ႀကဳံရတာေလး ေဖာက္သည္ခ်ရ ဦးမယ္။

ဒီလိုဗ်ာ့… လင္မယားႏွစ္ေယာက္ ေခြ်းသံရႊဲရႊဲနဲ႔ က်ေနာ့္ရုံးခန္းထဲ ဝင္လာၾကတယ္။ အေမာတေကာ ေျပာေနၾကတာလည္း စုံလို႔။ နားကို မလည္ႏိုင္ဘူး။ ပိုက္ဆံ ေပ်ာက္သြားတာလည္းပါရဲ႕။ ေခတၱနားခိုင္းၿပီး ျဖည္းျဖည္းခ်င္းေမးေတာ့မွ ဇာတ္စုံ သိရေတာ့တာကိုး။

သူတို႔က ေသြးေရာဂါသည္ ကေလးအတြက္ ျပန္လာျပတာပါ။ ဓာတ္ခြဲခန္း ဆီးနမူနာေပးဖို႔ ကေလးနဲ႔အတူ အိမ္သာထဲဝင္အၿပီးမွာ ပိုက္ဆံထည့္ထားတဲ့အိတ္ အိမ္သာခန္းထဲမွာ က်န္ရစ္ခဲ့ပါေလေရာ။ သုံးမိနစ္အတြင္း ျပန္ေျပးလာရွာေတာ့ မရွိေတာ့ဘူး။ အဲဒါ ေဆးရုံအုပ္ႀကီး ျပန္ရွာေပးပါေပါ့။

ေတာသူေတာင္သားေတြဆိုေတာ့ ရိုးရိုိးႀကီးေတြ ေျပာၾကတာေလ။ ေပ်ာက္သြားတဲ့ ေငြကလည္း က်ပ္ ၁၂-သိန္းေတာင္။ CCTVကို လက္ညိွဳးထိုးျပေနၾကတာေလ။

ပိုက္ဆံအိတ္ေမ့က်န္ခဲ့သည့္ မိဘမ်ား

သေဘာေပါက္ၿပီ ကဲ…..ဒီမွာထိုင္ၾကဆိုၿပီး CCTV play backရေတာ့တာေပါ့။ သုံးမိနစ္အတြင္းမွာ ကေလးနဲ႔ အေမတစ္တြဲရယ္ အမ်ဳိးသမီးတစ္ေယာက္ရယ္ပဲ အိမ္သာခန္းထဲ ထပ္ဝင္တာေတြရတယ္။ တစ္ဦးတည္းဝင္တဲ့ အမ်ဳိးသမီးက အဲဒီ ပိုက္ဆံအိတ္ကို ကိုင္ၿပီး ျပန္ထြက္သြားတာကို ေတြ႔လိုက္ရေတာ့ ေပ်ာ္သြားၿပီ။

စေတြ႔ၿပီေပါ့ေလ။ ကင္မရာသုံးလုံးနဲ႔ အဆင့္ဆင့္လိုက္ၾကည့္ေတာ့ လူနာေစာင့္တည္းခိုေဆာင္ ေရွ႕မွာ ငုတ္တုတ္ကေလး ထိုင္ေနေလရဲ႕။

ပိုက္ဆံအိတ္ ေကာက္ရသြားသူ

အဲဒီညီမေလးကို ရုံးခန္းထဲ ဖိတ္ေခၚၿပီး ပိုက္ဆံအိတ္ကိစၥ ေျပာလည္းေျပာေရာသမီးက ေငြရွင္ကိုသနားေနတာ။ ဘာလုပ္ရမယ္မွန္းလည္း မသိလို႔ ထိုင္ၿပီး ေငြေပ်ာက္ႏိုင္သူကို အကဲခတ္ ေစာင့္ၾကည့္ ေနတာတဲ့ေလ။

ေငြေကာက္ရတဲ့ သူမကလည္း ရြာဖက္ကပါပဲ။ သူမရဲ႕ကေလးက အႀကိတ္ကင္ဆာနဲ႔ ေဆးရုံတက္ဆဲေပါ့။ ဝမ္းသာအားရ ျပန္ေပးပါတယ္။ စိတ္ခ်မ္းသာလိုက္တာေလ။ ေငြရွင္ လင္မယားချမာ ထ က မတတ္ပါပဲ။

သူတို႔ ကလည္း ေက်းဇူးတင္လို႔ မုန္႔ဖိုးေတြ ျပန္ေပးေပါ့။ ေျပာျပခ်င္တာက CCTV ဆိုတိုင္း အနိ႒ာရုံခ်ည္းပဲ မဟုတ္ပါဘူးလို႔။

ေလာကပါလတရားေတြ ရွိေနတုန္းဆိုတာ CCTVနဲ႔လည္း သက္ေသျပလို႔ ရႏိုင္ပါေသးတယ္လို႔။

Credit – Thet Aung

Unicode

လောကပါလတရားတွေ ရှိနေတုန်းဆိုတာ CCTV နဲ့လည်း သက်သေပြလို့ရပြီ

CCTVဆိုလို့ ဒီနေ့ကြုံရတာလေး ဖောက်သည်ချရ ဦးမယ်။

ဒီလိုဗျာ့… လင်မယားနှစ်ယောက် ချွေးသံရွှဲရွှဲနဲ့ ကျနော့်ရုံးခန်းထဲ ဝင်လာကြတယ်။ အမောတကော ပြောနေကြတာလည်း စုံလို့။ နားကို မလည်နိုင်ဘူး။ ပိုက်ဆံ ပျောက်သွားတာလည်းပါရဲ့။ ခေတ္တနားခိုင်းပြီး ဖြည်းဖြည်းချင်းမေးတော့မှ ဇာတ်စုံ သိရတော့တာကိုး။

သူတို့က သွေးရောဂါသည် ကလေးအတွက် ပြန်လာပြတာပါ။ ဓာတ်ခွဲခန်း ဆီးနမူနာပေးဖို့ ကလေးနဲ့အတူ အိမ်သာထဲဝင်အပြီးမှာ ပိုက်ဆံထည့်ထားတဲ့အိတ် အိမ်သာခန်းထဲမှာ ကျန်ရစ်ခဲ့ပါလေရော။ သုံးမိနစ်အတွင်း ပြန်ပြေးလာရှာတော့ မရှိတော့ဘူး။ အဲဒါ ဆေးရုံအုပ်ကြီး ပြန်ရှာပေးပါပေါ့။

တောသူတောင်သားတွေဆိုတော့ ရိုးရိိုးကြီးတွေ ပြောကြတာလေ။ ပျောက်သွားတဲ့ ငွေကလည်း ကျပ် ၁၂-သိန်းတောင်။ CCTVကို လက်ညှိုးထိုးပြနေကြတာလေ။

ပိုက်ဆံအိတ်မေ့ကျန်ခဲ့သည့် မိဘများ

သဘောပေါက်ပြီ ကဲ…..ဒီမှာထိုင်ကြဆိုပြီး CCTV play backရတော့တာပေါ့။ သုံးမိနစ်အတွင်းမှာ ကလေးနဲ့ အမေတစ်တွဲရယ် အမျိုးသမီးတစ်ယောက်ရယ်ပဲ အိမ်သာခန်းထဲ ထပ်ဝင်တာတွေရတယ်။ တစ်ဦးတည်းဝင်တဲ့ အမျိုးသမီးက အဲဒီ ပိုက်ဆံအိတ်ကို ကိုင်ပြီး ပြန်ထွက်သွားတာကို တွေ့လိုက်ရတော့ ပျော်သွားပြီ။

စတွေ့ပြီပေါ့လေ။ ကင်မရာသုံးလုံးနဲ့ အဆင့်ဆင့်လိုက်ကြည့်တော့ လူနာစောင့်တည်းခိုဆောင် ရှေ့မှာ ငုတ်တုတ်ကလေး ထိုင်နေလေရဲ့။

ပိုက်ဆံအိတ် ကောက်ရသွားသူ

အဲဒီညီမလေးကို ရုံးခန်းထဲ ဖိတ်ခေါ်ပြီး ပိုက်ဆံအိတ်ကိစ္စ ပြောလည်းပြောရောသမီးက ငွေရှင်ကိုသနားနေတာ။ ဘာလုပ်ရမယ်မှန်းလည်း မသိလို့ ထိုင်ပြီး ငွေပျောက်နိုင်သူကို အကဲခတ် စောင့်ကြည့် နေတာတဲ့လေ။

ငွေကောက်ရတဲ့ သူမကလည်း ရွာဖက်ကပါပဲ။ သူမရဲ့ကလေးက အကြိတ်ကင်ဆာနဲ့ ဆေးရုံတက်ဆဲပေါ့။ ဝမ်းသာအားရ ပြန်ပေးပါတယ်။ စိတ်ချမ်းသာလိုက်တာလေ။ ငွေရှင် လင်မယားခမြာ ထ က မတတ်ပါပဲ။

သူတို့ ကလည်း ကျေးဇူးတင်လို့ မုန့်ဖိုးတွေ ပြန်ပေးပေါ့။ ပြောပြချင်တာက CCTV ဆိုတိုင်း အနိဋ္ဌာရုံချည်းပဲ မဟုတ်ပါဘူးလို့။

လောကပါလတရားတွေ ရှိနေတုန်းဆိုတာ CCTVနဲ့လည်း သက်သေပြလို့ ရနိုင်ပါသေးတယ်လို့။

Credit – Thet Aung